မိုးရွာမှာကိုစောင့်နေတယ် 💭🌧
"ဆရာမကြီး"
"ပြော" မျက်မှန်ကိုပင့်တင်ကာ နုလွှာအား မော့ကြည့်ရင်း ဆိုလာသော စကားသံမှာ အနည်းငယ်မာနေလေသည်။
"ဟို ဟိုလေ နုလွှာက......" နုလွှာလဲ ကျောင်းအုပ်ကြီး၏ လေသံကြောင့် လန့်ကာ စကားများ အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေတော့သည်။
"ဆရာမကြီးတို့ ကျောင်းကို အသစ်ပြောင်းလာတဲ့ အထက်တန်းပြ 'ဒေါ်မေနုလွှာ' လားလို့ Sorry ပါသမီး ဆရာမကြီးက ကြည်ပြာထင်လို့" ပြောရင်း သူမကိုကြောက်လို့ လက်ကလေးများတုန်နေသော ကောင်မလေးကို ကြည့်လိုက်မိသည်။
အစိမ်းထဘီကို ဝတ်ဆင်ထားပုံမှာ ခြေမျက်စိဖုံးရုံတင်မဟုတ်ဘဲ မြေကြီးနှင့်ထိသည့်တိုင်အောင် တွဲခိုကျနေသည်။ အပေါ်ကတော့ ရင်ဖုံးခါးတို လက်ရှည်လေးကို ဝတ်ဆင်ထားပြီး ဗိုက်ခေါက်သေးသေးလေးက ထဘီနှင့် အင်္ကျီအကြား နေရာလေးတွင် ထွက်၍နေသေးသည်။ ဆံပင်က မည်မျှရှည်သည်မသိ ဦးခေါင်းထက်က ဆံထုံးမှာတော့ အတော်ပင်ကြီးသည်။ ဆံထုံးထက်၌လည်း သနပ်ခါးပန်း ဝါဝါလေးတွေကို ဆင်မြန်းထားသေးသည်။ ပါးနှစ်ဖက်၌လည်း သနပ်ခါး ပါးကွက်ကြား ပါးပါးလေးကိုသာ လိမ်းခြယ်ထားသည်။ အသားအေရမှာ ဖြူဖွေးနုနယ်ပြီး နူးညံ့တဲ့အသံလေးနဲ့ ထိုဆရာမလေးမှာ ကလေးငယ်ငယ်လေးနှင့်ပင် တူလှပေသည်။
"ဟုတ်ကဲ့ ဆရာမကြီး ဒါနဲ့ ကြည်ပြာဆိုတာ ဘယ်သူလဲဟင်" နုလွှာ မဝံ့မရဲဖြင့် ဆရာမကြီးကို ပြန်ပြီး မေးခွန်းထုတ်လိုက်မိသည်။
"ကျောင်းက ရုံးအကူစာရေးမလေးလေ သူ့ကို ဆရာမကြီးခိုင်းထားတာတွေ အခုထိလာမထပ်သေးလို့ စိတ်တိုနေတာ"
"ဪ" နုလွှာ ဘာပြန်ပြောရမှန်း မသိသဖြင့် မတိုးမကျယ်လေး 'ဪ' ဟုသာ ဆိုလိုက်မိသည်။
"ဆရာမကြီး နာမည်က 'ဒေါ်မို့မို့ကေခိုင်' ဒီကျောင်းမှာ တာဝန်ထမ်းဆောင်လာတာ ၆ နှစ်ပြည့်တော့မယ်လေ ဆရာမလုပ်သက်ကတော့ ၁၆ နှစ်ကျော်ပြီပေါ့"
"ဟုတ် နုလွှာမှတ်ထားပါ့မယ်" နုလွှာပြောပြီးသည်နှင့် ဆရာမကြီးအား သေချာကြည့်လိုက်မိသည်။

VOCÊ ESTÁ LENDO
မြရည်သက်မှတ် ❣🌻
Romanceမြရည်သက်မှတ် = အသက်အဖြစ် ရည်မှန်းရသည့် ကြည်လင်သန့်စင်သူ ကို ဆိုလိုသည်။ 🍇💜 #Hlwar_1979 🍇💜