Final 🌈

529 31 2
                                    

ပင်လယ်လှိုင်းရိုက်ခတ်သံနှင့် ဇင်ယော်အော်သံများ ညံညံဝေနေသော မနက်ခင်းကို နူးညံ့သည့်အိပ်ရာထက် အိပ်မောကျနေသော စုံတွဲက မကြားနိုင်သလို လှုပ်ရှားမှုပင် အလျဉ်းမရှိချေ။

သန်မာလှသည့် လက်တစုံကြား အပြစ်ကင်းစွာ အိပ်ပျော်နေသော ချစ်ရသူကို ကြည့်ပြီး ဂျုံဆောင်း ပြုံးမိသည်။ မျက်နှာအစိတ်အပိုင်း တခုချင်း လိုက်ကြည့်ပြီး ဒီလူသားကို ပိုင်ဆိုင်ခဲ့ရပြီ ဆိုသော အသိက တွေးရင်းနဲ့ပင် ကြည်နူးစေသည်။

အင်းအဲဖြင့် လူးလွန့်လာသော ဂျောင်ဝန်းတယောက် ‌သူ့ကို မေးထောက်၍ ကြည့်နေသော သူကို တွေ့၍ မျက်လုံးအနည်းငယ် ဝိုင်းသွားသည်။

" ကိုကို နိုးနေပြီလား "

ဂျုံဆောင်းပြုံးပြီး ခေါင်းငြိမ့်ပြလိုက်သည်။

" ဗိုက်ဆာပြီလား ဝန်းလေး ။ ညကပင်ပန်းထားတယ်ဆိုတော့ "

ညက ရင်ဖိုစရာအဖြစ်အပျက်တွေ ပြန်တွေးမိတော့ ဂျောင်ဝန်း မျက်နှာလေး နီရဲကာ စောင်ထဲလုံးထွေးသွားတော့သည်။

ဂျုံဆောင်းမှာတော့ ထိုစောင်ထုပ်လေးကို ချီကာ ရေချိုးခန်းထဲအရောက်ပို့ပေးရသည်။ စောင်ပုံကြားထဲမှ ကြောင်ပေါက်ကလေးကို လိုက်ရှာရင်း ခေါင်းလေးထွက်လာတော့

" ဝန်းလေး ဒီမှာ ဘယ်နှရက်နေချင်လဲ "

ဂျောင်ဝန်း မျက်နှာလေးကို ရေစက်လက်လေးနဲ့ သစ်ပေးရင်း မေးလိုက်သည်။

" အွန် သုံးလေးရက်လောက်ပဲ နေမယ်လေ ။ ဂျယ်ယွန်း hyung တို့ကလည်း လက်ထပ်ဖို့နီးပြီ ဆိုတော့ ဝိုင်းကူညီပေးချင်လို့ "

" ဟုတ်ပါပြီ ဝန်းလေးသဘော "

ပုဝါလေးနဲ့ မျက်နှာကို ဖွဖွသုတ်ပေးရင်း ဂျောင်ဝန်းကို ရေချိုးစေရန် ဂျုံဆောင်း ထွက်လာခဲ့သည်။

ဝရန်တာတွင် ပင်လယ်ပြာရဲ့ မငြီးနိုင်သော ရှုခင်းကို ကြည့်ရင်း ဂျုံဆောင်း ငေးနေမိသည်။ အနောက်မှ အေးစက်သော လက်တစုံ ခါးထက်သို့ ရောက်လာခြင်းကို ခံစားလိုက်ရတော့ ချက်ချင်းနောက်လှည့်ကြည့်မိသည်။

𝐃𝐢𝐯𝐞 𝐈𝐧𝐭𝐨 𝐘𝐨𝐮Where stories live. Discover now