Day.,25...
ကုန်ကြမ်းဌာနသို့ ၀မ်ရိပေါ်အမည်နဲ့ ပါဆယ်အသေးတစ်ခုရောက်လာခဲ့သည်။
ပို့ပေးသူကိုတော့မသိရပေ။
ပါဆယ်ရောက်လေ့ရောက်ထ မရှိတတ်တာမို့ စိတ်ထဲထူးဆန်းနေမိကာ ချက်ချင်းဖွင့်ကြည့်လိုက်သည်။ဖိုင်အချို့ဖြစ်ပြီး မန်နေဂျင်းရှောင်း၏ အချိန်စာရင်းနှင့် ကြိုက်သော၊မကြိုက်သော အစားအစာ အရာ၀ထုတို့အပြင် အတွင်းရေးမှူးတစ်ယောက်၏
တစ်နေ့တာအလုပ်တာ၀န်ကို လက်ရေးဖြင့် noteထုတ်ပေးထားခြင်းဖြစ်သည်။
အတွင်းရေးမှူးကျန်းမှလွဲ မဖြစ်နိုင်။ကန်တင်းတွင်စကားပြောခဲ့သည့်နေ့မှစ၍
အတွင်းရေးမှူးကျန်းသည် အလုပ်များနေသည်ထင့် တစ်ခါမျှမဆုံဖြစ်ချေ။ ၀မ်ရိပေါ်သည်လဲ ဆိုးရွားလာသော အမေဖြစ်သူ၏ကျန်းမာရေးကြောင့် ထိုနေ့က
စကားဝိုင်းအကြောင်းသိပ်မစဉ်းစား
နိုင်သေးပေ။
မဖြစ်မနေရုံးတက်ရမည့်နေ့ဖြစ်သောကြောင့်သာ အိမ်နီးချင်းများနှင့်အပ်ခဲ့၍အလုပ်လုပ်နေရခြင်းဖြစ်သည်။
စိတ်ကျန်းမာရေးမကောင်းသည့်
ညီမဖြစ်သူရှိရာ ဆေးရုံကိုလဲသွားမကြည့်ဖြစ်တာကြာေနပြီဖြစ်သည်။။အတွင်းရေးမှူးကျန်းကအတည်ကြီးပြောခဲ့တာလား။
အတွင်းရေးမှူးကျန်းသည်စနောက်သည့်ပုံမပေါ်သော်လည်း မဖြစ်နိုင်တာများ
သည်မို့၀မ်ရိပေါ်မျှော်လင့်ချက်သိပ်မထားရဲခဲ့တာပင်။
အခုတော့ သေသေချာချာဆုံ၍ စကားအနည်းငယ်ပြောရန်လိုအပ်နေသည်ဟုယူဆသည်။
အတွင်းရေးမှုးကျန်းက ဘာကြောင့်အလုပ်ထွက် မှာလဲ။ထိုအစီအစဉ်တွေကို
ရှောင်းကျန့်ရော သိရဲ့လား။
ရှောင်းကျန့်နှင့်ဖြစ်ဖြစ် အတွင်းရေးမှူးကျန်းနှင့်ဖြစ်ဖြစ် စကားပြောကြည့်ရန်
ဆုံးဖြတ်ထားလိုက်သည်။ညနေပိုင်းတွင်အလုပ်ကိုေစာေစာ
အဆံုးသတ်ပြီး မန်းနေဂျင်းရုံးခန်းဆီသို့ဦးတည်လာခဲ့သည်။
ထိုရုံးခန်းတံခါး ခေါက်ခါနီးတိုင်း တလှပ်လှပ်ခုန်တတ်တဲ့ နှလုံးသားကိုတောင် ၀မ်ရိပေါ် နေသားတကျဖြစ်နေပြီ။ရွယ်ထားသောလက်က တံခါးကိုမထိမိခင်မှာပင် အထဲကကြမ်းတမ်းစွာဆွဲဖွင့်ခြင်းနှင့်အတူ စိုးထိတ်နေသောမျက်၀န်းများနှင့်
ရှောင်းကျန့်မျက်နှာလေးကိုမြင်လိုက်ရသည်။
ထိုမျက်၀န်းများကြောင့်၀မ်ရိပေါ်လဲ ပူပန်သွားပြီး
YOU ARE READING
For Those Toxic Person
RomanceFor Those Toxic Eyes For Those Toxic Smiles For Those Toxic Person...