Unicode
သာယာတဲ့မနက်ခင်းလေးတစ်ခု ပုံမှန်ဆို အစောကြီးမနိုးတတ်တဲ့ ကျွန်တော်က ဒီနေ့တော့ တက်ကြွစွာနဲ့ပဲ အစောကြီးနိုးနေခဲ့တယ် ။ဘာလို့ဆို ဒီနေ့က ကျွန်တော့ရဲ့ မွေးနေ့လေးပေါ့ ။ဘာမှထွေထွေထူးထူးလုပ်ဖို့တော့မရှိပေမယ့် တစ်နေ့လုံး မာမီနဲ့အတူ ကုန်ဆုံးမယ် လို့ စဉ်းစားထားတယ် ။ ဒယ်ဒီက US မှာဆိုတော့ ပြန်လာနိုင်မှာမဟုတ်ဘူးလေ။
" သားရေ ကုကု နိုးပြီလား "
" Nae မာမီ "
" အာ့ဆိုလည်း မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အောက်ဆင်းခဲ့လေ "
" Nae မာမီ သားခန နေရင် လာခဲ့မယ်နော် "
" အေး မြန်မြန်လုပ်နော် သားလေး "
ရေချိုးပြီးအောက်ထပ်သို့ဆင်းလာခဲ့တယ်။ဒီနေ့ရဲ့ မနက်ခင်းလေးဟာ မာမီရဲ့ အပြုံးလေးတွေနဲ့သာယာလှပနေခဲ့တယ်။
" မောနီး မာမီ "
" မောနီး Happy birthday ပါနော် မာမီသား လေးတောင် ဘာလိုလိုနဲ့ 24နှစ်ပြည့်ပြီပေါ့လေ အရင်ကဂျစ်တူးလေးက အခုဆို လူပျိုကြီး တောင်ဖြစ်ပြီပေါ့လေ "
" ဘာပဲဖြစ်ဖြစ် သားက အခုထိ ကလေးပဲရှိသေးတာပါနော် မာမီကသာ အရွယ် ရောက်ပြီပြောနေတာသားက မာမီနဲ့ အချိန်အကြာကြီးအတူနေသွားမှာ "
" အမလေး အချစ်မတွေ့ခင်တော့ ပြောထားအုံးပေါ့ ကုကုရယ် "
" မာမီကလည်း သားကတကယ်ပြောတာကို "
" ဟုတ်ပါပြီရှင် ကလေးလေးကျနေတာပဲ အမေကို ကပ်ချွဲနေလိုက်တာဆိုတာ မပြောလိုက်ချင်ဘူး "
" မာမီ သားဒီနေ့ အပြင်ခနထွက်အုံးမယ် ပိတ်ရက်ဆိုတော့ ပြီးတော့ Birthday cake ဝယ်လာခဲ့မယ် ညကျရင် မာမီနဲ့အတူ ခွဲကြမယ်လေ "
" ဟုတ်ပါပြီ အပြင်သွားတာ ဂရုစိုက်အုံး "
" Nae မာမီ သားသွားပြီနော် "
အိမ်မှထွက်လာခဲ့တယ် ။
ကားလည်းမမောင်းချင်တာနဲ့ ပြီးတော့ ခြေဦးတည့်ရာလျှောက်သွားမှာမို့ Bus ကားစီးဖို့ဆုံးဖြတ်လိုက်တယ်။
ကားပေါ်မှာလည်း မြင်တွေ့ရသမျှကကြည်နူးစရာတွေချည်းပဲ ။
ကားပေါ်ကဆင်းပြီး ခြေဦးတည့်ရာ လမ်းလျှောက်သွားလိုက်တယ် ။အခုလိုမျိုး အပြင်မထွက်တာကြာပြီဖြစ်တဲ့အပြင် ထွက်ခဲ့ရင်တောင် အခုလို လမ်းလျှောက်တာမျိုးမဟုတ်တော့ ဒီနေ့အတွက်တော့ ထူးဆန်းနေသည်ပေါ့ ။
YOU ARE READING
✧ 𝙰𝚌𝚌𝚒𝚍𝚎𝚗𝚝𝚊𝚕𝚕𝚢 𝙸𝚗 𝙻𝚘𝚟𝚎 ✧( 𝑜𝑛𝑒 𝑠𝒉𝑜𝑡 )
FanfictionYou are my serendipity I wasn' t looking for you I wasn' t expecting you But I' m very lucky to meet you. ˙❥˙Accidentally in Love ˙❥˙