ဒီနေ့ အတွက်ရာသီဥတုက အုံမှိုင်း"နဲ့ မိုးရွာမလိုလိုရှိနေသည်
နဂိုထဲကမှ အလုပ်သွားရန် အပျင်းကြီးတဲ့ Seok jin အတွက် ရာသီဥတုက အိပ်ယာမှ မထနိုင်အောင်ဆွဲဆောင်နေတော့သည်
ထိုအချိန် ရုတ်တရက်ထမြည်လာတဲ့ နှိုးစက်မြည်သံကြောင့် အိပ်ယာပေါ်လုံးခွေနေတဲ့ Seokjin လည်း နိုးလာသည်
ရားးးး8 နာရီတောင်ရှိသွားပီလား ဆက်အိပ်ချင်သေးတယ်လေကွာ
ပြော"ဆို"နဲ့ နှိုးစက်ကို ပိတ်ပီး Seokjin တယောက်ပြန်အိပ်လိုက်သည်
15 min ကြာ တခါထပ်မြည်လာတဲ့ နှိုးစက်ကို အခါခါ ပိတ်ရင်း အိပ်လိုက်တာ 9 နာရီထိုးသွားတော့သည်
ဟင် 9 နာရီတောင်ရှိသွားပီလား ဒီနေ့ CEO အသစ်ခန့်အပ်မယ့် ပွဲရှိတာ ငါမေ့နေတာပဲ နောက်ကျလို့မဖြစ်ဘူး
အိပ်ယာထဲကနေ အတင်းရုန်းထရင်းရုံးသွားရန် ပြင်ဆင်လိုက်တော့သည်
ဟူးးတော်ပါသေးရဲ့ 15 min ထဲနဲ့ ငါပြီးသွားလို့ နောက်15 min ကို bus ကား မှတ်တိုင်မှာ အချိန်ဖြုန်းရပြန်အုံးမယ်
ရုံးမှာ အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ရတဲ့ Seokjin အတွက် CEO ကို အသစ်ကို တွေ့ရဖို့ ရင်ခုန်နေသည်
အခု အသစ်ခန့်မယ့် CEO အသစ်က ငါနဲ့ အဆင်မှ ပြေပ့မလား အရင်Bossရဲ့ သားဆိုတော့ ငါ့ထက်အသက်ငယ်နေမလား မသိဘူး ဘလိုပဲ ဖြစ်ဖြစ် ငါ့Bossဖြစ်လာမယ့် သူကို ငါ့ဘက်က ကောင်းကောင်းဆက်ဆံရမယ် ဟူးးး
ဒီနေ့ကျမှ Bus ကားကလည်း ကြာလိုက်တာ
ဟော ပြောရင်း နဲ့ Busကား လာနေပီ
Seokjin လည်း Busကားပေါ်တက်ပီး ထိုင်ခုံနေရာယူပီးထိုင်လိုက်သည်
ဒီနေ့ရုံးကိုပဲစောစော သွားချင်စိတ်လောနေလို့လားမသိလမ်းတဝက်မှာ ဘီးထပေါက်တဲ့ ကားစုတ်နဲ့လာတိုးနေတယ် ဒီပုံစံနဲ့ဆိုရင်တော့ ရုံးနောက်ကျဖို့သေချာနေပီ မတက်နိုင်ဘူး ကြုံရာကား တားစီးရတော့မှာပဲ--
ဟော--- ဟိုမှာ လာနေတဲ့ ကားအဖြူကို တားလိုက်မယ်
အင်္ကျီ လက်ရှည် ကို လက်မခေါက်ပဲ ဖရိုဖရဲ နဲ့ Seokjin တစ်ယောက်လက်ပြပီးကားတားလိုက်သည်
ရှပ်အင်္ကျီ အဖြူရောင်လက်ရှည်ရဲ့ အောက်က Seokjin ရဲ့ လက်တံသွယ်သွယ် လေးကို ကားထဲကနေ လူတယောက်လှမ်းကြည့်နေသည်---
Seokjin အနားရောက်တော့ ကားကို ရပ်ပေးလိုက်သည်
ဒီမှာ"
ကားမှန်ကို ခေါက်ပီး ကားထဲကလူကို ခေါ်လိုက်သည်
ကားထဲက လူလဲ မှန်ကိုချပီး Seokjin ကို ကြည့်လိုက်သည်---
ကုတ်အင်္ကျီအနက်ရောင် ကိုStyleကျကျဝတ်ထားပီး Mask အနက်ရောင်နဲ့ နားတဖက်တည်းကို စိန်ပွင့်နားကပ်တဖက် ကိုပန်ထားပီး လက်မှာလဲTattooအပြည့်နဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်လုံး ဝိုင်း"နဲ့ကားထဲမှ လူကို ကြည့်ပီးSeokjin ပါးစပ်ဟောင်းလောင်းဖြစ်နေသည်
ပြောပါ ဘာကိစ္စလဲ?
