2🔄

265 13 4
                                    

'‌ထယ်ယောင်းရေ လန်ဒန်ကမြို့ကြီးတစ်မြို့ပဲအဆောက်အဦးတွေကလည်းအမြင့်ကြီးတွေပြီးအရမ်းကိုမှ ဖွင့်ဖြိုးတဲ့နိုင်ငံဟ
ငါတို့နေတဲ့နေရာမှာဆိုကိုရီးယားမိသားစုဆိုလိုငါတို့ပဲရှိတာ ကျန်တာအားလုံးအင်္ဂလိပ်တွေကြီးပဲ
အစမို့ဘာသာစကားအခက်အခဲတွေရှိတာပေါ့
အကောင်းဆုံးတစ်ခုကိုပြောရရင်ဒီကကျောင်းတွေက ကျောင်းဝတ်စုံဝတ်စရာမလိုဘူး အရောင်အသွေးကိုစုံနေတာပဲ မင်းဆိုရင်သဘောကျမှာ #$& ......'

ဂျီမင်နဲ့ထယ်ယောင်း ဂျောင်ကုပို့တဲ့ပထမဆုံးmailကိုဖတ်နေခြင်းသာ သူပြောတာတော့လန်ဒန်ကဘယ်လိုဘယ်ကြောင်းကိုရီးယားထက်ကောင်းတယ်ပေါ့လေ ထယ်ယောင်းအနေနဲ့တော့

"လန်ဒန်ကလဲ‌ပျင်းစရာကောင်းလိုက်တာကွာ"

ထယ်တစ်ယောက်ကွန်ပျူတာရှေ့mailထိုင်ဖတ်နေရာမှသူတို့နှစ်ယောက်ဆော့ထားသော အရုပ်တွေနားသာသွားထိုင်ဆော့နေတော့သည်
ဂျီမင်ကတော့စိတ်ဝင်တစားကိုဖတ်ပြနေတော့သည်
'လှပပြီးကြီးမားတဲ့မြို့တစ်မြို့ပါဒါပင်မဲ့ ငါအိမ်ဖြစ်တဲ့ကိုရီးယားကိုပဲလွမ်းတယ်ပြီးတော့မင်းကိုရောပဲထယ်...မင်းစာပြန်မှာစောင့်နေပါတယ် စာပြန်ရေးပါဦး....ချစ်တဲ့ဂျောင်ကု'

ဂျီမင်စာဖတ်လို့ပြီးသွားတော့ထယ်ကလက်တစ်ခါခါ ခေါင်းတစ်ခါခါဖြင့်သာ

"ဂျောင်ကုကတော်တော်ပျင်းဖို့ကောင်းလာတာပဲ...အခုဒီမှာသူ့ရဲ့ပျင်းစရာကောင်းတဲ့စာတွေထိုင်ဖတ်နေရမှာလား လုံးဝပဲနော် ငါရေးလဲမရေးနိုင်ဘူး ဖတ်လဲဖတ်မှာမဟုတ်ဘူး"

"ထယ်လေးကလဲမင်းပဲ ဘူတာရုံမှာတုန်းကရေးမယ်ပြောတယ်မှတ်လား"

"ဘယ်တုန်းကပြောတာလဲမပြောမိပါဘူး ငါမရေးဘူးနော်ဂျီမင် ငါအဲ့လိုမျိုးတွေဝါသနာမပါဘူး"

"ထယ်လေးရယ်မင်းတော်တော်ဆိုးနေပါလား ဂျောင်ကုကမင်းကိုဒီလောက်ခင်တဲ့ဟာကို"

"နေစမ်းပါကွာ...ငါကစာထိုင်ရေးရမှာလား ငါ့ကစားတဲ့အချိန်တွေလျော့တယ် ဒီလောက်စိတ်ဝင်စားပြီးရေးချင်နေရင်မင်းဘာ့သာရေး ငါတော့သွားပြီ...ဘိုင့်ဘိုင့်"

Reflection (ရောင်ပြန်ဟပ်မှု)Where stories live. Discover now