မေ့လေပြေ
ဆေးလိပ်ငွေ့တို့က လေငြိမ်နေသဖြင့် မှောင်မိုက်သော ကောင်းကင်ယံသို့ လွန့်လူးတက်လို့သွားသည်။
အစီခံနား ကပ်နေပြီဖြစ်သောကြောင့် နောက်ဆုံးတစ်ချက် ခပ်ပြင်းပြင်းရှိုက်ပစ်လိုက်ကာ ဝရန်တာ နံဘေးရှိ ပန်းအိုးအဟောင်းလေးထဲသို့ ပစ်လိုက်၏။
တောင်ပုံယာပုံ ရှိနေသော ဆေးလိပ်တိုများက လှောင်ရယ်နေကြသလို...
နောက်တစ်လိပ် ထုတ်ပြီး မီးမညှိခင် အေးစက်နေသော အရသာမဲ့ ကော်ဖီကို တစ်ငုံလှမ်းငုံရင်း အချိန်ကြည့်ရန် ဖုန်း Power ခလုတ်ကို နှိပ်ကြည့်လိုက်၏။
မနက် ၃ နာရီ ၁၈ မိနစ်ဟု ပြနေသော ဖုန်းမျက်နှာပြင်ထက် သူမ ပုံက အခန့်သား...
ဆံနွယ်ရှည်တွေနှင့်...ရင့်ကျက်သော မိန်းမငယ်...ပြီးပြည့်စုံသူလေး...
မေသိပ်ချစ်တဲ့ " မ "
မ ပုံရိပ်လေး ပျောက်ကွယ်သွားမှာ စိုး၍ အလင်းမှိန်ခါနီး ဖုန်းမျက်နှာပြင်ကို လက်ညှိုးနှင့်လှမ်းထောက်ကာ ဆက်ကြည့်မိတော့ ကိုယ့်ကိုယ်ကိုယ်ပင် ရယ်ချင်မိသွားသည်။
အခုသူက အလှမ်းမမှီနိုင်တဲ့ ကြယ်ကို တောင့်တနေသလိုမျိုး...
My day တင်ထားသောပုံကို Screen shot ရိုက်ထားတာ ဖြစ်သဖြင့် အပေါ်မှ လိုင်းများက ကိုးလို့ကန့်လန့်ပါနေသေးသည်။
မ နှင့် စကားပြောလက်စ Conversation လေးကို ဖွင့်ကြည့်မိတော့ ညက ပို့ထားသည့် ' Good night ' ဟူသော စာလေးကို Seen ပင် မပြထား...
ထို့အတူ အပေါ်က Good Morning ကိုရော...
ဘာတွေကစ မှားယွင်းသွားတာလဲ ?
မေ့ရင်ထဲမှာ ဆက်သိမ်းမရတော့လို့ ဖွင့်ဟမိသွားတာကြောင့်လား ?
ပူလောင်အိုက်စပ်နေတဲ့ April လလယ်ခေါင်မှာ မေ့ရဲ့ အေးမြခြင်းလေးကိုစပြီးရှာတွေ့ခဲ့တာ။group chat တစ်ခုမှာ စပြီး ဆုံမိခဲ့စဥ်ကတော့ ရိုးရိုးသားသား ညီအမတွေလို ခင်မင်မှုမျိုးပါပဲလေ...
YOU ARE READING
မေ့လေပြေ {GL, One Shot}
Short Story"ထားမသွားနဲ့" လို့ပြောပြီး အရင်ထွက်သွားခဲ့တဲ့အမျိုးသမီးတစ်ေယာက်နဲ့ ၊ သူမ ကိုအချိန်အကြာကြီးစောင့်နေသေးတဲ့ နောက်ထပ်အမျိုးသမီးတစ်ယောက်။