ဟိုလေ ကျွန်တော် အကို့ကားနဲ့ လမ်းကြုံလိုက်ချင်လို့ပါဗျ
ကားကြုံက လမ်းကြုံမှလိုက်လို့ ရတာလေ မင်းက ဘယ်သွားမှာမို့လဲ
ကျွန်တော်က Jeon Family Company ကို သွားချင်လို့ပါ
အော် ဒါဆိုရင်တော့လမ်းကြုံပါတယ် လိုက်ခဲ့လေ
အကိုလဲ Jeon Family Company ကိုသွားမှာလားဗျ
ဟာ မဟုတ်ပါဘူး နေပါအုံး မင်းက ငါ့ကိုအကိုလို့ခေါ်ရအောင် မင်းအသက်ဘယ်လောက်မို့လဲ
အော် ကျွန်တော်က အကျင့်ဖြစ်နေလို့ပါဗျာ
အင်းပါ ဟုတ်ပါပီ မင်းအသက်ကိုမေးနေတာ ဖြေအုံးလေ
ကျွန်တော့်အသက် 28 ပါ
"Seok jinရဲ့ စကားကြောင့် ခပ်မဲ့မဲ့ပြုံးလိုက်ပီး"
မင်း အကိုလို့ခေါ်နေတဲ့ငါက 24 ပဲရှိသေးတာကွ ဒါမယ့်ထားပါ အကိုလို့ခေါ်တာကို ငါသဘောကျတယ်
ကဲ ကားပေါ်တက်!
ဟုတ်" ကျေးဇူးပါ အကို
မင်းက အက်Companyမှာ အလုပ်လုပ်တာလား
ဟုတ်တယ် အကို
လုပ်သက်ဘယ်လောက်ရှိပီလဲ
8နှစ်ပါ ဘာလို့လဲဗျ
အော် ဘာမှမဟုတ်ပါဘူး မေးကြည့်တာ
အော် ဟုတ်
ဒါနဲ့ မင်းက ဘယ်ဋ္ဌာနမှာ အလုပ်လုပ်တာလဲ
ကျွန်တော်က CEOရဲ့ အတွင်းရေးမှူးပါ
အော် ဒါဆို Company ရဲ့ အယုံကြည်ရဆုံးလူပေါ့
အာ အက်လောက်လဲ မဟုတ်ရပါဘူးဗျာ
ကဲ ဆင်းတော့ !
"ဗျာ"
ဆင်းတော့လို့ ပြောနေတာလေ
ဘာလို့လဲဗျာ ကျွန်တော်စကားမှားသွားလို့လား
အရှေ့ကိုကြည့်အုံး!
