𝐉𝐮𝐥𝐢𝐞𝐭

3.6K 185 54
                                    

𝒔𝒖𝒈𝒈𝒆𝒔𝒕𝒆𝒅 𝒔𝒐𝒏𝒈 - 𝑱𝒖𝒍𝒊𝒆𝒕 𝒃𝒚 𝑪𝒂𝒗𝒆𝒕𝒐𝒘𝒏

ပထမဆုံးလ

အရာအားလုံးက ခက်ခဲတာပေါ့...

ဘာသာစကား... အစားအသောက်... နေထိုင်ပုံတွေ...

ကျွန်တော့်ရဲ့မွေးရပ်မြေဖြစ်ပေမဲ့ အစိမ်းသက်သက်ဖြစ်နေတာမို့လို့... အသက်ဆယ့်ခုနစ်နှစ်ပဲရှိသေးတဲ့ ကျွန်တော်က အများကြီး သည်းခံခဲ့ရတယ်။ ဖြစ်လာဖို့မသေချာတဲ့ အိပ်မက်တွေအတွက် အထက်တန်းကျောင်းကိုရပ်တန့်ခဲ့ရတာကို မယုံနိုင်ဘူး။ အဲ့တာထက်ကို သေချာပေါက် ဖြစ်ချင်တဲ့ဆန္ဒတွေအများကြီးရှိခဲ့ပေမဲ့ တစ်ခါတစ်လေကျ ကျွန်တော်ဘာတွေလုပ်နေမိမှန်းမသိတော့ဘူး။

ဂီတသင်ခန်းစာတွေကခက်တယ်။ ကကွက်တစ်ခုကို သေချာပြသနိုင်အောင် အကြိမ်တစ်ရာလောက် လေ့ကျင့်ရတယ်။ ကျွန်တော်ကနေတာက ဗျိုင်းတစ်ကောင်နဲ့တူတယ်လို့လဲ အကြိမ်ပေါင်းများစွာ ဝေဖန်ခံရတယ်။ တစ်ခါတစ်လေဆိုရင် လေ့ကျင့်နေတဲ့အခန်းထဲက နှင်ထုတ်ခံရတဲ့အချိန်တောင်မှရှိတယ်။ ဆရာကကျွန်တော့်ကို ဒေါသတကြီးနဲ့အော်တယ်။

"မင်းရဲ့ ဩစတေးလျကိုပဲ ပြန်တော့ နိုင်ငံခြားသား မင်းက ဒီမှာရှိနေရမှာမဟုတ်ဘူး" တဲ့။

ဒီကိုရောက်နေခဲ့တဲ့ တစ်လမှာ ဘယ်လောက်တောင် ယုံကြည်မှုတွေရိုက်ချိုးခံခဲ့ရပြီလဲ မသေချာတော့ဘူး။ ဘာလို့ မသေချာတဲ့ အိပ်မက်ဆိုတဲ့တစ်စုံတစ်ခုအတွက် ကိုရီးယားကို ရောက်လာခဲ့ပါလိမ့်။ ဂီတသင်ခန်းစာတွေအ‌ပေါ် အခြေခံလေးတောင်မှမရှိခဲ့ပဲ လာဖို့ဆုံးဖြတ်ခဲ့မိပါလိမ့်။ global auditionကိုအောင်ခဲ့တုံးက ဂုဏ်ယူခဲ့မိတဲ့စိတ်က ဒီနေရာမှာတော့ အစိတ်စိတ်အမြွာမြွာကွဲကြေသွားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဆုံးဖြတ်ပြီးသား နှလုံးသားကတော့ ဒါက ငါပိုင်တဲ့နေရာပဲလို့ တိုးတိုးလေးပြောနေခဲ့တယ်။ ဒီနေရာမှာ သေချာပေါက်ရှိရမဲ့ အကြောင်းအရင်းဆိုတာမျိုး ရှိနေသလိုပါပဲ။

ကျွန်တော့်ရဲ့ကျောကုန်းမှာ ပလာစတာတွေအပြည့်နဲ့။ ခြေထောက်တွေမှာ အရည်ကြည်ဖုတွေဖြစ်နေတတ်ပြီး ကျွန်တော့်ရဲ့ကိုယ်သင်းနံ့အစား ပလာစတာက အနံ့တွေက ကိုယ်ပေါ်မှာစွဲနေခဲ့တယ်။ နေ့တိုင်း နေ့တိုင်း ဒီလိုမျိုးပဲ ရှိနေခဲ့တယ်...။ ကျွန်တော်ဟာ traineeတွေအတွက် ခွဲထားတဲ့ အဆင့်အနိမ့်ဆုံး တန်းခွဲEမှာပဲ ရှိနေခဲ့ပြီး... ဒါကငါ့ရဲ့ပထမဆုံးလမို့လို့ပါလို့ နှစ်သိမ့်နေခဲ့ပေမဲ့ အတွင်းစိတ်ထဲမှာ သိမ်ငယ်နေခဲ့တုံးပဲ။ ကျွန်တော့်ရဲ့ပတ်ဝန်းကျင်မှာ အရည်အချင်းနဲ့တောက်ပနေတဲ့လူတွေအများကြီး ရှိနေခဲ့ပေမဲ့ ကျွန်တော်က ဘာမှမသိပဲ... ဘာတစ်ခုလေးတောင်မှနားမလည်ခဲ့ပဲ ရောက်လာခဲ့တာလဲ ကျွန်တော်ကိုယ်တိုင်တောင်မှ မသေချာတော့ဘူး။

𝐉𝐮𝐥𝐢𝐞𝐭 (Completed)Where stories live. Discover now