တချို့အရာတွေဟာဆန်းကြယ်လှတယ်
နှုတ်မှ၀န်ခံထုတ်ပြောစရာမလိုအောင်
သိနှင့်ပြီးသား။ကိုယ့်ဘ၀ရဲ့အရင်တုန်းကနေ့ရက်တွေဟာ
ငြီးငွေ့စရာမကောင်းရုံ တမယ်ပါပဲ။
ထပ်ခါထပ်ခါဒီအရာတွေကို လုပ်ရမယ်လို့
ခိုင်းစေထားခြင်းမရှိပေမဲ့ လုပ်နေမိတယ်။
ဘယ်အချိန်ဘာလုပ်ရမယ် ဆိုတာ
သံပတ်ပေးထားသလို ကိုယ့်ခေါင်းထဲစွဲနေတယ်။ချစ်မိဖို့ မုန်းမိဖို့ ဆိုတာရဲ့အဝေးမှာ
ကိုယ့်ကိုကိုယ်ချစ်တတ်ဖို့ရယ် ရုန်းကန်ခဲ့ရတယ်။
အပြင်ဖိအားထက် စိတ်ဖိအားကအလေးသာ
နေခဲ့တော့ ပင်ပန်းနွမ်းနွယ်မှုမှတပါး
တခြားအရာတွေ ကွယ်ပျောက်နေခဲ့ပြီ။ကောင်းကျိုးမပေးတဲ့အရာတွေကိုပဲ
ဆုတ်ကိုင်နေခဲ့တာ။
အမုန်းတရားတွေ ပူလောင်မှုတွေ ရဲ့အောက်မှာ
ပျော်ရွှင်မှုဆိုတာ ဂျိုနဲ့လားပဲ။တော်လောက်ပြီလေ ကိုယ်ပင်ပန်းနေပြီ
နာကျင်ခဲ့သင့်သလောက်လဲ နာကျင်ပြီးပါပြီ။
ကိုယ်ရုန်းထွက်ဖို့ ပြောင်းလဲနေစဲမှာ
ကိုယ့်ကိုလွှတ်ထားပေးပါလား။
မမြင်ချင်ယောင်ဆောင်ပြီး နေပေးပါ။
မသိချင်ယောင်ဆောင် ပေးပါ။အဲ့ဒါဆို လူတစ်ယောက်ကို ကယ်တင်ရာ ရောက်ပါတယ် ။
𝗔𝘂𝘁𝗵𝗼𝗿 𝗡𝗲𝗯𝗯𝗶𝗮
YOU ARE READING
အတွေးတစ်ချို့ မှ စာစုအဖြစ်သို့ ;
Non-Fictionနာကျင်စေချင်ရင် နာကျင်ပေးပါမယ် ပြိုလဲစေချင်ရင် ပြိုလဲပေးမှာပါ လိုချင်တာတွေ မရှိတော့တဲ့အခါကျ ထွက်သွားပေးပါ။ From 17/2/2022/ to