✧ 𝙰𝚌𝚌𝚒𝚍𝚎𝚗𝚝𝚊𝚕𝚕𝚢 𝙸𝚗 𝙻𝚘𝚟𝚎 ✧

944 86 9
                                    

Unicode

သာယာတဲ့မနက်ခင်းလေးတစ်ခု ပုံမှန်ဆို အစောကြီးမနိုးတတ်တဲ့ ကျွန်တော်က ဒီနေ့တော့ တက်ကြွစွာနဲ့ပဲ အစောကြီးနိုးနေခဲ့တယ် ။ဘာလို့ဆို ဒီနေ့က ကျွန်တော့ရဲ့ မွေးနေ့လေးပေါ့ ။ဘာမှထွေထွေထူးထူးလုပ်ဖို့တော့မရှိပေမယ့် ‌တစ်‌နေ့လုံး မာမီနဲ့အတူ ကုန်ဆုံးမယ် လို့ စဉ်းစားထားတယ် ။ ဒယ်ဒီက US မှာဆိုတော့ ပြန်လာနိုင်မှာမဟုတ်ဘူးလေ။

" သားရေ ကုကု နိုးပြီလား "

" Nae မာမီ "

" အာ့ဆိုလည်း မျက်နှာ‌သစ် ကိုယ်လက်သန့်စင်ပြီး အောက်ဆင်းခဲ့လေ "

" Nae မာမီ သားခန‌ နေရင် လာခဲ့မယ်နော် "

" အေး မြန်မြန်လုပ်နော် သားလေး "

ရေချိုးပြီးအောက်ထပ်သို့ဆင်းလာခဲ့တယ်။ဒီနေ့ရဲ့ မနက်ခင်းလေးဟာ မာမီရဲ့ အပြုံးလေးတွေနဲ့သာယာလှပနေခဲ့တယ်။

" မောနီး မာမီ "

" မောနီး Happy birthday ပါနော် မာမီသား‌ လေးတောင် ဘာလိုလိုနဲ့ 24နှစ်ပြည့်ပြီပေါ့လေ အရင်ကဂျစ်တူးလေးက အခုဆို လူပျိုကြီး တောင်ဖြစ်ပြီပေါ့လေ "

" ဘာပဲဖြစ်ဖြစ် သားက အခုထိ ကလေးပဲရှိသေးတာပါနော် မာမီကသာ အရွယ် ရောက်ပြီပြောနေတာသားက မာမီနဲ့ အချိန်အကြာကြီးအတူနေသွားမှာ "

" အမလေး အချစ်မတွေ့ခင်တော့ ပြောထားအုံးပေါ့ ကုကုရယ် "

" မာမီကလည်း သားကတကယ်ပြောတာကို "

" ဟုတ်ပါပြီရှင် ကလေးလေးကျနေတာပဲ အမေကို ကပ်ချွဲနေလိုက်တာဆိုတာ မပြောလိုက်ချင်ဘူး "

" မာမီ သားဒီနေ့ အပြင်ခနထွက်အုံးမယ် ပိတ်ရက်ဆိုတော့ ပြီးတော့ Birthday cake ဝယ်လာခဲ့မယ် ညကျရင် မာမီနဲ့အတူ ခွဲကြမယ်လေ "

" ဟုတ်ပါပြီ အပြင်သွားတာ ဂရုစိုက်အုံး "

" Nae မာမီ သားသွားပြီနော် "

အိမ်မှထွက်လာခဲ့တယ် ။
ကားလည်းမမောင်းချင်တာနဲ့ ပြီးတော့ ခြေဦးတည့်ရာလျှောက်သွားမှာမို့ Bus ကားစီးဖို့ဆုံးဖြတ်လိုက်တယ်။
ကားပေါ်မှာလည်း မြင်တွေ့ရသမျှကကြည်နူးစရာတွေချည်းပဲ ။
ကားပေါ်ကဆင်းပြီး ခြေဦးတည့်ရာ လမ်းလျှောက်သွားလိုက်တယ် ။အခုလိုမျိုး အပြင်မထွက်တာကြာပြီဖြစ်တဲ့အပြင် ထွက်ခဲ့ရင်တောင် အခုလို လမ်းလျှောက်တာမျိုးမဟုတ်တော့ ဒီနေ့အတွက်တော့ ထူးဆန်းနေသည်ပေါ့ ။

You've reached the end of published parts.

⏰ Last updated: Nov 18, 2022 ⏰

Add this story to your Library to get notified about new parts!

✧ 𝙰𝚌𝚌𝚒𝚍𝚎𝚗𝚝𝚊𝚕𝚕𝚢 𝙸𝚗 𝙻𝚘𝚟𝚎 ✧( 𝑜𝑛𝑒 𝑠𝒉𝑜𝑡 )Where stories live. Discover now