အော် ဟုတ်သားပဲ Company တောင်ရောက်တော့မယ် မြန်လိုက်တာ ---
အေး အာ့ကြောင့် မင်းကိုဆင်းခိုင်းနေတာ
ဟင် Company မရောက်သေးဘူးလေဗျာ
နည်း"လမ်းလျှောက်လိုက်ရင် ရောက်နေပီပဲဟာကိုကွာငါအလုပ်ကိစ္စတခုချိန်းထားတာရှိသေးလို့
အော် ဟုတ်ကဲ့ပါ အာ့ဆို ကျွန်တော်ဆင်းပီနော်
"အင်း"
ကျေးဇူးပါ အကို
မလိုပါဘူး---
Seokjin လည်း ကျေးဇူးတင်စကားပြောပီး ကားထဲမှထွက်လာခဲ့သည်
Seok jinကားထဲကထွက်ပီး ချက်ချင်း ကားလဲမောင်းထွက်သွားတော့သည်
ဘလိုလူလဲ မသိဘူး ပို့မယ့်ပို့ အဆုံးရောက်အောင်ပို့လိုက်တာမဟုတ်ဘူး ဒါမယ့် ဒီလောက်ပို့ပေးတာပဲ ကျေးဇူးတင်ရမယ် သူသာလိုက်မပို့ရင်ငါတော့ Bossအသစ်စက်စက်ရဲ့ အဆူဆံနေရအုံးမှာ ---
ဟူးးးးအလုပ်တော့ရောက်ပီ Bossအသစ်ရဲ့ အခြေနေက ဘလိုရှိမလဲ မသိဘူး
ဟင် !ကားပါကင်မှာ ရပ်ထားတဲ့ ဟိုအနီရောင်ကားကို ငါမြင်ဘူးသလိုပဲ ဟိုလူ့ကားနဲ့ ဆင်တယ် သူကလဲဒီCompany ကများလား ဟာ ***ကားချင်းတူတာဖြစ်မှာပါ သူ့ပုံစံက ဒီလိုနေရာမှာ အလုပ်လုပ်မယ့်ပုံစံနဲ့လဲမတူပါဘူးးး
Seokjinလည်း ရုံးထဲဝင်ရောလူတွေ အုပ်စုဖွဲ့စကားပြောနေတာ တွေ့ရတော့ အံ့သြနေသည်
SJ pov; လူတွေ သူ့နေရာနဲ့ သူမရှိပဲ ဘာလို့ အုပ်စုဖွဲ့စကားတွေပြောနေကြပါလိမ့်
ဟဲ့ " မောင်လေးSeokJin အဲ့နားမှာဘာရပ်လုပ်နေတာလဲမြန်"လာ
နင်Boss အသစ်ကို မြင်ပီးပီလားးး
ဟင့်အင်း ကျွန်တော်အခုမှရောက်တာလေအမNurEun ရာ ဘလိုလုပ်မြင်ရအုံးမှာလဲ
*** NurEun =Jeon Family Company က Manager မိန်မလျာ Seokjin ကို တဖက်သတ်ကြိုက်နေသူ//
အိုးးးချောမောခန့်ညားပီး အပြစ်ပြောစရာကိုမရှိတာဟေ့ သိလား မောင်လေး Seokjin
ဟုတ်ပါပီဗျာ သူချော ချော မချောချော ကျွန်တော် နဲ့ မဆိုင်ဘူး ကျွန်တော်နဲ့ဆိုင်တာကသူနဲ့ အလုပ်တွဲလုပ်တဲ့အခါ အဆင်ပြေဖို့ပဲ
အို မောင်လေးJinကလည်း ဒို့ က ပြောပြတာပါလို့ ဒါမယ့်နော် ဘယ်သူဘယ်လောက်ချောချော မမ အတွက်တော့ မောင်လေးJinက အချောဆုံးပဲ ဟီးဟီးးး
စကားပြောရင်း Seok jinရဲ့ ရင်ဘတ်ကိုဟိုပွတ်ဒီပွတ်လုပ်နေသည့် NurEunကြောင့် Seokjin တယောက် နေရခက်နေသည်
အက်လို မလုပ်စမ်းပါနဲ့ အကို Lee Jung Eun ရာ
အားးးးဘလိုရီးခေါ်လိုက်တာလဲ မောင်လေးJinရယ် မမ NurEunလို့ပဲခေါ်ပါ ဟင့်"
Someone - Boss အသစ်နဲ့ မိတ်ဆက်ဖို့အစည်းအဝေးစမယ် ဝန်ထမ်းအားလုံး အစည်းအဝေးခန်းထဲ စုပေးကြပါ
ကဲ အမ NurEunရေ အစည်းအဝေးစမယ်တဲ့ရုပ်ကြမ်းရီးနဲ့ နွဲ့မနေနဲ့တော့ လာသွားမယ်
မောင်လေး Jinကလေ မမ ကို ဆို အရမ်းပြောတာပဲ
ဟင့်"
