part 1

2.6K 84 0
                                    

Alarmမြည်သံကြောင့်ကျနော်အိပ်ယာကနိုးလာတော့ဒီနေ့စာမေးပွဲဖြေရမှာပဲဆိုတဲ့အသိကခေါင်းထဲရောက်ရှိလာသည်။ကမန်းကတန်းအိပ်ယာပေါ်ကထပြီးပြင်ဆင်စရာရှိတာပြင်ဆင်ကာကျောင်းသို့သွားခဲ့သည်။ကျောင်းရောက်တော့အတန်းပိုင်
ဆရာမကစာမေးပွဲဖြေဖို့စာအုပ်တွေအခန်းတွေထဲဝင်ထားခိုင်းပြန်ရော။ပြာယာခတ်နေသောကျနော့်ကိုကြည့်ပြီးသင်္ချာဆရာမ
ကမျက်စောင်းထိုးကာပြောလာသည်။
"စာရောရနေပြီလား"
ကျနော့်မှာ‌အဖြေမရှိ။ဟုတ်သည်လေကျနော်
စာတလုံးမှမကျက်ထားမိပါ။စာမေးပွဲဘယ်နေ့လဲဆိုတာတောင်ကျနော်မေ့နေခဲ့သည်။အိပ်ယာနိုးမှသတိရကာကမန်းကတန်းလာခဲ့ခြင်းဖြစ်သည်။ထိုဆရာမလဲကျနော့်အကြောင်းသိ၍ပြောခြင်းပင်။ကျနော်လဲခေါင်းငြိမ့်ရုံသာငြိမ့်လိုက်ပြီးစာမေးပွဲအခန်းထဲ‌တွင်ဝင်ထိုင်နေသည်။စာမေးပွဲအခန်းစောင့်ဆရာမကဝင်လာပြီးစဖြေခိုင်းတဲ့ချိန်ရောက်လာသည်။၁နာရီခန့်ကြာတော့‌အဖြေလွှာတွေလာကောက်တော့သည်။ကျနော့်အလှည့်ရောက်လာတော့ထိုဆရာမက
"ဖြေထားတဲ့စာကခပ်နည်းနည်း
နင်စာမကျက်ဘူးလား"
"မကျက်ဖြစ်ဘူးခဗျ"
"ဘာလဲဟဒီခလေးမက ယောက်ကျားလိုလို
မိန်းမလိုလိုနဲ့စာလဲမရ"
"ဟုတ်ကဲ့ကျနော်မိန်းမပါယောက်ကျားလိုနေရတာကိုကြိုက်လို့ဒီလိုပဲသုံးနှုန်းမိတာပါ
ဆရာမစိတ်အနှောင့်ယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်ဗျ"
"မလိုဘူးဟိုမရောက်ဒီမရောက်"
ခပ်တိုးတိုးအသံဖြင့်ပြောသွားသော်လည်း
ကျနော့်စိတ်ထဲမကောင်းပါ။လူဆိုတာကိုယ်ကြိုက်တဲ့ပုံစံနဲ့ကိုယ်နေထိုင်ခွင့်ရှိသည်မလား။အမေမွေးထားတုန်းကကျနော်ဟာမိန်းကလေးတစ်ယောက်သို့ပေမဲ့ကျနော်ယောက်ကျားလေးလိုဖြစ်ချင်သည်။
ကျားကျားယားယားနေချင်မိသည်။
ပေါ့ပေါ့ပါးပါးလွတ်လပ်မှုကိုလိုချင်သည်။
ဆံပင်ရှည်ရှည်တွေအစားနားရွက်မဖုံးတဲ့ဆံပင်အတိုကိုကျနော်ပိုသဘောကျသည်။
ဂါဝန်တွေစကတ်တွေအစားဘောင်းဘီ
အကျီအပွတွေကိုကျနော်ပိုသဘောကျမိသည်။ပြီးတော့ကျမတို့ရှင်တို့လိုသုံးနှုန်းရမှာထက်ကျနော်နဲ့ခဗျားလို့ပိုသုံးနှုန်းချင်မိသည်။ဒါဟာကျနော့်အပြစ်မဟုတ်ကျနော်သဘောကျသည့်ပုံစံနှင့်ကျနော့်ဘာသာနေသည်။တချို့လူတွေကဒါကိုထိပါးကြတယ်ကဲ့ရဲ့ကြတယ်။ဒါပေမဲ့ကျနော်သိပ်ဂရုမစိုက်ဖြစ်ဘူး။ကျနော့်ဘဝအတွက်သူတို့က
အရေးမပါဘူးလေ။သက်ပြင်းများချပြီးအခန်းအပြင်ထွက်လာတော့သင်္ချာဆရာမက
"နင်စာတွေလဲမကျက်ထားဘူးမလား
ဝသုန်"
"ဗျာ ဆရာမကဘယ်လိုသိ"
"ခုနကအခန်းစောင့်ဆရာမကငါ့ကိုပြောခဲ့တယ်နင့်ခုံနပါတ်ကိုငါမှတ်မိတယ်
နင့်ကိုဒီတိုင်းထားလို့မ‌ဖြစ်တော့ဘူး
စည်းကမ်းတင်းကျပ်မှရတော့မယ်"
"ဗျာ ဘယ်လိုမျိုးလဲ"
ပြန်မေးမနေနဲ့ နင့်အမေကိုငါပြောပြီး
ဘော်ဒါဆောင်ထားခိုင်းရမယ်"
"ဟင် ဆရာမကလဲ"
"မဟင်နဲ့"
"ကျနော်စာကျက်ပါတော့မယ်ဘော်ဒါတော့မနေချင်ဘူးဗျာ"
"လျှာမရှည်နဲ့ငါနင့်အမေကိုတောင်ပြောပြီးပြီး
ငါနင့်ကိုဖုံးထားတာနင်လက်မခံမှာသိလို့"
ကျနော်မတတ်နိုင်တဲ့အဆုံးသက်ပြင်းသာချမိသည်။ကျနော့်လိုလူကလွတ်လပ်မှုကို
အရမ်းလိုချင်တဲ့သူကဘော်ဒါဆောင်နဲ့မဖြစ်နိုင်ပါ။စိတ်ညစ်ညစ်နဲ့အိမ်မပြန်သေးပဲ
ကော်ဖီဆိုင်သို့ဝင်မိသည်။
"အမ ဘာဂါနဲ့
Coffeတခွက်"
"ခနစောင့်မောင်လေး"
ပျင်းလို့ဖုန်းကိုထုတ်ကြည့်လိုက်ပြီးစောင့်နေမိသည်။ခေါင်းပေါ်ကိုရုတ်တရက်လှမ်းကျလာသောစာအုပ်ကြောင့်လန့်သွားမိသည်။
"အမလေး‌ဗျာ"
"ဆောရီး ဆောရီးပါနော်သူငယ်ချင်းကို
ပစ်လိုက်တာမောင်လေးကိုထိသွားတယ်"
ပန်းရောင်ဂါဝန်နဲ့ဖြူလွန်းသောအသားအရေမှာထိုအမျိူးသမီးနဲ့လိုက်ဖက်လှသည်။
ကျနော့်ထက်အသက်အနည်းငယ်တော့ကြီးမည့်ပုံပင်။သူမကမျက်မှန်လေးကိုလက်နဲ့ပင့်တင်လိုက်ကာ

