တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတဲ့ ခန္ဓာကိုယ်က အနီကွက်တွေကြောင့် ဂျောင်ကုဟာ အဖြေရှာမရ စိတ်ရှုပ်လာရသည်။
သူများရောဂါတစ်ခုခုဖြစ်နေတာလားဆိုသည့် အတွေးနဲ့ စိတ်ညစ်ပြီး ommaကိုဖုန်းဆက်မိသည်။ ဒါကြောင့် ommaဟာစိတ်ပူစွာဖြင့် ဂျောင်ကုနားလိုက်လာခဲ့သည်။
ဒါပေမယ့် ရှေးမှီနောက်မှီဖြစ်သည့်ommaသည် ဂျောင်ကုခန္ဓာကိုယ်ပေါ်က အနီကွက်များကိုမြင်ရင် မျက်နှာလေးပျက်သွားပြီး ဂျောင်ကုကို မြို့ကိုခေါ်ပြန်ဖို့ပြင်သည်။
" omma"
" မဖြစ်ဘူးသားဂျွန် သားဂျွန်ဒီကနေပြန်မှဖြစ်လိမ့်မယ်..."
" ဘာဖြစ်လို့လဲမာမားရဲ့ သားဘားမှမဖြစ်ပါဘူး အရေပြားလေးမှာ အနီကွက်လေးထနေယုံပါ..."
" အိုး...ဘာပဲဖြစ်ဖြစ်သားဂျွန် ommaနဲ့အခုအိမ်ပြန်ရမယ်..."
Ommaရဲ့စိတ်မြန်လက်မြန်မှုကြောင့် ဂျောင်ကုဟာ ညတွင်းချင်းပင် ommaနဲ့အတူ အိမ်ပြန်ခဲ့ရသည်။ ဒါပေမယ့် အိမ်ရောက်တော့ommaသည် ဂျောင်ကုကိုမနားနေစေပဲ အထက်လမ်းဆရာဟုခေါ်သော ဆရာတစ်ပါးထံခေါ်ဆောင်သွားသည်မလို့ ဂျောင်ကုစိတ်တွေက ဇေဝဇဝါ....။
သူ့ရောဂါက အရေပြားဆရာဝန်တွေနဲ့ပြရမှာကို ဘာလို့အထက်လမ်းဆရာလဲ....။
အထက်လမ်းဆရာနားရောက်သည့်အခါ ommaသည် ဂျောင်ကုခန္ဓာကိုယ်ပေါ်က အနီကွက်တွေကိုပြကာ ဆရာ့ထံအကူအညီတောင်းသည်။ အထက်လမ်းဆရာသည် ဂျောင်ကုခန္ဓာကိုယ်က အနီကွက်များကိုကြည့်ကာ ခေါင်းလေးငြိမ့်ပြီး အဝါရောင်ရှိသော ဆေးအချို့ကိုပေးသည်။
" ညအိပ်ရင် ဒီဆေးလိမ်းအိပ်ပါ..။ ပြီးတော့ ဒီလက်ပတ်ကြိုးလေးကို ဘယ်တော့မှမဖြုတ်ပါနဲ့ လက်မှာအမြဲ ချည်ထားပါ..."
ဆရာ့စကားကြောင့် ommaသည် ဆရာ့လက်ထဲမှကြိုးကိုယူကာ ဂျောင်ကုလက်မှာ အသေချည်ပစ်လိုက်သည်။
ဘယ်တော့မှမပြုတ်အောင်လို့တဲ့....။ ဂျောင်ကုသည်လဲ ommaပြုနေသမျှဘားမှပြောမနေပဲ ခေါင်းလေးသာငြိမ့်ပြလိုက်မိသည်။
ဒီလိုနဲ့ညအိပ်ချိန်တွင် ommaသည် ဆရာပေးသည့်ဆေးတွေကို ဂျောင်ကုခန္ဓာကိုယ်မှာရှိနေသည့် အနီကွက်များထံသေချာလိမ်းကြံပေးသည်။