<< UNicode >>
Heartbeat~♡
လူ့အသက်တွေကို ကယ်တင်တဲ့နေရာတစ်ခု ၊တစ်ကမ္ဘာလုံးသိနိုင်လောက်အောင်တော့ နာမည်မကြီးပေမယ့် ဆိုးလ် မြို့တွင်တော့Lightဆိုတဲ့ဆေးရုံက အတော်လေးနာမည်ကြီးသည်။ထူးချွန်တဲ့ဆရာ၀န်တွေရှိပြီး လူတွေ၏သေခြင်းတရားကို ပြောင်းလဲနိုင်သည်မှာ ဟိုးလေးတကြော်ကြော်။ဌာနပေါင်း 100ကျော်ရှိတဲ့ အထဲမှ အရေးပေါ်ဌာန၏ ' ဘုရားရှင်က မှော်လက်ဖြင့် ထုဆစ်ဖန်တီးပေးလိုက်သည်'ဟု တင်စားရသော ကျွမ်းကျင်ထူးချွန်သည့် ဆရာ၀န်နှစ်ယောက် ။အသက်ငယ်သည့်တိုင် ပညာဂုဏ်ဟာ သိပ်ကိုကြီးမားသည်။ သူတို့နှစ်ယောက်ထိတွေ့လိုက်ရုံနဲ့တင်လူနာတိုင်းဟာရောဂါတစ်၀က်သက်သာသွားသည်ဟု တင်စားမှုတွေလဲရှိသည်။ ဌာနတိုင်းမှာတော့ ကျွမ်းကျင်ပြီးနာမည်ရတဲ့ဆရာ၀န်တွေရှိပေမယ့်လို့ အရေးပေါ်ဌာနက ဆရာ၀န်လေးနှစ်ယောက်ရဲ့ဂုဏ်သတင်းကိုတော့ မကျော်လွန်နိုင်ပေ။
တစ်နေ့တာ စစခြင်းမှာပင် အရေးပေါ်ဌာနဟာ ပြေးလွှားနေရတဲ့ ဆရာ၀န် ၊အလုပ်သင် ၊လူနာ၊ လူနာရှင်တွေနှင့်ရှုပ်ရှပ်ခက်နေရသည်။
တီတီတီ~~~
" ဟယ်လို "
"3မိနစ် အတွင်း လူနာနှစ်ယောက်ရောက်မယ် "
ဖုန်းပြောချင်းပြီးစီးသွားသည့်အခါမှာတော့ အရေးပေါ်ဌာနဟာ ရုတ်ရုတ်သဲသဲဖြစ်သွားရသည် ။ ဒါဟာအဆန်းတော့မဟုတ် အရေးပေါ်ဌာနရဲ့ အမူအကျင့်သာ ။နားချိန်လေးရလို့ coffeeလေးသောက်ခါရှိသေး ဖုန်းထဲmessages၀င်လာတာမို့ အမြန်ထပြေးရပြန်သည်။ထိုသူက လူတွေတင်စားနေကြသည့် မှော်လက်ပိုင်ရှင်နှစ်ယောက်ထဲက တစ်ယောက်ပေါ့
" Dr. ချွဲ "
သူနာပြု ဒိုယောင်းအား ခေါင်းငြိမ့်ပြရင်း အပေါက်၀သို့ခြေလှမ်းကျဲတွေဖြင့်သွားနေမိသည်။လမ်းလျှောက်မြန်တာမို့ ဂျူတီကုတ်အဖြူရောင်လေးမှာလဲ တစ်လွင့်လွင့်နှင့်ဖြစ်နေသည်။ ဒိုယောင်းသည် ဘေး၌ကပ်လိုက်လာပြီး
" ကားAccident ဖြစ်တာလို့သိရပြီး အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦးပါ၊ အမျိုးသားက ဒဏ်ရာသိပ်မပြင်းပေမယ့် အမျိုးသမီးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ပြောပါတယ် "
YOU ARE READING
HeartBeat~♡(Completed)
Fanfiction"ကင်မ်ဂျွန်ဂယူဆိုတဲ့ အသက်ရှည်ဆေးလေးကိုသောက်သုံးခွင့်ပေးမယ်မလား ? "