-1-

537 43 2
                                    

°°~တေးကြွေတဲ့ည~°°

ဗီလိန်ဆန်တဲ့ညအလည်
ချစ်ခြင်းစာမျက်နှာမှာ
မှားယွင်းတဲ့မေတ္တာစကားလုံးများစီကုံးကာ
တက်မက်စိတ်စေရာသံယောဇဉ်သံစဉ်ဖြင့် တီးခတ်ကြည့်တော့
တေးသွားတို့ မျက်ရည်ခရ၏။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

မှောင်ရီပျိုးစချိန် လူသူခင်းကျင်းထားခြင်းမဟုတ်သည့် လမ်းမမည်သောလမ်း ကြမ်းရှရှမြက်ရိုင်းတို့ကို လည်ဆံမွှေးရှည်ရှည်အဖြူရောင်မြင်းတစ်ကောင်က ခပ်သော့သော့ပြေးခုန်လာ၏။ဦးတည်ရာကိုရှေးရှု၍ စေခိုင်းသူက မြင်းဖြူပေါ်မှာ ပတ္တများရောင်နီနီဝတ်ရုံလွှာကိုခြုံသိုင်းထားပြီး အားထည့်ကန်ကျောက်လိုက်သည့် အနက်ရောင်လည်ရှည်ဖိနပ်နှင့်ခြေတစ်စုံကြောင့် မြင်းဖြူဟာ အားရှိသ၍ကဆုန်ပေါက်ဒုန်းပြေးရ၏။

နင်းဖြတ်ခံရသည့် မြက်ရိုင်းတို့ဟာ မြင်းဖြူပြေးရာလမ်း၌ အတုန်းအရုန်းပြားကျန်နေခဲ့ကြရသည်။ရှေးရှု့ရာမှာ ထိုနည်းတူမြင်းခွါသံပေးကာ မျက်နှာချင်းဆိုင်မှ စစ်မတ်တစ်ဦး။စစ်မတ်မင်းဟာ အသွားသုံးလက်မ အရှည်နှစ်‌ပေရှိသော ငွေရောင်လက်လက်ဓားကိုကိုင်ဆောင်၍ မာန်အပြည့် မြင်းဖြူနှင့်လူထံ ဦးတည်လာလေသည်။

မြင်းဖြူပိုင်ရှင်လက်ထဲတွင် ရတနာကျောက်စီလက်ကိုင်ဓါးကိုတင်းကျပ်စွာဆုပ်ကိုင်ထားလျက် မျက်ဝန်းအိမ်ကျယ်ကျယ်ကရဲစွမ်းသတ္တိအပြည့်နှင့်။

သူတို့နှစ်ဦးနောက်တွင်တော့ ဓါး၊လှံ၊မြားတို့ဖြင့် စစ်ခင်းနေကြသည့်ရဲမက်များစွာရှိကြလေသည်။အချို့ကအားအင်အပြည့်တိုက်ခိုက်နေကြသည်ရှိသလို သွေးအလိမ်းလိမ်းဒဏ်ရာရသူလည်းရှိ၏။တချို့သောရဲမက်များကအတုံးအရုန်းအသက်ခွာသွားကြကုန်ပြီ။

Odense ပြည်နယ်၏စစ်မက်ချုပ်ကိုသာအနိုင်ယူနိုင်ပါလျှင် ကျွန်းဆွယ်‌ပြည်နယ်ဖြစ်သည့် Odense ဟာ Denmark နိုင်ငံ၏လက်အောက်ခံအဖြစ်ရယူနိုင်လိမ့်မည်။Denmarkအရှင်သခင်ဟာ အာဏာပါဝါစက် ပြင်းသကဲ့သို့ လက်ရုံးရည်မှာလည်းတုယှဉ်နိုင်သူမဲ့၏။ဆင်နွှဲခဲ့လေသမျှစစ်ပွဲတိုင်းကို အနိုင်ဖြင့်ပိုင်း၏။ မွေးဖွားလာခဲ့သည့်အချိန်မှ ယနေ့ထိတိုင်အရှုံးဆိုတာမျိုးမရှိခဲ့ပါပဲ ရှုံးနိမ့်ခြင်းအရသာကိုမခံစားခဲ့ဖူးပါချေ။

DEEPWhere stories live. Discover now