History

83 1 0
                                    

ဤအဖြစ်အပျက်မှာ အင်မတန်ဆိုးရွားသည့် သက္ကရာဇ်တစ်ခုတွင်ဖြစ်သည်။

18 ရာစုနှောင်းပိုင်းမှာ လူငယ်ဟစ်တလာတယောက် စောလျှင်စွာစစ်အာဏာရရှိပြီး ကမ္ဘာကြီးအား ရက်စက်စွာ စနစ်တကျဖျက်စီးခဲ့သည်။

နာဇီလက်အောက်ကို သပ်လျိုလာသော သိပ္ပံပညာရှင်တို့၏ ရွှေဉာဏ်တော်စူးရောက်မှုကြောင့် လူသားများအိမ်မက်ပင်မမက်ဖူးသော ဇီဝပြောင်းလက်နက်ကိုစောလျှင်စွာ အသုံးပြုနိုင်ခဲ့ကြသည်။

အကျိုးရလာဒ်အနေနှင့် အဆိုပါလက်နှက်ကို ဒုံးကြည်ဖူး ဟုခေါ်သော အဝေးပစ်အရာတခုအတွင်း ကမ္ဘာပေါ်ရှိ နေရာအနှံ့ကို ပစ်လွှတ်ခဲ့သောကြောင့်ကမ္ဘာအနှံ့ လူသား‌ဗီဇပြောင်းသတ္တဝါဆန်းများပေါ်ပေါက်လာခဲ့ပြီး ထိုသူတို့အဖို့ ဒဏ္ဏရီလာသတ္တဝါများမှာ အိပ်ယာဝင်ပုံပြင်အဆင့်မဟု...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


အကျိုးရလာဒ်အနေနှင့် အဆိုပါလက်နှက်ကို ဒုံးကြည်ဖူး ဟုခေါ်သော အဝေးပစ်အရာတခုအတွင်း ကမ္ဘာပေါ်ရှိ နေရာအနှံ့ကို ပစ်လွှတ်ခဲ့သောကြောင့်
ကမ္ဘာအနှံ့ လူသား‌ဗီဇပြောင်းသတ္တဝါဆန်းများပေါ်ပေါက်လာခဲ့ပြီး ထိုသူတို့အဖို့ ဒဏ္ဏရီလာသတ္တဝါများမှာ အိပ်ယာဝင်ပုံပြင်အဆင့်မဟုတ်ပဲ မျက်မြင်ကိုယ်တွေ့ လူသားမျိုးနွယ်ကိုဖျက်စီး နေကြသည်ကို တွေ့ခဲ့ကြရသည်။

အဆိုပါ သတ္တဝါများကို ဒုန်းများဟုသာ ခေါ်တွင်ကြပြီး ကုန်းမြေအနှံ့သည် လူသားတို့ အဖို့ ကန့်သတ်နယ်မြေအဖြစ်တည်ရှိနေသည်။ ကမ်းစပ် ကမ်းခြေမြို့များကိုသာ လူသားနယ်မြေအဖြစ်ရပ်တည်နိုင်ခဲ့ကြသည်။ ကန့်သတ်‌နယ်မြေခြေဆန့်ခဲ့သူမှန်သမျှ ဓာတ်ရောင်ခြည်သင့်ကာ ဒုန်းမဖြစ်ခဲ့လျှင်ပင် ဒုန်းများ၏ တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးရသည်။

အဖြစ်ဆိုးမှ နှစ်ပေါင်း ၁၀၀ ကျော်အကြာမှာတော့ လူသားများဟာ ကမ်းခြေမြို့သေးပေါင်းများစွာ ထူထောင်နိုင်ခဲ့ပြီး ယဉ်ကျေးမှုအသစ် လူနေမှုအသစ် တရပ် စသည်ဖြင့် အခြေကျနေပြီဖြစ်သည်။

လက်ရှိအချိန်ထိလူထုမှသိရသော အချက်အလက်မှာ ဒုန်းများကို သတ်၍မရနိုင်။ ဒွိဟဖြစ်နေသော အချက်မှာ ပင်လယ်နှင့်နီးသောမြို့များသာ အဘယ်ကြောင့် ဒုန်းရန်မှ လွတ်ခဲ့သလဲ ဆိုတာပါပဲ။

ဇီဝပြောင်းလက်နက် ( DPS ) - အဆိုပါလက်နှက်သည် အဆိပ်ရည်တမျိုးဖြစ်သည်။ လေနှင့်ထိတွေ့လျှင် အငွေ့ပျံသွားသည်။ လူ၏ DNA အား ပြောင်းလဲနိုင်သည်အထိအင်အားပြင်းထန်သည်။

သက်ရောက်မှု - အသက်ရှုလမ်းကြောင်းမှ တဆင့် သွေးထဲဝင်ရောက်ပြီး လူ၊ လူနှင့် ခန္ဒာကိုယ် ဖွဲ့စည်းပုံတူသော သတ္တဝါတို့အား ချက်ချင်းသေဆုံးစေနိုင်သည်။

Coming episode......
ပင်လယ်သည်လဲ ကုန်းမြေကဲ့သို့

DeNaai တံငါသည်Where stories live. Discover now