part 2

1.2K 53 1
                                    

အိမ်ပြန်ရောက်တော့အခန်းထဲဝင်မလို့အလုပ်
"ဝသုန်နင့်ဆရာမနင့်ကိုပြောပြီးပြီမလား
ဘော်ဒါနေရမဲ့ကိစ္စ"
"အမေကျနော်မနေချင်ဘူးဗျာ"
"မရဘူး‌နင်နေမှကိုရမှာအိမ်ကနင်နေချင်တဲ့အတိုင်းအားလုံးခွင့်ပြုပြိးငယ်ငယ်ထဲကအလိုလိုက်ထားတာငါတို့အလိုလဲလိုက်ပါဦး"
"မနေချင်ဘူးအမေရာကျနော်စိတ်ကျဉ်းကျပ်တယ်"
"နင်ပြောရမခက်နဲ့နော်နင့်အကိုနဲ့ငါဖုန်းဆက်တိုင်လိုက်ရမလားပြော"
"ဟာ အမေကလဲ"
ငယ်ငယ်ထဲကအကို့ကိုကြောက်ရသည်။အကိုကစည်းကမ်းကြီးပြီးကျနော်နေသည့်ပုံစံကိုပင်သိပ်မကြိုက်လှ။အမေခွင့်ပြုထားသောကြောင့်ပင်အမေ့မျက်နှာနဲ့နေခွင့်ရသည်။အမေကပြောရင်ပြောတဲ့အတိုင်းလုပ်တဲ့သူပီပီခုလဲဖုန်းကိုကောက်ယူမလို့လုပ်နေသည်။ကျနော်လဲနေရတော့မည်ဆိုတာသိသောကြောင့်ထပ်မငြင်းချင်တော့ပါ။သက်ပြင်းခနချလိုက်ပြီး
"ကျနော်နေမယ်ဗျာ"
"အဲ့လိုမှပေါ့အေ"
"ခနနေရင် ရေမိုးချိုးပြီးထမင်းလာစားလှည့်
မနက်ဖြန်ဘော်ဒါ‌‌ဆောငိသွားရမယ်
ပြင်ဆင်စရာရှိတာပြင်ဆင်ထား"
"ထမင်းမစားတော့ဘူး ကျနော်ကော်ဖီသောက်လာပြီးပြီ ရေမိုးချိုးပြီးပြင်ဆင်လိုက်ဦးမယ်"
"အေးပါစောစောအိပ်ဦးနော်"
"ဟုတ်ကဲ့"
အခန်းထဲအရောက်ကျောပိုးအိတ်ကိုပစ်ချလိုက်ပြီးကုတင်ပေါ်တက်မှေးမိသည်။
စိတ်ညစ်ညစ်နဲ့သက်ပြင်းအရှည်ကြီးချမိပြီး
ရေချိုးခန်းထဲသို့ဝင်လိုက်သည်။ရေချိုးပြီးတော့ပြင်ဆင်စရာရှိတာပြင်ဆင်ဖြစ်ပြီး
သူငယ်ချင်းကိုဖုန်းဆက်ဖြစ်သည်။ကျနော့်မှာသူငယ်ချင်းတစ်ယောက်ပဲရှိသည်။ကျနော်ကလူတွေနဲ့သိပ်အဆင်ပြေတဲ့သူမဟုတ်
ပွင့်ပွင့်လင်းလင်းပြောတတ်တော့တချို့ကသိပ်မပေါင်းချင်ကြဘူးဒါပေမဲ့ကျနော်ကလဲသူတို့နဲ့မခင်ချင်ပါဘူးလေ။ကျနော့်သူငယ်ချင်းကUniတောင်တက်နေပြီဖြစ်သည်။သိပ်မတွေ့ဖြစ်တာကသူလဲမအားကိုယ်လဲမအားမလို့ညဖက်မှသာဖုန်းနဲ့စကား‌တွေပြောဖြစ်သည်။

