part 1

152 13 8
                                    

"မယ်‌တော်အဲ့ပန်းနတ်ဘုရားကဘာလို့မပြုံးတာလဲ"

"သားတော်အဲ့ပန်းနတ်ဘုရားလို့မပြောရဘူး သူက Dianthe ဆိုတဲ့ဘွဲ့အမည်ခံယူထားတာ ကင်မ်ထယ်ယောင်းဆိုတဲ့ပဲ သူကြောင့်သာ အမေတို့ တိုင်းပြည်ကြီးဟာ သူကြောင့်လှပ မွေးကြိုင်နေရတာ သားတော်ရဲ့ သူဘာကြောင့်မပြုံးတော့တာလည်းဆိုတော့ လွန်ခဲ့တဲ့နှစ်တစ်ထောင်ကသူ့ရဲ့ချစ်ရသူက သူ့အရှေ့မှာတင် သေဆုံးသွားလို့ပဲသားတော်"

"ဘာဖြစ်လို့သူ့ချစ်ရသူကသေဆုံးသွားရတာလဲမယ်တော်"

"သားတော် မယ်တော်တို့ နတ်ဘုရားတွေမှာလည်းစည်မျဉ်းတွေရှိတယ် သားတော် အဲ့ထဲကအရေးကြီးဆုံးဖြစ်တဲ့ လူသားတွေနဲ့ချစ်ကြိုက်ခွင့်မရှိတာပဲ Dainthe ကလူသားတစ်ယောက် ကိုချစ်ခင်နှစ်သက်မိသွားတဲ့အတွက် နှစ်ယောက်လုံး မိုးကြိုးကျားပွတ်ဆိုတဲ့ အကြီးလေးဆုံး ပြစ်ဒဏ်ကို ဒဏ်ခက်ခံလိုက်ရလို့ပဲ သားတော် နတ်ဘုရားတစ်ပါးတောင် မိုးကြိုးကျားပွတ်ရိုက်ခံရရင် သေမတတ်နာကျင်ရတာ လူသားဆိုတော့လည်း ကျားပွတ်အချက်ရေငါးဆယ်မှာတင် သေဆုံးသွားရတယ် အဲ့အချိန်ကစပြီး Dainthe ရဲ့နှလုံးသားကွဲကြေပြီးပျော်ရွှင်မှုဆိုတာသူ့‌ဆီက‌ နေပျောက်ဆုံးသွားတော့တာပဲ သားတော်"

ထယ်ယောင်းတစ်ယောက် လမ်းထွက်လျှောက်နေတုန်းလနတ်သမီးသူ့သား‌တော်ကို ကျွန်တော်အကြောင်းတွေပြောပြနေတယ်ထင်ပါ့ ဒီမှာရှိသမျှ နတ်ဘုရားတွေကကျွန်တော်နဲ့ဂျွန်အကြောင်းကိုပြောရတာ သဘောတွေ့နေလားတော့မသိ  ကျွန်တော်တို့အကြောင်းပြောတိုင်းလည်းနာကျင်ပေမဲ့ နှလုံးသားမရှိတဲ့ကျွန်တော်ကတော့လုံးဝကိုခံစားလို့မရတော့ချေ နတ်ဘုရားတွေကနှစ်နှစ်ခါခါချစ်မိခဲ့ရင် နှလုံးကို သူတို့ချစ်ရသူကပိုင်သည် သူတို့သေဆုံးသွားတဲ့အခါ နှလုံးသားကပျောက်ကွယ်သွားသလို သစ္စာဖောက်မိရင်လည်းနှလုံးသားကွဲ‌ေကြရသည် သို့သော် နတ်ဘုရားတွေအားလုံး နှလုံးသား မပျောက်ဆုံးတတ်ချေ ထိုနတ်ဘုရားများထဲတွင်ကျွန်တော် မပါဝင်ချေ ကျွန်တော်ကတော့ လူသား‌ဖြစ်တဲ့ဂျွန့်ကိုချစ်ခဲ့မိတယ် ကျွန်တော်တို့နန်းဆောင်ကို လူသားများလာခွင့်မရှိသလို ကျွန်တော်တို့ကလည်းလူ့ကမ္ဘာကိုဆင်းခွင့်မရှိချေ ကျွန်တော်ကနတ်ဘုရားစည်းမျဉ်းတွေကိုဖောက်ဖျက်မိခဲ့တယ်ထင်ပါရဲ့

The ViolinWhere stories live. Discover now