Part-1

1.4K 124 2
                                    

ငြိမ့်ညောင်းစွာထွက်ပေါ်လာသော မင်္ဂလာတီးလုံးနှင့်အတူ လျှောက်လမ်းလေးအတိုင်း တရွေ့ရွေ့လျှောက်လာတဲ့ အဖြူရောင်သတို့သမီးလေး…

w1:လှလိုက်တာ ~

သတို့သမီးလေးကလည်းလှ သတို့သားလေးကလည်းချော

တကယ့်ကို နေနဲ့လ ရွှေနဲ့မြပဲ

w2:ဒါနဲ့……မိန်းကလေးဘက်က တော်တော်ချမ်းသာတယ်ထင်တယ်

w1:ဒါပေါ့……UP Groupကပဲဟာကို

w2:UP Group!!!!!!

Daebak……

ဒါဆို ကောင်လေးဘက်ကရော???

w1:အဲ့ဒီကောင်လေးက ကျောင်းတောင်မပြီးသေးဘူးဆိုပဲ

သာမန်အသိုင်းအဝိုင်းကပါပဲ…

w3:မိဘတွေက သဘောတူထားတာမျိုးလား?

w1:ဘယ်ကသာ……ကောင်မလေးက အကြွေးနဲ့သိမ်းတယ်ဆိုလား ဝယ်တယ်ဆိုလားပဲ

ws:Omo………Daebak!!!!

သတို့သမီးလေးကတော့ တစ်ယောက်တစ်ပေါက်ပြောသံတွေကို လျစ်လျူရှုကာ မျက်ဝန်းတွေက သူမရဲ့ အဖြူရောင်သတို့သားလေးဆီ ~

သတို့သားလေးကတော့ ဝေဖန်တီးတိုးစကားတွေကြား ခေါင်းလေးကိုငုံ့လို့ သတို့သမီးလေး သူ့ရှေ့ရောက်လာတာတောင်မသိလိုက်

Fatherရဲ့မေးခွန်းတွေကို ဖြေဆိုရမယ်အချိန်ထိ ခေါင်းတစ်ချက်မမော့

သူ့အတွေးတွေ ချာချာလည်နေသည်

သူအခုအချိန်မှ ငြင်းလိုက်ရင်ကော???

သူကိုယ်တိုင် လက်ခံထားတဲ့ကိစ္စ……

ပြီးတော့ သူမ…………

သူ ရုတ်တရတ်မော့ကြည့်လိုက်တော့ သူ့ကို ရွှန်းရွှန်းစားစားကြည့်နေတဲ့ မျက်ဝန်းတစ်စုံ

သူရဲ့ အသိဥာဏ်တွေအားလုံး ကင်းမဲ့သွားပါပြီ

b:ကတိပြုပါတယ်…

သတို့သမီးလေးရဲ့ နှုတ်ခမ်းထက်မှာ တောက်ပတဲ့ အပြုံးလေးတစ်ခုနဲ့

အဲ့ဒီအပြုံးလေးတွေအောက်မှာ ကျဆုံးသွားတဲ့ နှလုံးသားတစ်စုံကိုတော့ မည်သူမှ သတိမပြုမိ ~

cause I love u...Where stories live. Discover now