"ဟယ်လို နှင်းပွင့်"
"ဘာလုပ်နေလဲ ဝသုန်"
"ငါလားမနက်ဖြန်ဘော်ဒါနေရတော့မှာကွာစိတ်ညစ်နေတာ"
"‌နင်ကလဲနေလိုက်ပြီးရင်စာကြိုးစားကြည့်
ငါလဲပျင်းတယ်Uniမှာနင်မရှိတော့လေ"
"ကျစ် ငါတကယ်ကြီးစာလုပ်ရတော့မှာပါလား"
"လုပ်ရမှာပေါ့ဝသုန်ရယ်နင်ရင့်ကျက်သင့်ပြီ"
"အင်းပါကွာ"
"နင်ရောဘာတွေလုပ်နေလဲ"
"ငါစာလုပ်နေတာဝသူန်"
"စာဂျပိုးမကတော့လေဆက်လုပ်
ငါအိပ်တော့မယ်စောစောအိပ်‌ရမှာမလို့"
"အေအေငါဖုန်းချတော့မယ်"
"အင်း"
ကျနော်ဖုန်းကိုစားပွဲပေါ်တင်လိုက်ပြီးမီးပိတ်ကာစောစောအိပ်ဖြစ်သည်။မနက်ရောက်တော့ဘော်ဒါကိုအမေနဲ့သွားလိုက်ရသည်။
အမေကမှာစရာရှိတာများမှာပြီးသွားတော့သည်။အခန်းထဲအထုတ်အပိုးများချပြီးစာကျက်ရမည်ဆိုသောကြောင့်အောက်ထပ်ကိုဆင်းလာဖြစ်သည်။ခနအကြာတော့ခုံအလွတ်မှာဝင်ထိုင်ရင်းစာအုပ်တွေထုတ်ကာကျက်နေမိသည်။ဆရာမဘေးတွေအမျိုးသမီးတစ်‌ယောက်ရဲ့အသံကိုကျနော်သေချာကြားဖူးသည်ဟု‌ေခါင်းမော့ကြည့်မိလိုက်သည်။ထိုအမျိုးသမီးနဲ့ထပ်ဆုံရမယ်လို့မထင်ထားပါသို့ပေမဲ့ကျနော်ပြုံးမိသည်။ဘာလို့မှန်းတော့ကျနော်လဲသေချာမသိ။သူကဒီမှာဘာလာလုပ်တာပါလိမ့်ဒီမှာစာသင်မှာများလား။သူမလဲကျနော့်ကိုတွေ့တော့အံ့ဩသွားပုံပေါ်သည်။ခနနေတော့ကျနော်ကျောင်းသွားရန်စာအုပ်တွေသိမ်းလိုက်သည်။စာမေးပွဲဖြေရဦးမည်။ဘော်ဒါဆောင်က
ကားပေါ်သို့တက်တော့မည်အလုပ်။
"ဟိတ် ငါ့ကိုမှတ်မိသေးလား"
"မှတ်မိတာပေါ့အမမှန်‌ကြောင်ရယ်"
"လူကြီးကိုမထီလေးစားနဲ့
ကိုယ့်ဆရာမကိုရိုရို‌သေသေဆက်ဆံနော်"
ကျနော်ထင်သည့်အတိုင်းပင်ထိုအမျိူးသမီးကဒီမှာသင်မယ်လို့ထင်သည့်အတိုင်းပင်။
"တကယ်ကြီးလား"
"အင်းပေါ့ညကျတွေ့မယ်"
"ဂရုစိုက်နော်ဆရာမမှန်‌ေကြာင်လေး"
"ဒီ‌ခ‌လေးတော့ငါလုပ်လိုက်ရ "
"ဟားဟား"
