~RKOML~

964 46 0
                                    

{Unicode}

Build;

ဘယ်အချိန်​ ရှိပြီလဲဆိုတာ ငါမသိဘူး ငါသိတာက ဒီနေ့လည်း ခါတိုင်းနေ့တွေလိုပဲ ငါ့ခန္ဓာကိုယ်ကို သူတို့လိုချင်သလိုလုပ်​နေတာကို သည်းခံနေရဦးမယ် ဆိုတာကိုပဲ ငါ့ဘဝက သေတဲ့အထိ ဒီလိုပဲ နေသွားရတော့မှာလား ဒီအတွေးက ငါဒီအခန်းထဲမှာ စပြီး အပိတ်ခံရတဲ့
နေ့ကတည်းက အများဆုံး တွေးမိတဲ့ အတွေးပဲ

"ကျွီ~"

ငါတွေးနေတုန်းမှာပဲ အလုံပိတ်အခန်းရဲ့ တံခါးကို ဖွင့်ပြီးတော့ လူတွေ ဝင်လာတာကို ငါကြားလိုက်ရတယ် ဆယ်ယောက်လောက်တော့ ရှိမယ့်ပုံပဲ အာရုံတစ်ခုခုက ပျောက်ဆုံးနေရင် ကျန်တဲ့ အာရုံတွေက ပိုပြီးတော့ အားကောင်းလာတယ်တဲ့ ကြည့်ရတာ အဲ့စကားက မှန်ပုံပါပဲ နဂိုတည်းက ငါ့အကြားအာရုံက ကောင်းပြီးသားဆိုပေမယ့် ဒီအလုံပိတ်အခန်းထဲမှာ မျက်စိကို ကြိုးနဲ့ စည်းပြီး အပိတ်ခံထားရတဲ့ နေ့ကစပြီး ငါ့အကြားအာရုံက ပိုအားကောင်းလာသလိုပဲ ဘာလို့လဲဆိုတော့ ခြေသံကြားတာနဲ့ကို လူဘယ်နှယောက် ရှိလဲဆိုတာ ငါသိနေပြီလေ

'ဒီနေ့ထိုးရမယ့်ဆေးက နောက်ဆုံးဆေးပဲ ဒီနေ့ဆေးသာ ထိုးပြီးသွားရင် သူက ငါတို့နိုင်ငံရဲ့ လုံးဝကို ပြီးပြည့်စုံတဲ့ စမ်းသပ်မှု တစ်ခုဖြစ်လာတော့မှာ'

ငါ သူတို့ပြောနေတာတွေကို ကြားနေရပေမယ့် ငါဘာမှ ပြန်မပြောနိုင်ခဲ့ဘူး ရေမသောက်ရတာ ကြာပြီဖြစ်လို့ ကွဲအက်နေတဲ့ လည်ချောင်းနဲ့ နှုတ်ခမ်းက ငါ့ကို အဲ့ဒီသူတွေနဲ့ စကားပြောဖို့ အခွင့်အရေး မပေးခဲ့ဘူး

သူတို့ ငါ့ကိုယ်ထဲကို ဘာမှမသိတဲ့ဆေးတွေနဲ့ ဘယ်နှကြိမ်မြောက်မှန်း မသိအောင် ထိုးသွင်းကြတယ် ဆေးထိုးပြီးလို့ ဘယ်လောက်မှ မကြာသေးတဲ့ အချိန်မှာပဲ ငါ့တစ်ကိုယ်လုံးက ပူတက်လာတယ် ပြီးတော့ ဖော်ပြလို့ မရတဲ့ နေရာက စပြီးတော့ ကျောရိုးတစ်လျှောက်လုံး ငါ့ရဲ့ ဂုတ်ပိုးရောက်တဲ့အထိကို တဆစ်ဆစ်နဲ့ ကိုက်ခဲလာတယ် ငါဘာတွေဖြစ်နေတာလဲ

တဖြည်းဖြည်းနဲ့ ငါ့ရဲ့ ဂုတ်ပိုးအနောက်ဘက်က ဖောင်းဖောင်းလေး ဖြစ်လာတာကို ငါခံစားလိုက်ရတယ် ဝမ်းဗိုက်အောက်ပိုင်းက နာကျင်နေတာကိုရောပေါ့ အဲ့အချိန်မှာ ရုတ်တရက် လေထဲကနေ မရင်းနှီးတဲ့ အနံံ့တစ်ခုကို ငါရလိုက်တယ် သဲကန္တရကြားထဲမှာ ခက်ခက်ခဲခဲပွင့်လာရတဲ့ နှင်းဆီနီရဲ့ အနံ့ အဲ့အနံ့က ဘယ်ကများထွက်လာတာလဲ...

Royal King Of My Life[Uni+Zawgyi]Where stories live. Discover now