ထယ်ယောင်းတျောက် နေ့လည်3နာရီလောက်က ထမင်းစားပီးတော့ မောင်ကသူချော့သိပ်မယ်
ပြောလို့ သူရင်ခွင်ထဲဝင်အိပ်တာ
အခု အိပ်ယာနိုးတော့
ဘေးမာမောင်လဲ မရှိဘူးထယ်ယောင်းလဲ ရေချိုးခန်းထဲရှာတော့
မရှိတာနဲ့ အောက်မာရှိမာပဲဆိုပီး ရေကြာကြာလေးဝင်စိမ်လိုက်တယ်
မောင်ရှိရင် ဘေးကနေထိုင်စောင့်နေလို့
အကြာကြီးချိုးမရပေ သူမရှိတုန်း
စိမ်ရတာမို့ ကြာကြာလေးသာ စိမ်လိုက်သည်သူရေချိုးပီးတက်လာတော့ ဘီရိုပေါ်မာ
အင်္ကျီထုတ်လျက်လေးမို့ ဝတ်လိုက်တယ် သူရေစိမ်တာ
တော်တော်ကြာသွားသည်ထင်ပ့ အချိန်တောင်6နာရီခွဲသွားပီး သူရေစိမ်တာ 1နာရီကြာသွားတယ်
ထယ်ယောင်းလဲ စဉ်းစားတာရပ်ပီး
သူဖုန်းလေးကိုင်ပီး အောက်ဆင်းလာလိုက်တယ်သူအခန်းပြင်ရောက်တာနဲ့ တအိမ်လုံး
မှောင်မည်းနေလို့ ဘာများဖစ်တာလဲ
ဆိုပီး အခန်းထဲပြန်ကြည့်တော့ အခန်းတခန်းပဲ လင်းပီးအောက်တောင်
ဘာမှမမြင်ရတော့ဘူးထယ်ယောင်းလဲ ကြောက်ကြောက်လန့်လန့်နဲ့ ဖုန်းမီးလေးဖွင့်ပီး ဖြေးဖြေးချင်း
အောက်ထပ်ကို ဆင်းလာလိုက်တယ်"မောင်! ဘယ်မာလဲ ဟင့် မောင်လို့
ငါကြောက်လာပီးနော် Mina
ညီမလေး မေမေ ဟင့် အကုန်လုံး
ဘယ်ရောက်နေတာလဲ မောင်ရေ..."ထယ်ယောင်းအော်သာခေါ်နေတာ
တျောက်ဆီမှ အသံထွက်မလားလို့ ကြောက်စိတ်ကပိုပီး စိုးမိုးလာတော့သည် ထယ်ယောင်း
ကြောက်စိတ်ကြောင့် ကျလာတဲ့ မျက်ရည်တေကိုသုတ်ရင် နောက်ဆုံး
လှေကားတထစ်အလိုကိုဆင်းတာ ခြေချော်ကျလို့ မျက်လုံးစုံမိတ်ကာ
အော်လိုက်တော့သည်"အားးးးးး မောင်!!!"
ထယ်ယောင်းစိတ်ထင် ပြုတ်ကျကာ
ဗိုက်ထဲက ကလေးလဲ ပြတ်ကျပီး
ထင်တာ ဒါပေမဲ့ သူအထင်နဲ့ လက်တွေ့က တခြားစီဖစ်နေရော
တယောက်ယောက်က သူကိုထိန်းလိုက်တာပင်"ဘယ်သူလဲ မောင်လား ဟင့် မောင်လား"
သူပြောတုန်းရှိသေး မီးတေအကုန်ပွင့်လာတော့ ထင်တဲ့အတိုင်း ထိန်းတဲ့သူက မောင်ဖစ်နေတယ်