"အစ်ကိုကလည်းဗျာ အဲ့လိုအလုပ်တွေ ကျွန်တော် သဘောကျပါဘူးဆို"
"ဟုတ်ပါပြီ ချန်းရယ် အစ်ကို နောက်
ဆင်ခြင်ပါ့မယ်"...................
"ချန်း ဒီလိုလုပ်နေတာကို အစ်ကို
သဘောမကျဘူးကွာ""ကျကျမကျကျပေါ့ ကျွန်တော်လုပ်ချင်တာ ကျွန်တော်လုပ်တာပဲ ဘာဖြစ်လဲ"
.....................
4နှစ်အရွယ် ဂျီဆောင်းရဲ့ ကလေးဘဝ
မှတ်ဉာဏ်ထဲက တစ်ခုအမြဲတမ်းဆိုဖာပေါ် ခြေဆင်းထိုင်ကာ
ငါးပေါင်မုန့်စားပြီး ကြည့်ခဲ့ရတဲ့ ပွဲတွေထဲကတစ်ခုဒယ်ဒီက ပါပါးကို အမြဲတမ်းလျော့ပေးသလောက် ပါပါးကတခြားစီ။
ဂျီဆောင်းဆီက ဂျစ်တစ်တစ်နိုင်တာက
ပါပါးနဲ့ တူတာဆိုရင် ဒယ်ဒီနဲ့တူတာကရောခုထိအဖြေရှာမရတဲ့ ပုစ္ဆာတစ်ခု။
...............
"ဂျီဆောင်းနီးက အရုပ်တွေ ဆက်ခိုင်းနေတယ်ချန်း""ကျွန်တော် အလုပ်များနေတယ်လေ"
မင်ဟျောင်းတို့သားအဖဆီရောက်လာတဲ့ နဂါးမျက်စောင်း။
မင်ဟျောင်းဟာ ရယ်ရခက် ငိုရခက်။
နေ့လည်က "ဒယ်ဒီနဲ့ပါးပါး
ဘယ်သူ့ကိုပိုချစ်လဲ" ဆိုတဲ့မေးခွန်းမှာ
ဂျီဆောင်းဟာ မပါးနပ်စွာနဲ့ မင်ဟျောင်းကိုရွေးချယ်ခဲ့တယ်လေအကျိုးရလဒ်အနေနဲ့ သားထက် တစ်လကပိုစိတ်ကောက်တတ်တဲ့ ဟယ်ချန်းက
ကလေးကို စိတ်ဆိုးနေပါသတဲ့နှုတ်ခမ်းတွေက မဲ့ကျလာပြီး မျက်လုံးအရည်ဝိုင်းချင်နေတဲ့ ဂျီဆောင်းနဲ့
ပိုလို့တောင် မျက်နှာကြောတင်းလာတဲ့
ဟယ်ချန်း"ဒယ်ဒီတို့တူတူ ဆက်ကြတာပေါ့နော်
သားလေး""ဟုတ်"
ငိုသံသဲ့သဲ့နဲ့ အီဂျီဆောင်းဟာ ချစ်မွှေးလေး။
အလုပ်အချိန်ဇယားတွေထက် ရှုပ်ထွေးလွန်းတဲ့ အပိုင်းအစတွေကိုမင်ဟျောင်းက
ကြည့်ရင်း လေတမှုတ်မှုတ်နဂိုတည်းက ဂိမ်းတွေ အရုပ်တွေ ဝါသနာမတာမလို့ အရုပ်ဆက်နည်း အညွှန်းစာရွက်ဟာလည်း စိတ်ရှုပ်ထွေးစရာ။