အခန်း (၃)
ဇိုင်းအိပ်ယာက နိုးနိုးခြင်း ခေါင်းတစ်ခုလုံးကိုက်ခဲနေတာကို ခံစားလိုက်ရတော့တာပါပဲ။ မနေ့ညကဘယ်လောက်တောင် သောက်လိုက်မိလို့ သူအိမ်ဘယ်လိုပြန်ရောက်လာမှန်းမသိတော့။
မီးဖိုချောင်ထဲ ရေသွားသောက်တော့စားပွဲပေါ်မှာတွေ့လိုက်ရတဲ့ စားစရာတွေနဲ့ စာရွက်လေးတစ်ရွက်ကြောင့်ဇိုင်းရုတ်တရက်ကြောင်သွားမိသည်။ချက်ချင်းစာရွက်လေးကိုယူဖတ်ကြည့်လိုက်တဲ့အခါမှာတော့ ရေးထားတာက(အကို ဇိုင်း ကျွန်တော် စားစရာလုပ်ပေးခဲ့တယ် နိုးလာတဲ့ခါ နွေးစားလိုက်နော် သောက်တာများတော့အစားသေချာစားမှဖြစ်မယ်။)
စာကိုဖတ်ကြည့်လိုက်မှပဲ ညက အခြေနေကိုပြန်တွေးကြည့်မိတော့တယ်…. သူနောက်ဆုံးမှတ်မိတာက ရမ် သူရှေ့ရောက်လာပြီးစကားလာပြောတယ် နောက်တော့….နောက်တော့ သူဆက်စဉ်းစားမရတော့….။
တွေ့တော့မှပဲ မေးဖို့သူဆုံးဖြတ်လိုက်တော့တယ်။ကျောင်းကိုလာတဲ့တစ်လျောက်လုံး ကဗျာသူ့ကို
ဆေးနံ့အကြောင်းတောက်လျောက်ကို ပွစိပွစိပြောလာတယ်။
နင့်ဘေးနားလမ်းလျောက်ရတာကလည်း ဆေးခန်းထဲရောက်သွားသလိုပဲ "
မပြောနဲ့ ငါနင်နဲ့ရန်ဖြစ်ဖို့အားမရှိဘူး "
နင် မနေ့က ဘယ်သွားခဲ့လို့ ခါးကိုတောင် ပလာစတာ ကပ်ထားရတာလဲ "
မမေးပါနဲ့တော့ ငါတောင် ဘာလုပ်မိနေမှန်းမသိတော့ဘူး"
ထားတော့ ငါညနေ နင်နဲ့မပြန်ဘူး သွားစရာရှိလို့ "
ကဗျာ သူပြောချင်တာပြောပြီး ကျောခုံးကိုတမင်တကာ ပုတ်သွားပြီးထွက်ပြေးသွားတော့ဟာ … ဒီဟာမလေးကတော့ နာပါတယ်ဆိုမှ"
ဟေး ရမ် "
အား...
ရုတ်တရက်နောက်ကနေ လှမ်းပုတ်လိုက်တဲ့ နိုင်ခန့်ကြောင့် ရမ် ထပ်နာသွားပြန်တယ် ....
အာ ဆောရီး ဆောရီး "
ရပါတယ်"
မင်း ထိခိုက်ထားတာလား "
ကျွန်တော် လူတစ်ယောက်ကို နှစ်ခါတောင် သယ်လိုက်ရတော့ နည်းနည်း ကျောနာသွားတယ်ထင်တယ်"
သြော် …..ဇိုင်းကြောင့်မှတ်လား "
ရမ် ခေါင်းသာငြိမ့်ပြလိုက်တော့တယ်။
မနေ့ညကတွက် ကျေးဇူးပဲ အကိုလည်း အဖွားအိမ်ဘက်ရောက်နေတော့ထွက်လာဖို့မလွယ်တော့လေ...."
ဒါဆိုနောက်မှဆုံမယ်နော် ဒါနဲ့ …. သောကြာနေ့အသင်းတွေ့ဆုံပွဲရှိတယ်နော်"
ပြောလည်းပြော ပြီး နိုင်ခန့် သူ့အဆောင်ရှိရာဘက်သို့လှည့်ထွက်သွားတော့တယ်။
YOU ARE READING
သူ နဲ့ ကျွန်တော် ( New bL)
Romanceနှစ်ယောက်လုံးကလည်းချစ်တယ် နှစ်ယောက်လုံးကိုလည်းချစ်တယ် ဆိုတဲ့စာသားအတိုင်းပဲ ....သုံးပွင့်ဆိုင်ရှုပ်ထွေးတဲ့dramaဆန်ဆန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လို့ ဆိုရမယ် 🚨 ရိုမန့်တစ်ဆန်တာမှကြိုက်တယ်ဆိုရင်တော့ ဒါလေးက ငြီးငွေ့ဖွယ်ကောင်းတယ်လို့ခံစားရမယ်ထင်ပါတယ်။ 🚨 dr...