ငယ့်မှာ ကိုကိုနဲ့ပတ်သက်ပြီး စိတ်ကူးယဉ်အိပ်မက်လေး တစ်ခုရှိတယ်။
တစ်နေ့နေ့တော့ ကိုကိုနဲ့ နှစ်ယောက်အတူ ငပလီဖြစ်ဖြစ် ငွေဆောင်ဖြစ်ဖြစ် သွားမယ်...။
မနက်ခင်းမှာ အတူတူ အိပ်ယာထမယ်...။
ရေချိုးခန်းကို လုကြမယ်...။
"မိတ်ကပ်ပြင်ရတာ ကြာတယ်နော်" ဆိုတဲ့အကြောင်းပြချက်နဲ့
ကိုကိုက ငယ့်ကို အရှုံးပေးမယ်။နေ့လည်စာ စားတဲ့အခါ ကိုကိုနွှင်ပေးထားတဲ့ ပုစွန်ကို ကိုကို့ပုခုံးပေါ် ခေါင်းမှီထားရင်း စားမယ်။
ညနေခင်းမှာ ကိုကို့လက်ကိုတွဲထားပြီး အေးအေးဆေးဆေးစကားပြောရင်း ကမ်းခြေမှာ လမ်းလျှောက်မယ်...။
ဒီလောက်ပါပဲ...
ဒီလောက်လေးပါပဲ....။အခု ကိုကိုထားသွားတော့ ငယ် ဘယ်လိုလုပ်ရပါ့မလဲ။
သေချာတာကတော့ ကိုကိုနဲ့အတူသွားမယ်ဆိုတဲ့ နေရာကို ငယ်တစ်ယောက်ထဲ သွားကြည့်ချင်တယ်...။
အခုတစ်ခါ စိတ်ကူးယဉ်အိပ်မက်ကတော့
ကမ်းခြေမှာ တစ်ယောက်ထဲ လမ်းလျှောက်ရင်း...
ကိုကို့ကိုလွမ်းမယ်လေ...။လွမ်းခွင့်တော့ ရှိသေးတယ်မို့လား။
#yns