"အားနာလိုက်တာ ခလေးရယ်"
ကျနော်ရုတ်တရက်ကြောင်သွားကာ
"ခလေးမဟုတ်ပါဘူး‌ဗျာ ခဗျားအသက်ကဘယ်လောက်မလို့"
သူမကရီရင်း
"ကိုယ့်ဆရာမအရွယ်လောက်ရှိတဲ့သူကိုခ‌ဗျားတဲ့လားကွယ်"
"ဟုတ်လို့လားကျနော်မယုံချင်ဘူး
မနောက်ပါနဲ့"
"အမကြီးက၂၄ကျော်ပြီခလေးရဲ့"
တကယ်ကျနော်မယုံချင်ပါ။ခပ်ဖွေးဖွေးနှင့်ကလေးမျက်နှာလေးနဲ့ထိုကောင်မလေးက၂၄နှစ်တဲ့လေ။ဟုတ်ရဲ့လားမသိပေမဲ့အတော်တော့ချောသည်ဗျ။
"ဟုတ်ပါပြီအမရဲ့ကျနော်မသိလို့နော်
Sryဗျာ"
"မင်းအသက်ရော"
"၁၈နှစ်ကျော်"
"အ.ထ.က ၃ ကမလား"
"ဟုတ်ပါတယ်"
"ဘယ်နှစ်တန်းလဲ"
"၁၀တန်းစပယ်ရှယ်နှစ်နှစ်လေဗျာဟဲဟဲ"
"စာတော်မဲ့ရုပ်လေးနဲ့"
"မတော်ပါဘူးဗျာစာမေးပွဲရှိမှန်းတောင်
ဒီနေ့မနက်မှသိတာ"
"ဟယ်"
ကလင် ကလင်
"ခွင့်ပြုပါဦးခလေး ဆရာမခေါ်နေပြီမလို့"
"ဗျာ ဟုတ်ကဲ့"
ဖုန်းမြည်သံကြားတော့ကမန်းကတန်းနှင့်ဆိုင်မှထွက်သွားလေသည်။ဘာလို့လဲတော့မသိကျနော့်ထိုအမျိုးသမီးကိုထပ်တွေ့ချင်မိသေးသည်။နာမည်လေးတောင်မသိခဲ့ရတော့ငါနည်းနည်းတုံးပါလားဆိုတဲ့အတွေးကခေါင်းထဲဝင်လာသည်။မုန့်များရောက်လာတော့စားသောက်ပြီးသည်နှင့်ပိုက်ဆံရှင်းကာအိမ်သို့ပြန်လာခဲ့သည်။

ချစ်နေဖို့ပဲလိုတာပါWhere stories live. Discover now