ကျနော်ရီရင်းကားပေါ်သို့တက်ကာကျောင်းသို့ရောက်လာသည်။ဒီနေ့တော့စာတွေဖြေလို့ကောင်းမည်ထင်သည်။အင်္ဂလိပ်ကကျနော်ကျွမ်းတဲ့ဘာသာမလို့လေ။စာမေးပွဲအခန်းထဲရောက်တော့စာများသေချာဖြေပြီးအခန်းစောင့်ဆရာမဆီအပ်လိုက်သည်။ကျောင်းကပြန်တော့ဘော်ဒါရောက်မှသူမကိုလိုက်ရှာမိသည်။သူမကညမှတွေ့မယ်လို့ပြောထားပေမဲ့ပေါ့။‌ညရောက်လာမဲ့အချိန်ကိုစောင့်နေရင်း
သင်္ချာတွက်နေမိသည်။ခနနေတော့ဘော်ဒါဆောင်အုပ်ထိန်းသူကထမင်းစားဖို့လာခေါ်လေသည်။ကျနော်တို့လဲထမင်းစားပြီးတာနဲ့စာလုပ်တဲ့သူကလုပ်Guideဆရာမ
ခနနေလာမှာလို့ပြောတဲ့စကားသံတချို့လဲကြားရသည်။စောင့်ရမှာကိုမုန်းသူပီပီကျနော်မုန့်ထွက်ဝယ်စားမိသည်။မုန့်ဆိုင်ကပြန်တော့ဘော်ဒါဆောင်အဝင်
ဆိုင်ကယ်ဟွန်းတီးသံကြောင့်ကျနော်လှည့်ကြည့်မိသည်။
"ခလေးတွေများစာကြိုးစားလိုက်တာ
စာလုပ်မနေပဲမုန့်လာဝယ်စားနေသေး"
"ခုမှထွက်လာတာပါဗျာ"
"အခုဝင်တော့လေ"
"ဟုတ် ဒါနဲ့တခုမေးလို့ရမလား"
"ဘာမေးမှာလဲ"
"မင်းနာမည်လေး"
"ဘယ်သူ့ကိုမင်းလို့ပြောတာ"
"ကျစ် ကျနော်ယောင်သွားတာပါခွင့်လွှတ်ပါဗျာ"
"နောက်လဲသိရမှာပဲကို မေးမနေနဲ့အထဲဝင်တော့အပြင်မှာအေးတယ်"
"ဟူး "
ကျနော်သက်ပြင်းချမိသည်။ကျနော်ကတကယ်စိတ်မရှည်တဲ့လူပါ။စောင့်ရတာကိုလဲကျနော်မကြိုက်တတ်ကျနော်သိချင်တဲ့အရာဆိုချက်ချင်းသိချင်ပြီးကျနော်လိုချင်တဲ့အရာဆိုချက်ချင်းယူချင်သူမျိုး။ဘော်ဒါရောက်တော့သူမကသူမနာမည်ကိုမိတ်ဆက်သည်။ဆရာမနာမည်က
ဒေါ်ယမင်းစန္ဒာ စာကိုသေချာကြိုးစားကြပါခလေးတို့။ဆရာမကတော်တော်ငယ်ဦးမယ်ဆိုတဲ့စကားသံတချို့လဲကြားရသည်။တချို့‌ေကာင်‌ေတွကဆရာမကိုစိုက်ကြည့်‌ေနသည်မှာအတော်အကြာပင်။စာအုပ်တွေထုတ်ကာသင်္ချာတွက်ခိုင်းသည်။ည၁၀နာရီကျော်တော့
အားလုံးကိုနှုတ်ဆက်ပြီးသူမလဲပြန်မလို့လုပ်နေပြီဖြစ်သည်။တခြားသူတွေအားလုံးကအိပ်ခန်းဆောင်သို့သွားကြလေပြီ။ကျနော်ကသင်္ချာများမှားနေသေးသောကြောင့်ထပ်တွက်ရင်းတစ်ယောက်ထဲကျန်ရစ်သည်။
သူမကျနော့်အနားကပ်လာရင်း
"ဒီတပုဒ်ပြီးရင်အိပ်တော့
မနက်ဖြန်စောစောထပြိးစာလုပ်
