"ပတ်ဆောင်းဟွန်း ထတော့လေကွာ..."
လေညှင်းလေးနဲ့တူတဲ့အသံနှုန်းတစ်ခု
ကျွန်တော့်နားဖျားထက်သို့
ရောက်ရှိလာသောကြောင့်
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ
ကျွန်တော်နိုး၍လာခဲ့သည်။မျက်လုံးစစဖွင့်လိုက်သည့်အချိန်
နေရောင်ခြည်ရဲ့အလင်းရောင်ကြောင့်
ကျွန်တော့်မျက်လုံး အနည်းအငယ်
စူးသွားသလို ခံစားမိသွားသည်။စူးသလိုဖြစ်သွားတဲ့ မျက်လုံးကို ကျွန်တော်
ပွတ်ပြီး ပြန်ဖွင့်ကြည့်မိလိုက်တော့
ကျွန်တော့်ကိုပြုံးပြီးကြည့်နေတဲ့
ကောင်လေးတစ်ယောက်...ရှပ်အဖြူကိုမှအစင်းလေးပါပြီး
နို့နှစ်ရောင် ဘောင်းဘီနဲ့ အပေါ်ထပ်ကုတ်တို့ကို ဝတ်ဆင်ထားတဲ့ ကောင်လေးတစ်ယောက်ပေါ့။
ကျွန်တော့်ကိုကြည့်ပြီး ပြုံးနေတဲ့
သူ့အပြုံးကိုမြင်လိုက်ရတော့လေ
စိတ်ရောခန္ဓာပါ နွေးထွေးသွားသလို
ခံစားရတာဗျာ...ညို့ယူနိုင်တဲ့ မျက်လုံးနဲ့မျက်ခုံး
နှာတံလှလှချွန်ချွန်။မထူမပါးလေးပေမယ့်
သေချာစိုက်ကြည့်လေ လှလေဖြစ်နေတဲ့
သူ့နှုတ်ခမ်း။လည်ပင်းနားမှာလည်း
မွေးရာပါ အမှတ်လေးက ထင်းနေပါ့။ဒီလိုနဲ့သူ့ကို ကြည့်လို့တောင်မဝသေးခင်
သူကျွန်တော့်နားရောက်လာပြီး
ကျွန်တော့်လက်ကိုဆွဲ၊ထမင်းစားဝိုင်းမှာ
ထိုင်ခိုင်းစေတယ်။ဟင်းတွေကလည်း
ကျွန်တော့်အကြိုက်စုံစိနေရော။ထို့နောက် ကျွန်တော် အသံတစ်ခုကို
စကြားမိလိုက်တော့သည်။"ကို့ချစ်သူလေး ကောင်းကောင်းစားနော်"
အို...ချစ်သူလေး?ဘာမှန်းမသိပေမယ့်
နားထောင်လို့တော့ ကောင်းသား...
ဒီလိုနဲ့ ကျွန်တော်ဟင်းတစ်ချို့ကိုစားလိုက်ပြီး
ထမင်းစားဝိုင်းမှထကာ အလုပ်သွားဖို့
ပြင်တော့မယ်ပြောတော့။