1

4K 73 6
                                    

အမုန်းဖွဲ့ရွှေဖူးစာ 🏵️

အပိုင်း ( ၁ )

" မှိုင်း' မင်းဘာပြောလိုက်တယ်
ငါနားမရှင်းလို့ နောက်တစ်ခေါက်လောက်ပြော
ပါအုံး ... "

" ငါ လူသွားခိုးမလို့ ..."

" ဘယ်သူ့ကိုလဲ ဘယ်ကလဲ
ငါသိတဲ့သူထဲကလား ..."

" မင်းမသိပါဘူး ...
ငါတောင်သူ့အကြောင်း ကောင်းကောင်း
မသိရသေးဘူး ဒါပေမယ့် သေချာတာကတော့
ငါသူ့ကို အရမ်းချစ်တယ်ဆိုတာပဲ ..."

" အော် ဘယ်တော့သွားခိုးမှာလဲ ... "

" မနက်ဖြန်ကိုပဲ ငါသွားခိုးမယ် ...
နေစမ်းပါအုံး ဇိုင်း ' မင်းဒီနေ့
တစ်ခြားသူအကြောင်း တော်တော်စိတ်ဝင်စား
နေပါလား ..."

" အဲ့လိုမဟုတ်ပါဘူး ... ကိုကိုက တစ်ခြားသူလား
လေစိမ်းတွေ သိပ်မတိုက်ပါနဲ့ ..."

" အေးပါကွာ အေးပါ ..."

" ကျွန်တော် အဖေ့ကို သွားတွေ့မလို့
ကိုကိုလိုက်အုံးမလား ..."

" ဟင့်အင်း မလိုက်တော့ပါဘူး
ညီ မင်းပဲ သွားလိုက်ပါ ..."

" Ok ဒါဆို ကျွန်တော်သွားပြီ
နှုတ်ဆက်ပါတယ် ..."

" ကောင်းပါပြီ ညီ ..."

ကိုကို ခင်ဗျား ဘယ်သူ့ကို သွားခိုးဖို့စဉ်း
စားနေတာလဲ ပြီးတော့ ကျွန်တော်သိတဲ့သူ
လည်း မဟုတ်ဘူးဆိုပါ့လား ၊ ကိုကိုရာ ခင်ဗျား
ကြောင့်တော့ ကျွန်တော်ရူးရတော့မယ်။
တစ်ခြားတစ်နည်းနည်းနဲ့ ကံကြမ္မာဖန်လို့ရရဲ့သားနဲ့
ဘာကိစ္စနဲ့များ ခင်ဗျားနဲ့ ကျွန်တော်က ညီအစ်ကို
လာတော်နေရတာလဲ ။ စောက်ကံကြမ္မာကိုပဲ
အပြစ်ဆိုချင်တယ် ။

" အဖေ ကျွန်တော်ရောက်ပါပြီ ..."

" အေ ဇိုင်း ထိုင်ကွာ ...
အဖေက မင်းကို တာဝန်တစ်ခုပေးချင်တယ်
ဒီတစ်ခေါက် ကိစ္စက နည်းနည်းတော့
တာဝန်ကြီးတယ်နော် ..."

" ဘယ်လိုတာဝန်မျိုးလဲ
ပြောပါ ..."

" မနက်ဖြန် ကျားတို့အုပ်စုနဲ့ ပစ္စည်းလဲရမယ်
လဲရမယ့်ပစ္စည်းက ဘိန်းဖြူနဲ့ ပြည်ပက ဝင်လာမယ့်
လက်နက်တွေ ... "

You've reached the end of published parts.

⏰ Last updated: Jul 06, 2022 ⏰

Add this story to your Library to get notified about new parts!

အမုန်းဖွဲ့ရွှေဖူးစာWhere stories live. Discover now