သေချာဖြေခဲ့စာကို"
"မအိပ်ချင်သေးဘူး"
"ဘာလုပ်ချင်သေးလို့လဲစာလုပ်ဦးမလို့လားဆက်လုပ်"
"စကားပြောချင်သေးတယ်"
ကျမကြောင်သွားရသည်။ထိုကောင်လေးကအတတ်ကလေးပင်။စတွေ့တုန်းကတည်းကသူ့ပုံစံလေးကိုသဘောတော့ကျမိသည်။ဖော်ရွေပေမဲ့တခြားသူတွေနဲ့သိပ်မရောတတ်။
"ဘာပြောချင်လို့လဲပြောလေ"
"ဘာမှမဟုတ်တော့ဘူး ပြန်တော့လေနော်
ညည့်နက်နေပြီ"
"ဒီခလေးကတော့နော်ဘာပြောမှာလဲလို့
တော်တော်ဆိုးဆိုးပဲ"
သူမကစာအုပ်လေးနဲ့ကျနော့်ခေါင်းကိုခေါက်လိုက်သည်။သို့ပေမဲ့ကျနော်ပြုံးမိသည်။
"ဂရုစိုက်ပြန်နော်"
"မသိရင်နင်ကလူကြီးငါကခလေးကျလို့"
"အသက်ကလေး၆နှစ်ကွာတာကိုဗျာ"
"အသက်လဲကွာတယ်ဆရာမလဲဖြစ်တာမလို့ရိုရိုသေသေဆက်ဆံပါ"
"ဟုတ်ကဲ့ပါဗျာ"
"အဲ့လောက်လဲမရိုသေပါနဲ့
တကယ်တော့အမကဆရာမမဟုတ်ဘူး
အဒေါ်ကဆရာမမလို့သာuniကလဲပြီးပြီဆိုတော့ခနအားနေတာနဲ့guideလာလုပ်ပေးနေတာ"
"တကယ်ခနပဲလား"
ကျနော်သက်ပြင်းချကာမေးမိသည်။ကျနော့်စိတ်ထဲတွေးမိသည်ကသူမနှင့်ခနပဲတွေ့ရမည်လားဆိုသည်ပင်။ကျနော်ဘာတွေလျှောက်တွေးနေမှန်းမသိပေ။တကယ်တော့ကျနော်စိုးရိမ်နေမိသည်တခုခုကို။သို့ပေမဲ့ကျနော်ကိုယ်တိုင်တောင်သေချာမသိ။
"အင်းပေါ့ဘာဖြစ်လို့လဲ"
"ဘာမှမဟုတ်ပါဘူးအဲ့တာဆိုကျနော်အပေါ်တက်အိပ်တော့မယ် ... ဆရာမလဲပြန်တော့လေ"
"အဲ့တာဆိုသွားပြီမနက်ဖြန်ကံကောင်းပါစေ"
"Thank you"
"ဒါနဲ့မင်းနာမည်က"
"မိုးဝသုန်ဦးပါ"
"ဝသုန်ပဲခေါ်ပါနာမည်ကရှည်နေတော့လေ"
"ခလေးလို့ပဲခေါ်မယ်"
"ဗျာ"
ကျနော်မျက်နှာနီရဲလာသည်။သူမကရိုးရိုးသားသားပြောလိုက်ပေမဲ့ကျနော့်စိတ်တွေမရိုးသားဘူးထင်ပါရဲ့လေ။သူမကဟားတိုက်ကာရီရင်း
"ခလေးအရွယ်မလို့ခလေးခေါ်တာဆန်းသလားကွယ်... စာပဲကြိုးစားပါ
တခြားအာရုံတွေမရောက်နဲ့"
"ကျနော်မပြောတတ်ဘူး"
"ဘာကိုလဲ"
"တခုခုကိုမစွဲလန်းမိဖို့ကျနော်မတတ်နိုင်ဘူးပြောတာပါ ဘာမှမဟုတ်ဘူးထားလိုက်တော့"
