《First meeting》
နှစ်ထပ်အိမ်လေး၏ခြံဝန်းကျယ်တွင် လူများ ဝင်လိုက်ထွက်လိုက်နှင့် အလုပ်ရှုပ်နေကြသည်။မနက်စောစောအိပ်ယာကနိုးလို့ ခြံထဲဆင်းကာ ဌက်ကလေးတွေကို ကြည့်နေသည့် ၃နှစ်သာသာ လောက်သာရှိသည့်သာ ကလေးလေးတစ်ယောက်။
သူ့ရပ်ကြည့်နေတုန်းကားလေးတစ်စီးက လူစည်ကားနေတဲ့ သူ့ရှေ့က ထိုခြံဝန်းကျယ်ကြီးထဲဝင်သွား၏။"ဟင်...."
ထိုကလေးလေးရဲ့အကြည့်တွေကလည်းကားနောက်သို့ ကပ်ပါသွား၏။"ကုကုရေ...မနက်စာစားရအောင်"
ကုကုလေးပြန်မထူးသည်မို့ ခြဲထဲသို့ မာမီ ဖြစ်သူဆင်းလာတော့ ရှေ့ခြံကိုလူသစ်တွေပြောင်းလာသည်ကို သတိထားမိလိုက်သည်။
"မာမီ...ဟိုမှာ သူတို့တွေဘာလုပ်နေတာလဲ? အများကြီးပဲ"
လက်ပိစိကလေးနှစ်ဖက်နှင့်လက်၁၀ချောင်းထောင်ပြကာမေးလာသည့်ကလေးလေးကတကယ့်ကိုချစ်စရာလေးပင်။
"သြော်...ကုကုလေးကလည်း အိမ်ပြောင်းလာတာနေမယ်...နောက်နေ့ကြမှ မာမီတို့သွားနှုတ်ဆက်ကြမယ်လေ။"
ခေါင်းလေးစောင်းကာ သူ့မာမီကို ပြူးပြူးလေးကြည့်ကာခေါင်းငြိမ့်ပြ၏။
မနက်စာစားပြီး ခဏကြာတော့ ကုကုလေးတစ်ယောက်ပြောထားတဲ့အတိုင်း အပြင်ထွက်ချင်နေပါပြီ။"မာမီ...သွားမယ်ချို.."
မပီကလာပီကလာနှင့် သူ့မာမီကိုပြောနေ၏။"ကုကုလေးရယ် နောက်နေ့မှသွားကြမယ်လေနော်..."
"အသု သွားမှာ...."
"သူများတွေအလုပ်ရှုပ်နေမှာလေ...ကုကုရယ်"
သူ့မာမီကိုပြောတာကို နားမထောင် သူလုပ်ချင်တာကို လုပ်နေ၏။
"မာမီ ကုကု ဒါဝတ်မယ်..."
အဝါရောင်hoodieလေးနဲ့ Jean ပြာအရောင်စိုစိုလေးကိုကိုင်ကာ သူ့အားဝတ်ပေးရန်သူ့မာမီအားဂျီကျနေသည်။
"ကုကု က ဟိုဘက်အိမ်အရမ်းသွားချင်နေတာပဲ...။
ကုကု သူငယ်ချင်းတွေ့လိုက်လို့လား?"
![](https://img.wattpad.com/cover/313201477-288-k321126.jpg)