အစည်းအဝေးထဲ လူစုံပီလား
ဟုတ်Boss လူစုံပါပီ
ဟုတ်ပီ အာ့ဆို အခု လာခဲ့မယ်
ဟုတ်ကဲ့ပါBoss
ကဲ ဝန်ထမ်းအားလုံး အခု ပဲ CEO phဆက်တယ်အခုလာနေပီတဲ့
ဒေါက်"
တံခါးခေါက်နေပီ Bossလာပီထင်တယ်
စကားကြားပီး ငိုက်နေတဲ့ Seojinလည်းခေါင်းမော့ကြည့်လိုက်သည်
ဟင် ! သူပါလား
ကဲ ဝန်ထမ်းအားလုံးကို Jeon Familyရဲ့ တဦးတည်းသော အမွေဆက်ခံသူ CEO အသစ် ကျွန်တော့်သားလေး နဲ့ မိတ်ဆက်ပေးပါရစေ
ဟုတ်ကဲ့ ကျွန်တော့် နာမယ် Jeon Jung Kook
အသက်24 နှစ် ပါ
ကျွန်တော့်ကို CEO အသစ်နေနဲ့ ကြိုဆိုပေးလို့ ဝန်ထမ်းအားလုံးကိုကျေးဇူးတင်ပါတယ်
အားလုံးရဲ့ အားကိုးယုံကြည်ရတဲ့CEO တယောက်ဖြစ်အောင်ကျွန်တော်ကြိုးစားပါ့မယ် အက်လိုဖြစ်ဖို့ဒီက ဝန်ထမ်းတွေရဲ့ အကူညီတွေ လည်း အများရီးလိုအပ်ပါတယ် အားလုံး ကျွန်တော်နဲ့အတူ လက်တွဲ ဆောင်ရွက်ဖို့ တောင်းဆိုချင်ပါတယ် အားလုံးကို ကျေးဇူးတင်ပါတယ်----
ဖြောင်းးဖြောင်းးးဖြောင်းးး
JKရဲ့ စကားအဆုံးမှာ ဝန်ထမ်းအားလုံးလက်ခုပ်တီးပီး ကြိုဆိုကြသည်
တယောက်သောသူSeokjinမှာတော့ အတွေးကမ္ဘာထဲမှာမြောရင်း လက်ခုပ်တီးဖို့ မေ့နေလေသည်
"Seok Jin "
ဗျာ! အယ်--- ဟုတ်ကဲ့ Boss
မင်းငါ့ရဲ့ အတွင်းရေးမှူးမဟုတ်တော့ဘူး ငါ့သားJeon Jung Kook ရဲ့ အတွင်းရေးမှူးဖြစ်သွားပီ အက်လိုပဲ ငါက မင်းရဲ့ Boss မဟုတ်တော့ဘူး JK က မင်းရဲ့ Bossပဲ ငါ့ကိုလေးစားသလို သူ့ကိုလဲ လေးစားပါ ငါ့ကိုကူညီခဲ့သလိုမျိုးJKကို လဲ အကူညီပေးပါ ငါမင်းကို အားကိုးရသလိုမျိုး JKလည်း မင်းကို အားကိုးရပါစေSJ -ဟုတ်ကဲ့ပါ Boss ကျွန်တော် Bossယုံကြည်မှုကို အလေးထားပီး CEO Jeon Jung Kook ကို လုပ်ငန်းပိုင်းမှာ အမြဲလေးစားကူညီပါ့မယ်လို့ဂတိပေးပါတယ်---
JK - ကျွန်တော်နဲ့ အတူ လက်တွဲပီး ကူညီပေးဖို့မျှော်လင့်ပါတယ် Kim Seok jinလက်ဆွဲနှုတ်ဆက်ရန် ရှေ့တိုးလာသည့် JKကို ကြည့်ရင်း Seokjinအတွက်အိမ်မက်တခုလိုဖြစ်နေသည်
SJ - ဟုတ်" ကျွန်တော်ကလဲ CEO အတွက် အကူညီပေးနိုင်တဲ့ အတွင်းရေးမှူးတယောက်ဖြစ်အောင်ကြိုးစားပ့မယ်
တယောက်နဲ့ တယောက်လက်ဆွဲနှုတ်ဆက်ရင်း ရင်းနှီးမှု ယူလိုက်ကြသည်
တဖက်မှာတော့ မိနစ်ပိုင်းအတွင်းဖြစ်လာတယ့် အဖြစ်အပျက် တွေ ကြောင့် Seokjin မှာအတွေးတွေနဲ့ အိမ်မက်လိုလို လက်တွေ့လိုလို ဖြစ်နေတော့သည် ===
YOU ARE READING
Twin Love 👨❤️💋👨👨❤️👨
Fanfictionရုပ်ချင်း ခွဲမရအောင်တူနေပါစေ ရင်ခုန်သံခြင်းဆက်သွယ်နေသ၍ ကို့နှလုံးသားပိုင်ရှင်က ဘယ်သူလဲ ဆိုတာ ကောင်း"ခွဲခြားလို့ ရတယ် Seok Jin