𝓒𝓸𝓷𝓯𝓮𝓼𝓼𝓲𝓸𝓷

304 34 1
                                    

​ငြိမ်သက်စွာ မျက်နှာချင်းဆိုင်ရပ်​နေတဲ့​ ကောင်​လေးနှစ်​ယောက်။

မျက်ဝန်းချင်းအကြည့်စုံခိုက်.

.

.

.

.

.

.

.

.

.

ငါ...မင်းကို သ​ဘောကျတယ်...။

🍀🍀🍀

ရာသီ​တွေ ​ပြောင်းပါ​စေ ဘယ်တာ့မှ မ​ပြောင်းလဲတာ ငါ​ရဲ့နှလုံသား။

💓💓💓

Laptopကိုပိတ်ကာ အပြင်ကို​ငေးရင်း ​သောက်လက်စ​ ကော်ဖီလက်ကျန်ကို သောက်ရန်နှုတ်ခမ်းနား​တေ့လိုက်ကာမှ ​ဆိုင်တံခါးအဝမှာချိတ်ဆွဲထားတဲ့ ခေါင်းလောင်းသံ​လေးနှင့်အတူ ​ကျောင်းဝတ်စုံ​ဆင်တူလေး​တွေနဲ့ ဆိုင်ထဲဝင်သည့်​ကျောင်းသား​​အုပ်စုကြောင့် အ​တွေး​တွေကလွန်ခဲ့သည့် ၁၀ နှစ်တာက တူညီဝတ်စုံ ဝတ်ကာ ​ကျောင်းသွား​ခဲ့ရသည့် အချိန်​တွေဆီသို့ အ​တွေး​တွေက ​ခေတ္တ အလည်ပတ်​ရောက်ခဲ့ပြန်၏။

<<<<<<<<<<<<<<<<<<<<<<<<<

​ကျောင်းဆင်းချိန်....

​အခန်းဝ၌​ ကောင်​လေးနှစ်ယောက်မျက်နှာချင်း ဆိုင် ရပ်​နေကြသည်။

တစ်​ယောက်က သူ့ထက်မဆိုသ​လောက်နိမ့်​သော ​ကောင်​လေးကို ကြည့်​နေခဲ့သည်။

ထို​ကောင်​လေးက​တော့ မျက်လုံးစုံမှိတ်ကာ တစ်ဖက်သူအံ့သြ​လောက်သည့် စကားကို ဆိုခဲ့၏။

"ဒါဟာ ရုတ်တရက် ဆို​ပေမဲ့လည်း ငါမင်းကို...

ငါမင်းကို သ​ဘောကျ​နေခဲ့တာ..."

ကြားရသူက​တော့​ကိုယ့်နားကိုပင် မယုံနိုင်​ကြောင်ကြည့်​နေသည်မှာ မည်မျှပင်ကြာသွားသည်မသိလိုက်။

"....."

"....."

ထို ဖွင့်ပြောသည့်​ကောင်​လေးမှာ စက္ကန့်တို့ ကျော်လွန်ကာ မိနစ်သို့​ရောက်သည်အထိ တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိသည့် သူ့အ​ရှေ့က​ကောင်​​လေးကို ကြည့်ရင်း အ​နေခက်လာ၏။

8.I've always Liked YouWhere stories live. Discover now