-3-

201 32 0
                                    


Denmark ပြည်တစ်ခုလုံး၏ စစ်ရေးပြပွဲအတွက်အတော်ဆုံးသော စစ်သည်တော်များ ပွဲလည်သို့စုဝေးရောက်ရှိကာ Denmark ဘုရင်အီသန်ကို ဂါရဝပြုကြရ၏။

ကွင်းဘေး ပွဲကြည့်ပရိတ်သတ်တို့ဟာ နိမ့်ရာမှမြင့်ရာအထိ နေရာလွတ်မရှိအောင့်ပြည့်နှက်နေသည်။ကွင်း၏ထိပ်ဦး ပုလ္လင်တွင် Denmark ဘုရင်နှင့် သူ၏ချစ်လှစွာသော မင်းသားငယ်အီသန်လီယံဂျေးတို့က ရံရွေတော်အပြည့်ဖြင့်ကြည့်ရှုနေလေ၏။

စစ်သည်တော်များဟာ သူတို့ကျွမ်းကျင်ရာအတတ်ပညာများကို အမျိုးမျိုးပြသအပြီး ဒေသအလိုက်ယှဉ်ပြိုင်ခြင်းများပြုလုပ်ကြသည်။ပွဲစဉ်၏ထူးခြားချက်တစ်ခုက အားလုံး၏အာရုံကိုဖမ်းစားနိုင်သည့် လူတစ်ဦးကြောင့်ပင်ဖြစ်သည်။ထိုသူဟာ လျှင်မြန်ဖျက်လက်ပြီး အဆင့်မြင့်ဓါးရေးစွမ်းရည်ကိုပိုင်ဆိုင်ကာ တောင့်တင်းအချိုးကျလှသောခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသေး၏။မျက်လုံးတစ်ဖက်ကို အကာအကွယ်သရေတမျိုးနဲ့ဖုံးအုပ်ထားပြီး စိုပြေသောအသားရေ ၊ရှည်သော အရပ်ကြောင့် အမျိုးသမီးပရိတ်သတ်၏အားပေးမှုကို အများဆုံးရရှိလေ၏။

"ဝိုးး သူအရမ်းမိုက်တာပဲ ။"

ထိုလူရဲ့တိုက်ခိုက်စွမ်းရည်ဟာ ဉာဏ်နှင့်ပေါင်းစပ်ထားသည်မို့ စနစ်ကျမှုရှိ၏လက်ထဲတွင်တော့ ဓါးကိုလက်ပြန်ကိုင်ထားပြီး ဓါးရိုးတွင် ကျောက်စိမ်းဆွဲကြိုးတစ်ခုကိုရစ်ပတ်ထားသေး၏။

"အီသန် သူအရမ်းမိုက်မနေဘူးလား"

"ပုံမှန်ပါပဲ"

ဂျေးက အီသန့်အနားကိုတိုးကပ်ပြောသလောက် အီသန်က ဂျေးကိုပင်လှည့်မကြည့်ဘဲ စကားဆိုသည်။

"အားကျလိုက်တာ သူကအများကြီးတော်လွန်းလို့ ဆရာတင်ချင်မိတယ်"

လူငယ်ပီပီလက်သီးလက်မောင်းတန်းကာအားပေးနေသည့် ဂျေးကို အီသန် ဝန်တိုရတော့သည်။

"ကိုယ့်လောက်တော်မယ်ထင်လား"

"အင်း"

"ဘာ  ကိုယ်အခုသူနဲ့သွားယှဉ်ရမလား?"

"ဟင် "

အီသန်လီ၏ဒေါသကြောင့်မဲနေသော မျက်နှာကြီးက အကျင့်မကောင်းမှန်းဖော်ပြနေသည်။ကိုယ်သဘောကျတဲ့သူကို လွတ်လွတ်လပ်လပ်အားမပေးရလေအောင်ပင်။

DEEPWhere stories live. Discover now