" ဒေါက်တာ စုန်းတို့ ကဝေတို့ရှိတယ်ဆိုတာ ယုံကြည်သလား..."
" သူတို့က အခုခေတ်မှာရှိသေးလို့လား..."
" ရှိကြပါတယ် ရှိပါတယ် ဒါပေမယ့် သူတို့က သူတို့ကိုသူတို့ စုန်းတို့ ကဝေတို့ဆိုတာ လျှို့ဝှက်ထားကြလို့ လူတွေကမသိကြတော့တာပါ..."
" အော်..."
" ဒေါက်တာ သူတို့ကိုကြောက်လား..."
" သူတို့ကိုကြောက်ရအောင် ကျွန်တော်က သူတို့ကို ဘာမှ မှ မလုပ်တဲ့ဟာ..."
" သူတို့ကိုဒေါက်တာက ဘာမှမလုပ်ပေမယ့် သူတို့ကဒေါက်တာ့ကို လုပ်နိုင်တယ်လေ..။ ဥပမာ ချစ်လို့ပြုစားတာတို့ မုန်းလို့ ပြုစားတာတို့လိုမျိုးပေါ့..."
" အော်..."