"အဲ့တာဆိုပြန်ပြီ"
ကျနော်အပေါ်သို့တက်သွားသော်လည်းချောင်းငေးနေမိသည်။သူပြန်သွားတော့မှစိတ်ချလက်ချအိပ်မိသည်။မနက်စောစောထရင်းစာတွေလုပ်ဖြစ်သည်။သိပ်မကြာပါကျောင်းသွားရန်ကားရောက်လာတော့သည်။ကျောင်းရောက်တော့စာမေးပွဲအခန်းထဲတွင်
ဘေးကကောင်လေးတစ်‌ယောက်က
"ဘာလားဘောပြားပါလား"
ကျနော်ဘာသာအေးဆေးနေသော်လည်းသူတို့ကအေးဆေးမနေပါ။ကျနော်ကရန်မစတတ်သူပီပီရန်လာစရင်လဲငြိမ်ခံတတ်သူမဟုတ်။
"စောက်စကားကိုကြည့်ပြော စောက်ခလေး"
"ဘောပြားမလို့ဘောပြားပြောတာလီးဖြစ်လားကွာ"
"ငါ့ဘာငါဘောပဲပြားပြားဘောပဲလုံးလုံး
မင်းစောက်ပူဘယ်နှစ်ပြားပါလဲ ဟမ်
မင်းလိုယောက်ကျားကြီးဖြစ်ပြီးအခြောက်မပါးစပ်နဲ့ကောင်တွေကသာရွံစရာကောင်းတာ"
"အဲ့တော့လီးဖြစ်လား ငါလိုးမဘောပြား"
ကျနော့်ဒေါသကိုဆက်မထိန်းနိုင်တော့ပဲကျနော့်လက်သီးကသူ့မျက်နှာပေါ်သို့ရောက်သွားသည်။သူထိုးကိုယ်ထိုးရင်းနှင့်မျက်နှာများယောင်ကိုင်းကုန်သည်။ဝင်ဆွဲပေးလဲတားမရတော့ဆရာမလာမှငြိမ်သွားသည်။
"နင်တို့ဘာဖြစ်နေကြတာလဲ စာမေးပွဲဖြေဖို့လာတာလားရန်ဖြစ်ဖို့လာတာလား"
"သူအရင်ကျနော့်ကိုထိုးတာဆရာမ"
"မင်းအရင်ဘောပြားလို့လာခေါ်တာလေ"
"စကားနဲ့ပြောရင်စကားနဲ့ပြန်ပြောလေ
လက်ကဘာလို့ပါရတာလဲမိန်းကလေးလုပ်ပြီးယောက်ကျားတစ်ယောက်နဲ့ရန်ဖြစ်ရတယ်လို့"
"ကျနော်ကအေးဆေးနေတာပါကျနော့်ဖက်ကရန်မစတတ်သလိုရန်စလာရင်လဲငြိမ်ခံတတ်တဲ့အကျင့်မရှိလို့ပါဗျ"
"နင်ကငါ့ကိုပြန်ပြောနေတယ်ပေါ့လေ
တော်တော်ဆိုးတဲ့မိန်းမပဲခုစာမေးပွဲဖြေမလားရုံးခန်းသွားမလား"
"စာမေးပွဲဖြေမယ်"
ကျနော်မမှားတဲ့အတွက်ကြောင့်ရုံးခန်းမသွားနိုင်ပါ။ဒီနေ့ကံဆိုးသည့်နေ့ပါလားဟုတွေးမိရင်းစာဖြေလွှာရောက်လာပြီမလို့အာရုံစိုက်ကာရသ‌လောက်ဖြေခဲ့သည်။သင်္ချာသိပ်မကျွမ်းပေမဲ့အောင်မှတ်တော့ရလောက်ပါမည်။

ချစ်နေဖို့ပဲလိုတာပါWhere stories live. Discover now