အခန်း(၁)
Zawgyi+Unicodeကျွန်တော် ထွက်ပြေးခဲ့တာ ….
ဘာလို့ ထွက်ပြေးခဲ့တာလဲ
အခန်းတွင်းတစ်နေရာမှာ ကောင်လေးတစ်ယောက်က ခေါင်းလေးငိုက်စိုက်ထားပြီးတွေတွေလေး ကြမ်းပြင်ကိုစိုက်ကြည့်နေတယ် ။ သူ့ရှေ့မှာထိုင်နေတဲ့ဆရာဝန်ဖြစ်ဟန်တူတဲ့ မိန်းမကြီးတစ်ယောက်က သူ့ရဲ့အပြူမူမှန်သမျှကို လိုက်ပြီး အသေးစိတ်ကြည့်နေလေရဲ့ ။
အတော်ကြာအောင်ငြိမ်သက်နေပြီးမှ ထိုကောင်လေးဆီက စကားသံတစ်ချို့ထပ်ထွက်လာတယ် ။
နောက်ဆုံးအခွင့်ရေးမို့ "
အခွင့်ရေး ဘယ်သူ့အတွက်လဲ "
သူ့အတွက် ကျွန်တော်ပေးတဲ့နောက်ဆုံးအခွင့်ရေး "
သူ့ဆီက စကားသံကြားတဲ့ ဆရာဝန်က ခေါင်းလေးတစ်ငြိမ့်ငြိမ့်နဲ့ တစ်စုံတစ်ခုကိုနားလည်သွားဟန်တူပါတယ် ။
ဘာစကားမှဆက်ပြောမလာသေးပဲ သူ့ကိုစိုက်ကြည့်နေလေတယ် ။ ထိုချိန်မှာပဲ ကြမ်းပြင်ကိုငေးကြည့်နေရင်းမှ အပြင်ဘက်မှမိုးရွာလာတာကြောင့်ကောင်လေးအကြည့်တွေက အပြင်ဘက် ဆီသို့… မိုးကြောင့်ပဲ လားမသိ မြက်ခင်းပြင်လေးတွေက မိုးတွေနဲ့အတူ ကခုန်နေလေရဲ့ … ကြည့်နေတဲ့ကောင်လေးမျက်ဝန်းတွေ တစ်ဖြည်းဖြည်း မျက်ရည်စဝဲလာပြီး သူ့နူတ်ခမ်းကနေ စကားတစ်ခွန်းထွက်လာလေတယ် …။သူနဲ့ကျွန်တော် စတွေ့ခဲ့တုန်းကလည်း မိုးရွာနေခဲ့တယ် ……."
(လွန်ခဲ့တဲ့နှစ်နှစ်ခန့်သို့)
ရမ်တစ်ယောက် ထီးမပါလာလို့တစ်ယောက်တည်း ကိုယ့်ခေါင်းကိုယ်ပြန်ပုတ်ရင်းအပြစ်တင်နေ
လေတယ် ။
မေ့အုံး မေ့အုံး မိုးကလည်း အရင်ရက်ထီးပါတုန်းကတော့ မရွာဘူး "နောက်ဆုံးတော့ ဘယ်လိုမှမတတ်နိုင်တော့တာကြောင့်မိုးရေထဲပြေးဖို့သာသူဆုံးဖြတ်လိုက်တော့တယ်။
မိုးရေထဲပြေးလာတဲ့တစ်လျောက်တော်တော်များများက ထီးကိုယ်စီနဲ့သူတစ်ယောက်တည်းထီးမပါပဲပြေးနေမှန်းသူသတိထားမိလိုက်တယ် ။ရမ် စာအုပ်တွေကို ရေစိုမှာစိုးရိမ်တာကြောင့် ရင်ခွင်ပိုက်ကာပြေးရင်း တစ်နေရာရောက်တော့ တစ်စုံတစ်ယောက်ကိုအရှိန်နဲ့ဝင်တိုက်မိသွားတယ် ။
ဝင်တိုက်မိလိုက်တဲ့သူကလည်း ထီးမပါလို့သူ့လိုပဲ ပြေးလာပုံပဲ … နှစ်ယောက်သားလဲကျသွားပြီး စာအုပ်တွေလည်း ရေစိုသွားတော့တယ် ရမ် ချက်ချင်းပဲသူ့စာရွက် စာအုပ်တွေကိုအမြန်ကောက်ကိုင်လိုက်ရင်း လဲကျသွားတဲ့တစ်ဖက်လူကိုကြည့်တော့ ထိုသူက လဲနေရာမှ ချက်ချင်းပြန်ထပြီး ပြေးသွားတော့တယ် ။
ရမ် ဘာစကားမှမပြောလိုက်ရ။ ထိုသူကပဲလောနေတာလား မသိ။ ခဏတွင်း အဝေးကိုတောင်ရောက်နေပြီလေ။
ဘာလဲဟ ဘာမှတောင်မပြောသွားဘူး "
YOU ARE READING
သူ နဲ့ ကျွန်တော် ( New bL)
Romanceနှစ်ယောက်လုံးကလည်းချစ်တယ် နှစ်ယောက်လုံးကိုလည်းချစ်တယ် ဆိုတဲ့စာသားအတိုင်းပဲ ....သုံးပွင့်ဆိုင်ရှုပ်ထွေးတဲ့dramaဆန်ဆန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လို့ ဆိုရမယ် 🚨 ရိုမန့်တစ်ဆန်တာမှကြိုက်တယ်ဆိုရင်တော့ ဒါလေးက ငြီးငွေ့ဖွယ်ကောင်းတယ်လို့ခံစားရမယ်ထင်ပါတယ်။ 🚨 dr...