Unicode
အကြည်ရောင်မှန်တစ်ချပ်ရဲ့ အပြင်ကနေ
ခပ်နှေးနှေးရွာသွန်းနေတဲ့ မိုး။ဘာရယ်မဟုတ် မှန်ပေါ်ကို တစ်စက် တစ်စက် စီးကျလာတဲ့ မိုးစက်တွေကို မှန်အတွင်း
ဘက်ကနေ ခပ်တွေတွေးလေး ငေးနေမိတယ်။ဂျိမ်း!
အလင်းတန်းတစ်ခုခပ်သွက်သွက် ဖြစ်ပေါ်သွားပြီး အဲ့နောက်မှာတော့ မိုးခြိမ်းသံတစ်ခုကိုကြားရတယ်။
ခေါင်းရဲ့ညာဘက်အခြမ်းက ထိုမှန်ကိုမှီထားရင်း ခပ်ဝိုင်းဝိုင်းမျက်လုံးငယ်တွေဆီက
မိုးရေစက်တွေနှင့်အပြိုင် မျက်ရည်တွေ
ရွာသွန်းနေပြန်တယ်။အခုသူမစိတ်ထဲမှာ တွေးနေသည်က
"မေ့မေ့ကို မုန်းသည်။ မေ့မေ့ကို နာကျည်းသည်။ "
သို့သော်လည်း သူမ ၏မသိစိတ်ထဲတွင်
သူ့မေမေကို သူမ သိပ်ချစ်သည်။ကျဆင်းနေတဲ့မျက်ရည်တွေကို လက်ခုံ နှင့်
ခပ်ကြမ်းကြမ်းသုတ်ပြစ်လိုက်သည်။သူမစိတ်တွေ မာကျောနေမှရမယ် ။ အဲ့ဒီလူကို အနိုင်ရဖို့ သူမစိတ်တွေ မှာကျောနေမှရမယ်။
တစ်ယောက်တည်း သီးသန့်နေတတ်တဲ့အကျင့်ကြောင့် ခရီးသွားကားရဲ့ ဘေးချင်းကပ်လျက်နှစ်ယောက်ခုံကိုတောင် သူမ တစ်ယောက်ထဲ အေးဆေးစွာ ထိုင်ချင်တာကြောင့်
ငွေနှစ်ဆပေးကာ ဝယ်လိုက်သည်။ထိုသို့ဝယ်လိုက်ခြင်းကပင် အဆင်ပြေသွားသည်။
မိုးရာသီဖြစ်သော်လည်း ဒီခရီးသွားကားပေါ်မှာ လူတွေကအပြည့် တစ်ချို့ဆို ထိုင်ခုံနှစ်ခုကိုပင်လူသုံးယောက်ထိုင်ရသည်။
အပေါ်တည့်တည့်လေအေးပေးစက်က ရိုက်ခတ်လာတဲ့ အအေးဓာတ်တွေဟာ အတော်လေးကိုမှ အနှောက်အယှက်ပေးနေသဖြင့် ပိတ်ထားလိုက်သည်။
သိပ်မကြာလိုက်ပါဘူး ကွေ့ကွေ့ကောက်ကောက်လမ်းတွေကို ဖြတ်ပြီးနောက်
"ဟန်ဆမ်း" မြစ်ကြောင်းရဲ့ အခွဲအဖြာဖြစ်နေသော မြစ်ရေ အိုင်များကို ဘေးဘီဝဲယာတွင်
တွေ့ရသည်။" မဂ်လာပါ ခရီးသည်များခင်ဗျာ မကြာခင်အချိန်အတွင်း "ဆန်ဆမ်းမူ" မြို့ကိုရောက်ရှိတော့မှာ ဖြစ်ပါ့သဖြင့် ခရီးသည်များအနေဖြင့် မိမိတို့၏ အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည် ထုတ်ပိုးနိုင်ပါပြီ ခင်ဗျာ"
YOU ARE READING
Woman with curly hair(Jenlisa🖤)