6

4.5K 837 22
                                    

အွန်...

ရှဉ့်မျိုးစိတ်က ကလေးလေးဟာ အခွံမာသ‌ီးလေးတွေကို လက်နဲ့ပွေ့ပိုက်ထားရင်း ပြေးနေခဲ့တယ်။ သူအသက်ရှူရာကပြန်ထွက်လာတဲ့လေဟာ အအေးဒဏ်ကြောင့် အဖြူရောင်ဖြစ်နေခဲ့ပြီးတော့ သူ့ခြေလှမ်းတွေဟာလည်း ရံဖန်ရံခါကျောက်တုံးတွေနဲ့တိုက်မိပြီး ယိုင်သွားတတ်တယ်။ ဒါပေမယ့် သူကတော့ အရမ်းပျော်နေသလို ရယ်မောနေခဲ့တာပဲ။

‌ကလေးလေးက သစ်လုံးအိမ်လေးရဲ့ရှေ့မှာ ရပ်လိုက်တယ်။ အခွံမာသီးတွေသယ်ထားတဲ့ သူ့လက်တွေကမအားတာကြောင့် သူကတံခါးကို ပုခုံးနဲ့တွန်းဖွင့်လိုက်တယ်။

"အိမ်ပြန်ရောက်ပါပြီ...မေမေရေ..အခွံမာသီးလေးတွေ ကောက်လာခဲ့တယ်နော်"

အမောတကောနဲ့အိမ်ထဲကိုဝင်လာတဲ့ ရှဉ့်ပေါက်လေးကိုတွေ့တဲ့အခါမှာ သူ့မေမေဖြစ်ပုံရတဲ့ အမျိုးသမီးက "ကြိုဆိုပါတယ်" လို့ ရယ်ရယ်မောမောနဲ့ပြောလိုက်တယ်။ သူမက ခြေလှမ်းအနည်းငယ်ရှေ့ကိုတိုးလိုက်ပြီးတော့ ကလေးငယ်လေးရဲ့ဦးထုပ်နဲ့ပုခုံးပေါ်က နှင်းတွေကို လက်နဲ့သပ်ချလိုက်တယ်။ ပြီးတော့ သူ့ရဲ့သိုး‌‌ေမွှးဦးထုပ်လေးနဲ့ မာဖလာကို ချွတ်ပေးပြီးတော့ စားပွဲပေါ်တင်လိုက်တယ်။ အဲ့တာနောက်မှာမှ ကလေးငယ်လေးယူလာခဲ့တဲ့ အခွံမာသီးလေးတွေကို လှမ်းယူလိုက်ရင်း ပြုံးလိုက်တယ်။

"ကျေးဇူးပါကွယ်၊ ဒါနဲ့ဆို ဒီနေ့တော့ အခွံမာသီးစွပ်ပြုတ်လုပ်လို့ရပြီ"

ကလေးငယ်လေးရဲ့နဖူးကိုနမ်းလိုက်ရင်း သူမကပြောတယ်။ ဂုဏ်ယူနေတဲ့မျက်နှာနဲ့ ကလေးက အခန်းထဲကိုဝေ့ကြည့်လိုက်တယ်။

"အယ်..ဖေဖေရော?"

"ထင်းရှာဖို့ အပြင်ထွက်သွားတယ်။ မီးလင်းဖိုကို သန့်ရှင်းရေးလုပ်ပြီးသွားပြီလေ"

အဲ့စကားတွေကိုကြားတဲ့အခါ ရှဉ့်ငယ်လေးရဲ့မျက်လုံးလေးတွေက တလက်လက်ဖြစ်လာတယ်။ လက်အိတ်မချွတ်ရသေးတဲ့ သူ့လက်နှစ်ဖက်ကို သူကဆုပ်လိုက်ပြီးတော့ သူ့အမေကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ မော့ကြည့်လာတယ်။

"ပထမဆုံးမီးပံုကို သား မီးမွေးလိုက်မယ်နော်....နော်.."

"အဟင်း...ရ၊မရဆိုတာ ဖေ့ဖေ့ကိုပဲသွား‌ေမးလိုက်ပါနော်"

နွေဦးရောက်တဲ့အထိစောင့်ပေးပါ (Complete)Where stories live. Discover now