Part(3)

7.9K 212 1
                                    

"အရှင့်ထံပါး၌ ခစားခွင့်ရခဲ့သည်ရှိသော်✨"

Part(3)
-------
-------

"Daddy"

အမှောင်ထုကိုဖြတ်သန်းလာတဲ့ တိတ်ဆိတ်နေသော ကားလေးရဲ့ ငြိမ်သက်မှုကို ဖြိုခွင်းလိုက်သည်က တေဇ ရဲ့အသံပင်ဖြစ်သည်...

"ပြောလေ..."

"နသာန်က ဘယ်လိုဖြစ်ပြီး အကိုကြီးရဲ့ မိန်းကလေးဖြစ်သွားရတာလဲဆိုတာ ကျွန်တော်အခုထိ စဉ်းစားလို့မရသေးဘူး Daddy!!"

"အင်း!!"

တေဇဘုန်းခေါင်စကားကြောင့် ဦးမဟာခေါင် သက်ပြင်းတစ်ခုချလိုက်မိသည်...
ဌာန်ဗဟိုလ် အခုလို လုပ်ရတဲ့အကြောင်းရင်းကို တေဇ မသိပေမဲ့  သူ သေချာသိနေခဲ့သည်မဟုတ်လား...
ဦးမဟာခေါင် အကြည့်တွေကို ဘေးက ကားမှန်ကိုသာစိုက်ကြည့်လိုက်ရင်း အတွေးတွေတစ်ပိုင်းတစ်စ ပြန့်လွင့်သွားလေတော့သည်...

သူ့စကားကိုမဖြေပဲ သက်ပြင်းချကာ ကားမှန်ဘက်ကိုမျက်နှာလွှဲသွားတဲ့ Daddyကိုကြည့်ပြီး တေဇ နားမလည်နိုင်တော့...

"အော်...နောက်တစ်ပတ် Sundayကျရင် လီလီ နှစ်ပတ်လည်နေ့တောင်ရောက်ပြီပဲ"

ရီဝေသောအကြည့်တွေနဲ့ ပြင်းရှရှအသက်ရှုသံကြားကနေ ထွက်လာတဲ့Daddyစကားကြောင့် တေဇ အလိုက်သိစွာ ငြိမ်သက်လိုက်မိတော့သည်...
Daddyရဲ့ခံစားချက်ကို သူကောင်းကောင်းသိလိုက်သည်မဟုတ်လား...

■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■

ပါတီပွဲက ပြန်လာတဲ့ လမ်းတစ်လျှောက်မှာ နသာန်သာမက သူပါ တိတ်ဆိတ်နေသည်ပင်...
နသာန် ဘေးတိုက်အနေအထားနဲ့မြင်နေရတဲ့ ဗဟိုလ်မျက်နှာကို ကြည့်မိတော့ ထုံစမ်းအတိုင်းတည်ငြိမ်နေသည်ကိုသာ တွေ့လိုက်ရသည်...

"ကျွန်မ ရှင့်ကိုမေးစရာတစ်ခုရှိတယ်!!"

"ငါမင်းထက် အသက်၁၆နှစ်တောင်ကြီးတယ်...ရှင်နဲ့ကျွန်မ လို့ပြောရင်အရမ်းရိုင်းတယ် ဆောင်းနသာန်!!"

"အဟွန့်!!"

ဗဟိုလ်စကားကြောင့် နသာန်နှုတ်ခမ်းကိုမဲ့ချပစ်လိုက်သည်...

■သူကျတော့ တော်တော်လေးလိမ္မာယဉ်ကျေးသူကြီးဆိုတော့...

ခပ်ကြောကြောပြောလိုက်တဲ့ သူ့စကားကြောင့် ဖြစ်ပေါ်လာတဲ့ ဒေါသတွေကိုနသာန်မျိုသိပ်လိုက်ရင်း
ခုနကထဲကမေးချင်လွန်းတဲ့ မေးခွန်းတွေကို အစပြုဖို့စတင်လိုက်တော့သည်...

အရှင့်ထံပါး၌ ခစားခွင့်ရခဲ့သည်ရှိသော်(Complete)(Unicode)Where stories live. Discover now