about

26 2 0
                                    

ပထမဦးဆုံးအနေနဲ့
ဒီဇာတ်လမ်းလေးရေးဖြစ်တဲ့အကြောင်းကို ပြောပြချင်သေးတယ်
ဒီဇာတ်လမ်းလေးရေးဖို့ အချိန်တော်တော်ကြာအောင် စဉ်းစားခဲ့ရတယ်
ဘာလို့လဲဆိုတော့ ကျွန်တော်ရဲ့ ပထမဦးဆုံးဖြစ်တဲ့အပြင် ဇာတ်အိမ်ကို မနိုင်မှာ ကြောက်နေခဲ့တာ
ဒါပေမယ့် အရမ်းရေးချင်နေမိတာ
ဒီဇာတ်ကောင်တွေကိုလည်း စိတ်ထဲ အမြဲတွေးမိနေတာလေ
မရေးလို့ကလည်း မဖြစ်ပြန်ဘူး ဘာလို့ဆို ကိုယ်ပိုင် ဇာတ်ကောင်လေးတွေ ဖန်တီးချင်တဲ့ စိတ်ကလည်း ထိန်းမရဖြစ်နေသေးတာ
ဒါကြောင့် မရေးခင် နယ်ဝေးကအမကိုပါ
ဖုန်းဆက်ပြီး တိုင်ပင်လိုက်ရသေးတယ်
အမကလည်း အားပေးတယ်
ရေးချင်တဲ့ စိတ်ရှိရင် ရေးချလိုက်တဲ့
အဲ့လို ဇာတ်အိမ်မျိုး သူလည်း ကြိုက်ပါတယ်တဲ့
ဒါတင်မကဘူး မောင်လေးတစ်ယောက်နဲ့လည်း တိုင်ပင်သေးတယ်
သူကတော့ ဖတ်ချင်တယ်တဲ့
အဲ့တော့ ကိုယ်ကတွေးတာက ဖတ်တဲ့လူမရှိရင်တောင် ငါ့အမနဲ့ ငါ့မောင်တော့ ဖတ်လောက်မှာပါပေါ့
ဇာတ်အိမ်အမျိုးအစားကတော့
ပြောမပြတော့ဘူး ဖတ်ကြည့်ရင်းနဲ့ဘဲ
ကြည့်ကြတော့ပေါ့
နောက်ပြီး ကြိုတင်ပြီးတောင်းပန်ချင်သေးတယ်
ကျွန်တော်က အခုမှ စရေးတဲ့သူတစ်ယောက်ပါ သာသာပေါက်စတောင်မဟုတ်သေးတဲ့
မနူးမနှပ်လေးပါ ဒါကြောင့် အမှားကတော့ ပါမှာပါဘဲ ဒီကြားထဲ ဇာတ်ကောင်ကို ပေါ်လွင်အောင် မရေးနိုင်တာတွေပါ ရှိနိုင်ပါသေးတယ်
ဒါကြောင့် စာဖတ်သူတွေအနေနဲ့ စိတ်အလိုမကျမှာတွေအတွက် ကျွန်‌ေတာ့်ဘက်က ကြိုတင်တောင်းပန်ချင်တာပါ
အဓိကပြောချင်တာက
ဒီလို ဇာတ်အိမ်နဲ့ ဇာတ်ကောင်နာမည်တွေ
အရင်စီနီယာတွေဆီ ရှိနေခဲ့ရင်
ကျွန်တော့ကို အချိန်မရွေးလာပြောပါ
ကျွန်တော် အတတ်နိုင်ဆုံး ပြင်မှာပါ
ကျွန်တော်ဘက်ကတော့ ကိုယ်အားကျတဲ့
သာသာတွေကို မမှီရင်တောင်
အကောင်းဆုံး ကြိုးစားမှာပါ
ကိုယ်ပိုင်ဇာတ်ကောင်လေးတွေ ဖန်တီးခွင့်ရတာနဲ့တင် ကျေနပ်နေပါပြီ
ဒီအထိ ဖတ်လာပေးလို့ ကျေးဇူးလည်းတင်ပါတယ်..........။

// အချစ်စစ်အား သက်သေတည် //Where stories live. Discover now