Jin လည်း Tae ကို အိမ်ပြန်ပို့ပေးပီး သူ့အိမ်သူ ပြန်လာခဲ့သည်---
Jin အိမ်နား ရောက်တော့ ခြံရှေ့မှာတစုံတယောက်ထိုင်နေတာကို တွေ့လိုက်သည် //
ငါ့ခြံရှေ့မှာ ထိုင်နေတာ ဘယ်သူပါလိမ့် မိုးလဲ ချုပ်နေပီ ရာသီဥတုလဲ အေးနေတာကိုလာထိုင်နေတာ ဘလိုလူပါလိမ့် ??
Jin လည်း ကားပေါ် က နေဆင်းပြီး ခြံရှေ့မှာထိုင် နေတဲ့ သူ ဘယ်သူလဲ သိရန် ကြည့်လိုက်သည် //
သူအနားရောက်တော့ ---
Jin - ဟေ့ ငါ့ခြံရှေ့မှာဘာလို့လာထိုင်နေတာလဲ မိုးချုပ်နေပီလေကွာ ပြီးတော့ မင်းဘယ်သူလဲ ??
Jin ရဲ့ စကားသံအဆုံးမှာ မျက်လုံး ဝိုင်းဝိုင်းလေးနဲ့ မော့ကြည့်လိုက်တဲ့ လူငယ် တစ်ယောက်ကြောင့် Jin ရင်ထဲ ဟာ ခနဲ ဖြစ်သွားသည် //
Jin - KOO မင်းဒီမှာ ထိုင်ပြီး ဘာလုပ်နေတာလဲ အပြင်မှာ နှင်းတွေ ကျနေတာ မင်းမမြင်ဘူးလား ?
Jin ရဲ့ မေးခွန်းကို ဘာမှ ပြန်မပြော ပဲ မျက်လုံး ဝိုင်း"နဲ့ စိုက် ကြည့်နေတဲ့ JK
Jin - မင်း ငါပြောနေတာ မကြားဘူးလား ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲ ဒီလောက်အေးနေတာ ကို အပြင်မှာ ထိုင်ပြီး ဘာတွေ အရူးထနေတာလဲ Koo
Jin ရဲ့ စကားအဆုံး မှာ JK တစ်ယောက် ခပ်မဲ့မဲ့ ပြုံးလိုက်ပြီး
JK - ရာသီဥတုရဲ့ အအေးဒဏ်က Jan ရဲ့ ကျွန်တော့် ပေါ် လုပ်နေတဲ့ အပြုအမူလောက် အေးစက်နိုင်ပါ့မလား
ပြောပါအုံး Jan အကြောင်းရင်းမဲ့ မခေါ် မပြောပဲ အေးစက်စက် ပြုမူ နေတဲ့ Jan တော့ ဘလို ခံစားရလဲ မသိပေမယ့် ကျွန်တော့် ရင်ထဲမှာတော့ မီး ပူနဲ့ ထိုးဆွနေသလို ခံစားနေရတာပါဗျာရင်ထဲက ခံစားချက်တွေကို ရှင်းပြ ရင်း မျက်ရည်တွေ ဝဲတက်လာတဲ့ JK ရဲ့ မျက်ဝန်းတစ်စုံ----
Jin - မင်းဘာတွေ လာပြောနေတာလဲ ငါဘယ်မှာ မင်းပေါ် အေးစက်"လုပ်နေလို့လဲ ငါနေနေကျပုံစံတိုင်းပဲ နေတာပဲလေ ဘာတွေ များပြောင်းလဲ နေလို့လဲ
JK ရဲ့ မေးခွန်းတွေကို တုံဆိုင်းခြင်းမရှိပဲ ဖြေလိုက်တဲ့ jin ပုံစံက JK ကို အသက်မဲ့ သွားစေခဲ့တယ် ----
