တူညီ ဝတ်စုံလေးတွေနဲ့ လူငယ်တစ်စု တစ်ယောက်ပုခုံးပေါ်တစ်ယောက်လက်တင်ကာ တညီတညာတည်းအမှတ်စဥ်ရေရင်း ထိုင်ထ ပြုလုပ်နေသည်မှာ အမှတ်စဥ် ၁၀၀ ကျော်လာခဲ့ပီ
ချွေးတပြိုက်ပြိုက်နဲ့ ဖြစ်နေကြပေမယ့် အပါးမခိုရဲ တစ်ယောက်လောက်က မညီမညာ ထဖောက်မိတာနဲ့အကုန်အစက ပြန်စရသည်မှာ မလွယ် လှပေ
ထိုအုပ်စုကို ထောင့်လေးတစ်ထောင့်ကနေ ချောင်းကြည့်နေတဲ့ကောင်မလေးတစ်ယောက်
ဆံပင်နှစ်ဖက်ခွဲစည်းလျက် ကျောပိုးအိတ်တစောင်းလွယ်ထားတဲ့ ကောင်မလေးက ဒီကျောင်းတော်ရဲ့အတုမရှိငပေဆိုးလေး အငယ် ပင်
''Shit သေစမ်း အရင်က ဒီလိုညီညီညာညာလုပ်တာ မတွေ့ဖူးပါဘူး အကုန်ကပြောက်ကသောက်နဲ့ဆိုတော့ ရောဝင်ရောထွက် လို့သိပ်လွယ်တာ ဒီနေ့မှ ဘယ်လိုတောင်ထူးဆန်းနေပါလိမ့်''
မချိတင်ကဲရေရွတ်နေတဲ့ကောင်မလေးက လက်က နာရီကိုငုတ်ကြည့်မိတော့ ၉နာရီတိတိ ရှိနေပီ
''ဟာကွာ အချိန်က ပထမချိန်တောင်ပီးတော့မယ် ခုထိသူတို့လေ့ကျင့်ခန်းလုပ်ခိုင်းတာ မပီးသေးဘူးလားပဲ ငါမတတ်တော့ပဲ လစ်လိုက်ရမလား?အာ မဖြစ်သေးဘူး ခွင့်မတိုင်ပဲ ကျောင်းပျက်ရင် ဆရာမက ကိုကို့ ကို လှမ်းတိုင်လိမ့်မယ် တခြားအကြံထွက်စမ်း ထွက်စမ်း''
တစ်ယောက်တည်း တတွတ်တွတ် ရွတ်နေရင်း အငယ်တစ်ယောက် ဗျာများနေပီ ကြံရာမရလို့ထိုင်ငိုချင်နေတုန်းမှာပဲ ဖြတ်ခနဲတွေ့လိုက်ရတဲ့အရာကြောင့် အငယ်မျက်လုံးလေးတွေ ဝင်းခနဲ
ကျောင်းထဲက သန့်ရှင်းရေးအဒေါ်ကြီး အမှိုက်လာပစ်တာပင်
အငယ်လည်း အကြံကုန် ဂဠုန်ဆားချက် လုပ်လိုက်ပီး အမှိုက်ပုံးဘေးက ကွယ်လိုက်ဖို့ကြံလိုက်သည်
''အန်တီကြီး အငယ့်ကို ကူညီပါဦးနော်''
ဆိုသည့်စကားကစလို့ ချစ်စဖွယ်အမူရာတွေနဲ့ စတင်ညှို့ယူပါတော့သည်
စည်းရုံးတဲ့နေရာ သိပ်တော်တဲ့အငယ်က အများကြီးအပင်ပန်းမခံလိုက်ရပဲ အန်တီကြီးရဲ့ အကူညီကို ရလိုက်သည်