Arc (7-1)

3K 136 19
                                    

Zawgyi

[ မင်္ဂလာပါ host.. ကျွန်တော်ကတော့ 005 အစား host ကိုတာဝန်ယူပေးရမယ့်  system အမှတ် 001 ပါ ]

ကျူးလုံရဲ့စိတ်ထဲသို့ ပုံမှန်ကြားနေကျဖြစ်တဲ့ blackရဲ့ စကားသံအစား ပိုမိုတောင့်တင်းပြီးအတက်အကျမရှိတဲ့အသံက ထိုးဖောက်ဝင်ရောက်လာတယ်။

'အစားတာဝန်ယူမယ့်သူ ..?'

[ဟုတ်ပါတယ် ]

'သူကရော '

[ ပြောပြလို့မရပါဘူး ]

'......ကောင်းပြီလေ ဒါဆို ဒီတစ်ခေါက်က system space ထဲကိုမသွားရဘဲ ဘာလို့ချက်ချင်းကူးပြောင်းတာလဲ'

[ host ရဲ့ တာဝန်တွေက ပိုပြီးအဆင့်မြင့်လာပြီဖြစ်လို့ အရင်လိုမျိုးပညာရပ်တွေကိုသင်ကြားခွင့်ပေးတော့မှာမဟုတ်ပါဘူး ဒါကြောင့် တိုက်ရိုက်ပဲကူးပြောင်းခံရတာပါ ]

'......'

[ မရှင်းတာ တစ်ခုခုရှိနေပါသေးသလား Host]

' ငါ့ရဲ့ point တွေကရော '

[point တွေ..? Ah.. ဝိဥာဉ်စွမ်းအားအမှတ်တွေကတော့ host အတွက်လိုအပ်နေတဲ့တစ်နေရာမှာပေါင်းထည့်ပြီးသွားပါပြီ ၊ နောက်ပြီး host အနေနဲ့ ဒီကမ္ဘာကစပြီးpointတွေကိုအသုံးပြုခွင့်မရှိတော့ပါဘူး၊ တစ်စုံတစ်ခုလိုအပ်တာရှိရင်လည်း ကျွန်တော့်ဆီကအကူမညီမယူဘဲ ကိုယ်တိုင်ကြိုးစားရတော့မှာပါ ]

'........'

[ မေးစရာမရှိတော့ဘူးဆိုရင် ဇာတ်ညွှန်းပို့ဆောင်ပေးပါတော့မယ် အသင့်ပြင်ထားပေးပါ ]

'ကောင်းပြီ'

***

ဒီကမ္ဘာက သေမင်းတွေအုပ်စိုးတဲ့ကမ္ဘာလို့ဆိုနိုင်တယ်။ သေမင်းတွေက သေဆုံးသွားတဲ့လူတွေရဲ့ဝိဥာဉ်ကို ဘဝကူးပြောင်းနိုင်ဖို့ ဝိဥာဉ်လောကသို့ပို့ဆောင်ပေးရရုံသာမက အငြိုးအတေးတွေကြီးမားတဲ့ဝိဥာဉ်တွေ ဒါမှမဟုတ် အလိုလောဘတွေ မပြည့်ဝဘဲသေဆုံးသွားရတာကြောင့် ဘဝမကူးနိုင်ဘဲ မကောင်းဆိုးဝါးမိစ္ဆာအဖြစ်ကူးပြောင်းသွားရတဲ့ ဝိဥာဉ်ဆိုးတွေကိုပါ အစွဲချွတ်ပေးရတယ်။

သေမင်းတွေမှာလည်း ရာထူးအဆင့်အတန်းအမျိုးမျိုးခွဲခြားထားပြီး ထိုသေမင်းတွေကိုယ်တိုင်မှ မကောင်းမှုပြုလုပ်ခြင်းကိုကာကွယ်ဖို့ရန်အတွက် တရားရုံးတော်တစ်ခုကို တည်ထောင်ထားသေးတယ်။ သေမင်းတွေမှာ ပိုပြီးအစွမ်းထက်လေ ရာထူးအဆင့်အတန်းမြင့်မားလေ ဖြစ်သလို မိစ္ဆာတွေထဲမှာလည်း ကွဲပြားမှုမရှိဘူး။

Save the villain [System]Where stories live. Discover now