{Unicode}
Build;
ငါ့ရဲ့ ဒဏ်ရာတွေ အရှင်းပျောက်သွားပြီးတဲ့နောက်မှာတော့ ငါ့ကို တော်ဝင်ညီလာခံမှာ နောက်ထပ် အဆင့်သတ်မှတ်ဖို့ ခမည်းတော်က စဥ်းစားလိုက်ပုံရတယ်။
စစ်ပွဲကနေ ဒဏ်ရာတွေနဲ့ ပြန်လာတဲ့ မင်းသားတစ်ယောက်ကို မတရား အနိုင်ကျင့်ပါတယ်ဆိုပြီး တော်ဝင်အတင်းအဖျင်းတွေထဲမှာ မပါချင်တာကြောင့် ငါ့ရဲ့ ဒဏ်ရာတွေ အရှင်းပျောက်အောင်
စောင့်ပေးနေတယ်ဆိုတာကိုလည်း ငါသိတယ်။အဆင့်သတ်မှတ်တာ။
အင်းးး ဒါက အင်ပါယာမှာ မွေးဖွားလာတဲ့ မင်းသား၊မင်းသမီးတွေ အကုန်လုံး သူတို့ရဲ့ Second Gender ပေါ်ထွက်လာတဲ့ အချိန်ကျရင် တော်ဝင်ညီလာခံမှာ သူတို့ရဲ့ အဆင့်ကို ကြေငြာတဲ့ပွဲပေါ့။ငါ့အတွက်ကတော့ ဒီအဆင့်သတ်မှတ်တာက ဒုတိယမြောက်အကြိမ်ပါပဲ။ငါ့မှာက မွေးကတည်းကနေ အခုအချိန်ထိ First Gender တစ်ခုတည်းပဲ ရှိခဲ့တာ။ဒါပေမယ့် ငါ့ရဲ့ ကြိုးစားမှုနဲ့ မယ်တော်ရဲ့ နောက်ခံအားကြောင့် အိမ်ရှေ့စံဆိုတဲ့ နေရာကို ငါရခဲ့တယ်။အခု ငါ့ရဲ့ Second Gender ပေါ်လာပြီဆိုတော့
ငါ့ရဲ့ အခုလက်ရှိ အဆင့်နဲ့ ယှဥ်ရင် အဆများစွာ နိမ့်ကျတဲ့ ဘဝကို ငါရောက်သွားတော့မှာ သေချာတယ်။ငါက ဂုဏ်ပကာသနတွေကို မက်မောတဲ့သူတစ်ယောက်တော့ မဟုတ်ပေမယ့်
ငါ့မယ်တော်ရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့
'သားတော် ဘုရင်ဖြစ်အောင် လုပ်ရမယ်'ဆိုတဲ့ စကားလေး တစ်ခွန်းကြောင့် ပင်ပန်းလွန်းတဲ့ တာဝန်တွေကို ဒီအချိန်ထိ ငါ့ပုခုံးပေါ်မှာ ထမ်းခဲ့တာ။အခုတော့ အရာရာကို စွန့်လွှတ်ဖို့ အချိန်တန်ပြီ ထင်ပါတယ်။အခုက ငါ ငါ့အိမ်တော်မှာ General ကို စောင့်နေတာ။General အင်းး General က သိပ်တော်တဲ့ Dominant Alphaတစ်ယောက်ပေါ့။ငါ ဒီနေ့ အိမ်တော်မှာ အခုလိုမျိုး တွေးနေနိုင်တာကလည်း Generalရဲ့ ကျေးဇူးကြောင့်ပါပဲ။အဲ့ဒီအချိန်တုန်းက F Countryမှာ Generalသာ ငါ့ကို အချိန်မှီ လာမကယ်ခဲ့ဘူးဆိုရင် Alphaတွေ အကုန်လုံးက ငါ့ကို ဝိုင်းအမဲဖျက်တာကို ခံခဲ့ရလို့ ငါဆိုတဲ့ လူသားတစ်ယောက်က ကမ္ဘာပေါ်မှာတောင် ရှိတော့မှာ မဟုတ်ဘူး။
![](https://img.wattpad.com/cover/315348163-288-k890428.jpg)
YOU ARE READING
Royal King Of My Life[Uni+Zawgyi]
FanfictionUnicode ဘယ်သူတွေ ဘာပဲဖြစ်နေပါစေ ကျွန်တော့်အတွက်တော့ Biuကသာ ရှင်ဘုရင်တစ်ပါးပါပဲ Bible General ငါ့မှာ အဖိုးတန်တဲ့ အရာတစ်ခုမှ မရှိပေမယ့် မင်းလိုချင်မယ်ဆိုရင်တော့ ငါ့နှလုံးသားကို မင်းအတွက် ပေးမယ် Build Bible X Build Omegaverse Zawgyi ဘယ်သူတွေ ဘာပဲဖြစ်...