''ကိုင်း! သူငယ်ချင်းနှစ်ယောက်
သုံးမိနစ်ဖက်ထားကြ''ဘုန်းတော်ကြီးရဲ့ စကားကြောင့်
ကလေးနှစ်ယောက်လုံးရဲ့
မျက်ခုံးတန်းလေးတွေ တွန့်ခနဲ...။
ခေါင်းနှစ်လုံးသည်လည်း ပြိုင်တူခါယမ်းရင်း..''မဖြစ်နိုင်ပါဘူး ဘိုးဘိုးကြီး''
''မလုပ်ချင်ပါ ဘုရားး''
ဆူပုတ်ပုတ်မျက်နှာဖြင့်
တစ်ယောက်နဲ့တစ်ယောက်
ရန်စနေကြဆဲဖြစ်တဲ့ ကလေးတွေအား
ဘုန်းဘုန်း လက်လံနေတော့သည်။တခြားကလေးလေးတွေများဆို
တချက် ဆိုဆုံးမသြဝါဒခြွေလိုက်ယုံနဲ့
လိုက်နာပြီးသား။
ဒီမျောက်လောင်းလေးနှစ်ယောက်နဲ့မှ
တုတ်ပြခဲပြ ဒေါသကြီးပြနေရတော့တာ..''ဒကာတို့ ။
မင်းတို့အမှားကို အခုထိမသိသေးဘူးဆိုရင်
ဟိုဖက်က နံရံကိုကြည့်ပြီး
မွန်းလွဲအထိအပြစ်ခံယူရမှာနော်''ဒီလိုပြောလိုက်တော့လည်း
ကလေးပီပီ ချက်ချင်းငိုမဲ့မဲ့တွေဖြစ်ကုန်ကြသည်။မဖြစ်လို့လည်းမရလေ။
ရန်ဖြစ်တဲ့ အဲ့ဒီ့နှစ်ယောက်ကို
မနည်းဆွဲခွာခဲ့ရပြီး
ကိုယ့်အပြစ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့
လက်ကလေးတွေပိုက်
နံရံကိုမလှုပ်မယှက် ကြည့်ခိုင်းထားခဲ့တာ
ငါးမိနစ်ကျော်။ဒါတောင် ဆံပင်ဆွဲခံထားရလို့
ခေါင်းစုတ်ဖွားဖြစ်နေတဲ့
Baekhyuneeက
လူအလစ်မှာ ဖင်ဘူးထောင်းထောင်ပြီး
အိပ်ပျော်သွားသေးတာ။အဲ့ဒီ့ထောင်နေတဲ့ ဖင်ဘူးထောင်းကို
ဘုန်းဘုန်းမြေးဖြစ်သူ Chanyeollieက
လက်နဲ့ သွားဆွဲဆိတ်လို့
နောက်တချီထပ်ဖြစ်ကြသေးသည်။'' လူကြီးသူမပြောစကားကို
နားထောင်ကြရမယ်။
Baekhyun shi... မင်းဘာလုပ်ခဲ့လဲ
ပြန်စဉ်းစားပြီးပြီလား''မေးလိုက်တော့လည်း
အောက်နှုတ်ခမ်းလေး ဆူပုတ်ပြီး
တွေးစစပြောလာသည်။
စကားသာမပီသေးတာ
သူ့အသံလုံးတွေက တစေ စူးလန်နေတော့၏။''သူ့ခေါင်းကို
ကျောက်ခဲနဲ့ထုမိပါတယ် ဘုရားး!!
ခြေသလုံးကို ကိုက်မိပါတယ် ဘုရား!!''
YOU ARE READING
Healthy relationship
FanfictionSometimes I hate every single stupid word you say. Sometimes I wanna slap you in your whole face. At the same time, I wanna hug you I wanna wrap my hands around your neck