နံပါတ်စိမ်း - Part 4

2.3K 393 19
                                    

Unicode


ထိုလူက စာပြန်လာ၏။

{အဲ့ဒါက ဗီလာအကြီးကြီး။ ငါ့ယောက်ျားက အရမ်းချမ်းသာတာ။ဥယျာဥ်အကြီးကြီးလည်းရှိပြီးတော့ နွေဦးဆို ငါတို့တွေ အဲ့ဒီမှာ ချစ်ရည်လူးတယ်။လုပ်ပြီးသွားရင်လေ ငါတို့တစ်ကိုယ်လုံးက မွှေးကြိုင်နေရော}

"......."

ရှဲ့မြန်သည် ထိုလူ၏ အဓိပ္ပါယ်မရှိစကားများစွာထဲကနေ အရေးကြီးသည့်အချက်ကို မနည်းနှိုက်ယူနေရ၏။ထိုသူ၏ စကားထဲကနေ ဗီလာအပြင်ဘက်မှာ တောင်ပတ်လမ်းတစ်ခုရှိတာကို သူသိလိုက်ရသည်။ခဏလောက်မောင်းသွားပါက လုံးဝန်းနေသည့် မျှော်စင်ရှည်ရှည်ကြီးကိုမြင်ရမည်ဖြစ်သည်။ယင်းက လမ်းအမှတ်အသားတစ်မျိုးပင်။

သူက ကွန်ပျူတာခန်းသော့ကို ငှားကာ ကွန်ပျူတာဖွင့်၍ အွန်လိုင်းမှာ ရှာဖွေကြည့်လိုက်သည်။ သူ တည်နေရာကို အမြန်အဆန်ပင်တွေ့သွား၏။ လက်စသတ်တော့ ယင်းက သူနှင့်တစ်မြို့တည်းပင် ဖြစ်ချေသည်။

ရှဲ့မြန်သည် ဘာကြောင့်ရယ်မှန်းမသိပေမဲ့ သူ့စိတ်ထဲမှာတော့ လက်လျှော့ကာ လွှတ်ချလိုက်ချင်ပြီ ဖြစ်သည်။ အထူးသဖြင့် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရဖို့ အချိန်ကျတော့မှာမလို့ပင်။ သို့သော်လည်း သူသာဘာမှမလုပ်ပါက သူ့ကျန်သည့်သက်တမ်းတစ်လျှောက်လုံး မသက်မသာခံစားရလိမ့်မည်ဟု ထင်နေမိသည်။

သူ အောက်ထပ်ဆင်းလာတော့ ချူကျန်းနှင့် ဆုံမိသွားသည်။ သူ သွားတော့မည့်ဟန်ကိုမြင်တော့ ချူကျန်းက မေးလာ၏။

"အတန်းစတော့မယ်လေ။ မင်း ဘယ်သွားမလို့လဲ"

"တစ်နေရာရာကို"

"ငါ လိုက်ခဲ့မယ်"

"မလိုက်နဲ့။ မင်း အတန်းသွားတက်လိုက်"

ရှဲ့မြန်က မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။

သို့သော်လည်း ချူကျန်းက မရမကဆိုသည်။

"ငါ မင်းနဲ့လိုက်ခဲ့မယ် ဘာပဲဖြစ်ဖြစ် ငါက ဝင်ခွင့်အတွက် ကမ်းလှမ်းခံထားရပြီးသားပဲလေ"

အမ်း...အဲ့ဒါလည်းဟုတ်တာပဲ။ ရှဲ့မြန်မှာ ငြင်းဖို့ ဘာအကြောင်းပြချက်မှ တွေးမရတာကြောင့် နောက်ကလိုက်ခွင့်ပြုရတော့သည်။

နံပါတ်စိမ်း(Unknown Number)[ဘာသာပြန်]Место, где живут истории. Откройте их для себя