Unicode
အခန်း-(၁)
မိုးညနေ၌မျောလွင့်ခြင်းမိုးသားလိပ်များက အနောက်တောင်အရပ်မှ တက်လာနေကြသည်။ ချိုအေးပြင်းရှသောလေသည် ယူကလစ်ပင်အိုမှ ရွက်စိမ်းတို့ကိုပါ လွင့်ကြွေသွားစေသည်။ သိပ်သည်းသည့် မိုးခြိမ်းသံက ကျယ်ကျယ်လောင်လောင်။ အုံ့ဆိုင်းမှုက အားကောင်းနေ၏။ ဟန်ဂေရီ၏ တခုသောမိုးဥတုတည်း။
ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်မြို့ရှိ ဘူဒါပတ်စ်တက္ကသိုလ်သည် နိုင်ငံအရပ်ရပ်မှ ပညာသင်သားတို့ အနားယူခိုလှုံရာ ဖြစ်သည်။ ကျယ်ပြန့်ကြီးမားသော အဆောက်အဦးများသည် မှိုင်းပျနေသည့် ရာသီဥတုနောက်ခံတွင် တင့်တယ်ချင်တိုင်း တင့်တယ်နေသည်။
တဖွဲဖွဲသောမိုးဖွားများက အစချီလာရာ သူကဟူဒီအဝါကို ခေါင်းတွင်စွပ်ရင်း အမိုးအောက်သို့ အပြေးဝင်သည်။ အလျင်လိုနေဟန် ခြေလှမ်းများက တစုံတရာကို ဦးတည်လျက်ခရီးနှင်နေခဲ့၏။ လျှောက်လှမ်းတဝက်သို့ ရောက်သည့်အခါ နက်ပြောင်တောက်ပသည့် ကျွန်းကနုတ်တံခါးကြီးက ဆီးကြိုခဲ့သည်။
သက်ပြင်းကိုတစ်ချက်ရှိုက်ရင်း ကျွီခနဲအသံမြည်သည်အထိ တံခါးကိုဆွဲဖွင့်လျှင် အတန်းသားအချို့နှင့် ပရော်ဖက်ဆာက သူ့ကိုလှည့်ကြည့်သည်။ ဟူဒီအဝါရောင်နှင့် ဂျင်းမ်အပြဲတစ်ထည်ကို တွဲဖက်ဝတ်ဆင်ထားသည့် သားရေလွယ်အိတ်နှင့် ကျောင်းသားကစိတ်ဝင်စားဖို့ သိပ်မကောင်းသော်ငြား တံခါးဖွင့်သံကျယ်ကျယ်ကဖြင့် ၎င်းတို့ကိုညို့ယူလိုက်ဟန် တူသည်။ဆတ်ခနဲတကြိမ် ဦးညွှတ်ကာအရိုအသေပေးရင်း အနောက်ဆုံးတန်းရှိ ခုံတွင်ဝင်ထိုင်ခဲ့သည်။
ထိုအချိန်ထိ ပရော်ဖက်ဆာက သူ့ကိုစူးစိုက်ကြည့်နေသေးသည်မို့ ခေါင်းကိုဖွဖွကုပ်ရင်း အသာပြုံးပြလိုက်သည်။ နေ့စဉ်ရက်ဆက် ကျောင်းနောက်ကျသည်က အနည်းငယ်တော့ဖြင့် ဗရုတ်သုတ်ခနိုင်လှသည်။ လွယ်အိတ်ကိုဖွင့်ရင်း ဖောင်တိန်နှင့်ဖိုင်တွဲရှည်တခုကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ထိပ်အလွန်ပြောင်သည့် ဆံပင်ရွှေဝါရောင်နှင့် ပရော်ဖက်ဆာ၏ စကားများကို နားထောင်ခဲ့သည်။
YOU ARE READING
The Deepest