ချန်းနီး

680 65 20
                                    

သီချင်းစာရွက်တွေပြန့်ကြဲနေတဲ့
အခန်းကျဉ်းလေးထဲမှာ
မင်ဟျောင်းက ထိုင်နေခဲ့တယ်

မနက်ဖြန်က 6လပိုင်း6ရက်နေ့
ချစ်ရတဲ့ ကောင်လေးမွေးဖွားလာတဲ့ရက်

"ဒီနေ့လည်းHappy Birthdayနဲ့
အဆုံးသတ်ရဦးမယ်ထင်တယ်"

နှစ်တိုင်းစာအရှည်ကြီးရေးပြီး
မွေးနေ့ဆုတောင်းပို့ပေးဖို့
စဉ်းစားခဲ့ပေမယ့်
တကယ်တမ်းကျ ပြောစရာက
တစ်စက်ကလေးမှမရှိ။

အချစ်ကို အပြုအမူနဲ့ပဲဖော်ပြတတ်တဲ့
မင်ဟျောင်းက ဂရုစိုက်ပေး၊
ဘာပြောပြောသဘောကျ
ပေးတတ်တာကလွဲရင်
တကယ်ကို တစ်ခုမှမသိတတ်။

"မင်ဟျောင်းအဆင်ပြေရဲ့လား
နားချင်နားလေ"

အစ်ကိုထယ်ယုံးရဲ့ အမေးကို
ခေါင်းငြိမ့်ပြရင်းသီချင်းသာ
ဆက်ရေးနေလိုက်သည်။

"မင်ဟျောင်း အစ်ကို
မန်နေဂျာကို ပြောပြီးပြီ
မနက်ဖြန်နားလို့ရတယ်တဲ့"

‌အအေးဘူးကိုလက်ကမ်းရင်း
ထပ်မံစကားဆိုလာတဲ့
အစ်ကိုထယ်ယုံး။

လေအလျင်နဲ့စာရွက်တွေသိမ်းနေတဲ့
မင်ဟျောင်းကိုကြည့်ရင်း ထယ်ယုံး
တအံ့တဩဖြစ်ရသည်။

"ကျေးဇူးပဲ အစ်ကို
ကျွန်တော် အရင်ပြန်နှင့်မယ်"

"အေး....အေး"
.........
မင်ဟျောင်းက ကိတ်တွေရွေးနေတာနဲ့
အချိန်ကြည့်လိုက်တော့ 10နာရီခွဲ။

လက်ထဲက ဝက်ဝံလေးတစ်ကောင်
ငုတ်တုတ်ထိုင်နေသည့်ဟန်နဲ့
ချောကလက်ကိတ်ကို
ကြည့်ရင်း ဟန်ပါပါပြုံးမိသည်။

ဒုံဟျောခ့်သာမြင်ရင်
စိတ်ကောက်ဦးမှာ
သူ့ကို ချောကလက်လုံးလို့
ခေါ်ပါတယ်ဆိုပြီး

ဖြစ်ပျက်သွားမယ့်မျက်နှာကို
တွေးမိရင်းတောင်
အသည်းတယားယား။
............
"မာခု ဟိုမှာအိပ်မယ်တောင်ထင်တာ"

"အင်း စောပြန်လာလိုက်တာ"

"မနက်ဖြန်ရော"

"နားတယ် အကိုဒိုယောင်း"

မင်ဟျောင်းအဖြေကြောင့်
အကိုဒိုယောင်းက ခေါင်းငြိမ့်၏။

ကဲကဲ နဲ့ သဲသဲWhere stories live. Discover now