Episode-12

1.5K 108 6
                                    


“စိတ်တိုင်းကျရဲ့လား••••ဝမ်”

ရှောင်းကျန့် သူ့ရှေ့မှာ BOOM ရဲ့ ပြင်ဆင်ထားမှုတွေကို ခေါင်းလေး တစ်လှုပ်လှုပ်ညိမ့်ရင်း လိုက်ကြည့်နေတဲ့ ဝမ်ရိပေါ်ကို မေးနေခြင်းဖြစ်လေသည်။

"အင်း••• အများကြီးပေါ့၊ ဒီ နေရာတွေမှာ သုံးထားတဲ့ ကာလာတွေနဲ့ ပစ္စည်းနေရာ အထားအသိုတွေရော ကွျန်တော် တကယ်သဘောကျပါတယ်”

အရှေ့ကို လှည့်ပတ်ကြည့်နေရာကနေ သူ့ဘက်လှည့်လာပြီး သေချာလေး ဖြေပေးနေတာမို့ ရှောင်းကျန့် သဘောတကျ ဖြစ်သွားရသည်။ တစ်ယောက်ယောက်က ကိုယ့်ကြောင့် စိတ်ကျေနပ်ပျော်ရွှင်နေရင် ကိုယ်ကိုယ်တိုင်လဲ ကျေနပ်ပျော်ရွှင်ရတယ်ဆို သူတကယ်လက်တွေ့ကြုံနေရတာပင်။ ကိုယ့်ကြောင့် ပျော်နေရတာက ဝမ်ကောင်လေး ဖြစ်နေလို့ ပိုပြီး ပျော်နေရကာ ရှောင်းကျန့်မှာ အပြုံးတို​့မရပ်နိုင်ပေ။

“ဒီက တာဝန်ခံကို ခေါ်ပေးရအုံးမလား••ဝမ်၊ သူ အပေါ်လွှာတွေမှာ ရောက်နေတာဖြစ်မယ်၊ကိုယ်တို့လာမယ့်အကြောင်း ကိုယ် ကြိုမပြောထားဘူး၊ ဝမ် ပြင်ချင်တဲ့ဟာတွေရှိရင် တစ်ခါတည်း ပြောလို့ရ အောင်လို့လေ••”

“ နေပါစေ•••ခင်ဗျားရှိနေတာပဲကို”

သူ့အမေးကို ပေါ့ပေါ့ပါးပါးဖြေရင်း တခြားနေရာတွေ လျှောက်ကြည့်နေလေပြီ။

ဝမ်ကတော့ မေးလို့ဖြေတာပေမယ့် သူ့ဘက်ကတော့ ဒီအဖြေမှာတင် အူထဲ အသည်းထဲ လှိုက်နေလေပြီ။ ၃၃နှစ်ပေမယ့် အချစ်နဲ့တွေ့ရင် ရူးရတာပဲမလားလေ။

“ ဒီ ဧရိယာတစ်ခုလံုးကို အနက်​ေရာင်​ေတွချည်း သံုးထားတာ ကွျန်​ေတာ် တကယ်သ​ေဘာကျတယ်၊ Bikers အများစုက အနက်​ေရာင်ကို crazy ​ြဖစ်​ြကတယ်၊ ကွျန်​ေတာ် အပါအဝင်​ေပါ့၊ နီယွန်မီးပါသံုးထား​ေတာ့ ဒီထဲကို ​ေရာက်လာတာနဲ့ စိတ်ထဲ တစ်ခုခု ခံစားသွားရတာမျိုး၊ အဲ့ဒီခံစားချက်က တစ်ကယ်မိုက်တယ်••”

‘အင်း••မင်းဒီ​အ​ေရာင်ကို ​ြကိုက်မှန်းသိလို့ ကို​ယ်ေရွးခဲ့တာ​ေပါ့••’

“ ဝမ် စိတ်တိုင်းကျတယ်ဆို​လို့ ကိုယ်တကယ်​ စိတ်​ေအးသွား​ြပီ•••• ဒီ Project က ကိုယ် Bike နဲ့ ပတ်သတ်ပီး ပထမဆံုး စကိုင်တဲ့ Project ​ေလ••”

Encounter To Trap (Completed)Where stories live. Discover now