JK - မညာတတ်ပဲ နဲ့ မညာချင်စမ်းပါနဲ့ဗျာ ကျွန်တော်နဲ့ Jan က ဟိုးငယ်" လေး ကတည်းက ပေါင်းခဲ့ကြတဲ့သူတွေပါ ညီအစ်ကို အရင်းတွေလို ချစ်ခဲ့ကြတဲ့သူတွေပါ တစ်ယောက်ကြောင်းတစ်ယောက် အသိဆုံး လူတွေပါဗျာ (စကားပြောရင်း ကျလာတဲ့ မျက်ရည်တွေနဲ့ အတူ ဖြေရှင်းချက်တောင်းနေခဲ့တဲ့ JK )
အပြင်ပိုင်းမှာ အေးစက်ချင်ယောင်ဆောင်နေတဲ့ Seok Jin ရင်ထဲမှာတော့ JK ရဲ့ မျက်ရည် တွေကို ကြည့်ရင်း ရင်ဘတ်တခုလုံး ဗလောင် ဆူနေသည် ---
Jin - တော်ပါတော့ Koo ရာ ငါဘာမှ ထပ်မကြားချင်တော့ဘူး မင်းအိမ်ပြန်လိုက်ပါတော့
JK - ဟင့်အင်း မပြန်ဘူး Jan ဆီက သေချာရေရာတဲ့ ဖြေရှင်းချက်မရမချင်း ကျွန်တော် ဒီတိုင်းထိုင်စောင့်နေမှာ
Jin - မင်းငါ့ကို ဒီ့ထက် စိတ်ဆင်းရဲအောင်မလုပ်ပါနဲ့တော့ကွာ ငါတောင်းပန်ပါတယ် ဒီလောက်နဲ့ ငါ့စိတ်ကို နှိပ်စက်ပြီး ပြန်လိုက်ပါတော့
JK - ပြောရက်တာ Jan ရယ် ကျွန်တော်က Jan ကို နှိပ်စက် တယ် ဟုတ်လား Jan အတွက် ကျွန်တော်က အက်လောက်တောင်ပဲ ဆိုးလားဗျာ
Jin - ဟုတ်တယ် မင်းက ငါ့အတွက် အရှုပ်ထုတ် မင်းကြောင့်ပဲ ငါအမြဲ ခံစားရတယ် မင်းကြောင့်ပဲ ငါ စိတ်ဆင်းရဲရတယ် အာ့ကြောင့် ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့
Jin ရဲ့ စကားအဆုံးမှာ JK တစ်ယောက် ဘာမှမပြောနိုင်ပဲ ဒူးထောက်ရက် အခြေအနေကနေ ခွေလဲသွားတော့သည်//
JK ရဲ့ အခြေနေ ကို Jin မြင်ပြီး မျက်လုံး များပြာသွားပြီးးးး
Jin - Koo ; Koo ထပါအုံး Koo ရယ် Koo မျက်လုံးဖွင့်ပါအုံး Koo အဒေါ်ရေ လုပ်ပါအုံး Koo မေ့လဲသွားလို့ မြန်မြန်လာကူပါအုံးဗျာ
Koo ရယ် မျက်လုံးဖွင့်ပါအုံးကွာ Jan တောင်းပန်ပါတယ် သတိရပေးပါ Koo ရယ် Jan အခုလိုပြောလိုက်မိတာ Koo ကို သိပ်ချစ်လို့ပါကွာ Koo ကို ဆုံးရှုံးရမှာ ကြောက်တဲ့ စိတ်နဲ့ ပြောလိုက်မိတာပါ
( တောင်းပန်စကားတွေကို အခါခါ ရေရွတ်ရင်း ဖြူဖတ်နေသော မျက်နှာနဲ့ ကောင်လေး ရဲ့ ခန္ဓာကိုယ် ကို ပွေ့ဖက်ထားရင်းသာ Seok Jin တစ်ယောက်ငိုယိုနေတော့သည်)
YOU ARE READING
The Same Love☯🖤
Fanfictionအထီးကျန်နေတဲ့ ကို့ဘဝအတွက် ညီတို့နှစ်ယောက်အချစ်က နွေးထွေးစေခဲ့တာမို့ ညီတို့ နှစ်ယောက်ကို ဆုံးရှုံးရမှာ ကိုယ်သိပ်ကြောက်တယ်----- #Elenajin🌺🐹