Ep-3

436 49 0
                                    

Zawgyi

Hou lai, wo zong suan xue hui le,
Ru he qu ai ke qing
Zhao yi yuen qu, xiao shi zai ren hai

အိပ်ရာနိုးနိုးခြင်း ထိုးကိုက်လာတဲ့ခေါင်းကို
ဖိကိုင်ပြီး အိပ်ရာပေါ်ကနေအသာအယာထလိုက်သည်။

ပြန်ပစ်လဲတဲ့ ခန္ဓာကိုယ်ကို စိတ်က အလိုအကျစွာ ဆဲရေးပစ်လိုက်ရင်း မျက်နှာကြတ်ဖြူဖြူကို စိုက်ကြည့်မိတဲ့အခါ
မနေ့က သူဘယ်လိုဖြစ်ပြီး ဒီအခန်းထဲရောက်နေမှန်းမမှတ်မိတော့။

အဟက် *ထူးဆန်းစွာပဲ အခန်းထဲမှာ ရှောင်းကျန့်ရှိတုန်းကလို အငွေ့အသက်တစ်ချို့ရနေပါတယ်။

မဟုတ်မှလွဲ ကောများပြန်လာတာလား။
မျက်လုံးတွေပြန်မှိတ်ရင်း ဒါဟာအိမ်မက်မဖြစ်ပါစေနဲ့လို့ ဆုတောင်းတယ်။
ကျေးဇူးပြုပြီး...

"ရိပေါ် ! "

".... "

ဘုရားသခင်ဟာ နောင်တရသူအချို့ကို  ဒုတိယအကြိမ်မြောက် အခွင့်အရေးပေးလေ့ရှိတယ်တဲ့ ။အမူးပြေဟင်းချိုခွက်ကလေးကို ကိုင်ပြီး မတ်တပ်ရပ်နေတဲ့ရှောင်းကျန့်ကို မြင်ရတော့ ရိပေါ်အသက်တောင်ပြင်းပြင်းမရှူရဲဘူး။မျက်လုံးမှိတ်လိုက်တဲ့ တခဏမှာတင် ပြန်ပျောက်ကွယ်သွားမှာကိုကြောက်နေရတယ်။

" နိုးပြီလား ! "

သို့သော် ဝမ်းနည်းစရာက။

"ဦးလေးစုန့် ! "

သူမေ့သွားတယ် ဘုရားသခင်ဟာ အမြင့်ဆုံးကို ပစ်တင်ပြီးမှ ရိုက်ချလေ့ရှိတာကို။အချိန်လွန်နောင်တတွေက သုံးစားလို့မှမရတာ။

ဦးလေးစုန့်က ဟင်းရည်ခွက်ကို  စားပွဲပေါ်တင်ကာ ရိပေါ်ကို ပြုံးပြတယ်။သို့သော်ငြား မဲ့ပြုံး။လေးနှစ်လုံးလုံး သူဟာ ရိပေါ်အနားမှာနေပြီး ဒီအိမ်ကြီးကိုစောင့်ရှောက်ပေးတယ်။အဖိုးအခကတော့ အချိန်ရှိတိုင်း ရိပေါ်ရဲ့အမာရွတ်တွေကို ပြန်တူးစွပေးခြင်းဖြစ်တယ်။

"မောင်ရင့် အတွက် အမူးပြေဟင်းချို ! သုံးဆောင်ပါ ! "

ရိပေါ်က  ငုတ်တုတ်ထထိုင်ပြီး ပဲပင်ပေါက်အပြည့် ဟင်းရည်ခွက်ကို ခပ်တွေတွေငေးတယ်။
ပြီးတော့ နီစပ်စပ်မျက်သားတွေနဲ့ ဦးလေးစုန့်ကိုမော့ကြည့်တယ်။မငိုမိအောင် ထိန်းထားရတာ ပင်ပန်းတယ်။
တစ်ကယ်ပဲ ချက်ကောင်းကို ထိုးချလိုက်တာပဲ။

Remember MeWhere stories live. Discover now