(9) ရှစ်ဖူနဲ့ တွေ့ဆုံခြင်း
လီရှန်းရဲ့ မျက်နှာထားက အတော်လေးဆိုးရွားနေပြီ။"အဲဒီတော့"လို့ခေါ်တဲ့ ရှောင်လင်က သူ့ကို မြေကြီးပေါ်သို့ဖိချပြီး အရူးအမူး ရိုက်နှက်နေခဲ့တယ်။ သူမှာ လုံးဝပြန်ခုခံနိုင်ဖို့ နည်းလမ်းတစ်ခုလေးတောင် မရှိခဲ့ဘူး။ သူ မြားနဲ့ပစ်ခါနီးတိုင်းမှာ တစ်ဖက်လူက မှန်ကန်တဲ့ စကေးတွေနဲ့ နှောက်ယှက်နိုင်တယ်: သူ့ဘက်မှ ရှောင်ဖို့အတွက်"ခုန်ကျော်ခြင်း" ကို အသုံးပြုလိုတဲ့အချိန်တိုင်း တစ်ဖက်လူက သူ့ကို ပြန်ဆွဲဖို့အတွက် နဂါးလက်သည်းကုတ်ချက်ကိုအသုံးပြုလိမ့်မယ်.....
မင်း အနိုင်လည်းမယူနိုင်သလို ထွက်လည်းမပြေးနိုင်တဲ့ တစ်စုံတစ်ယောက်နဲ့တွေ့တဲ့အချိန်မှာ တကယ်ကို စိတ်ပျက်လက်ပျက်ခံစားရလိမ့်မယ်...
အဲဒီနောက်ရော? နောက်ထပ် ဘာမှ ဆက်ဖြစ်မလာပါဘူး။
တိုက်ပွဲကို တိုက်ခိုက်ရတဲ့အချိန်က တဖြည်းဖြည်း တိုတောင်းလာတယ်။ နောက်ပိုင်းမှာတော့ လီချန်းကို အဆုံးသတ်ဖို့အတွက် ၁၅စက္ကန့်သာလိုအပ်တော့တယ်။
လီရှန်းကတော့ တကယ်ကို ငိုချင်နေပြီ !
ကော ကျေးဇူးပြုပြီး ငါ့ကိုမျက်နှာသာ နည်စနည်းလောက်ပေးလို့ရမလား ? မင်းက ငါ့ကို ဂိမ်းထဲက မွန်းစတားတစ်ကောင်လို သဘောထားနေတာလား?
ချင်ယဲ့က လီရှန်းကို တကယ်ပဲ မွန်းစတားတစ်ကောင်လောက်ပဲ သဘောထားပြီး ရိုက်နေခဲ့တာ။ နောက်တော့ သူက မွန်းစတားကို ရိုက်နှက်ရတာကိုတောင် ပျင်းရိရင်း သန်းဝေလာခဲ့တယ်။
ဒါက အရမ်းကိုပျင်းစရာကောင်းလွန်းတယ်။ မူလတုန်းကတော့ လျို့ချွမ်က သူ့ဆီကို စိတ်ဝင်စားစရာကောင်းတဲ့ သဲအိတ်တစ်အိတ်ကို ကန်ထုတ်လိုက်တယ်လို့ထင်နေတာ။ အခုတော့ ထန်ဂုဏ်းကိုစွဲလမ်းပြီး ရှုပ်ပွနေတဲ့ လူသစ်လေးဖြစ်နေတာကို သိလိုက်ရတယ်။ ဒီကောင်လေးကတော့ လူသစ်တွေအားလုံးထဲမှာတောင်မှ ရယ်စရာအကောင်းဆုံးလူသစ်ဖြစ်နေမှာပဲ။
လီရှန်းကတော့ ခက်ခဲတဲ့အချိန်ကိုရောက်နေရတယ်။ သူက သူ့ရဲ့စွမ်းအင်တွေကို ဆင့်ခေါ်ဖို့ကြိုးစားတဲ့အကြိမ်တိုင်း အကြိမ်ပေါင်းများစွာအနိုင်ကျင့်နှိပ်စက်ခံရပြီး အချိန်တိုင်းမှာ ကြမ်းတမ်းစွာအရိုက်နှက်ခံနေရတယ်။
YOU ARE READING
အင်အားအကြီးဆုံး ဂိမ်းနတ်ဘုရား [E_sport/online Gaming]
AdventureEsport Gaming MC Gong Shameless Gong teamwork