(1)

1.4K 130 37
                                    

(Unicode)

"ပြေးစမ်း Park Jimin လွတ်အောင်ပြေးစမ်း"

တောင်ကုန်းပေါ်က ခြုံကြားထဲခြေဦးတည့်ရာပြေးနေရင်း အနောက်ကအသံကြောင့် ကြောက်စိတ်ကပိုအစိုးရလာတော့ သူ့ခြေလှမ်းတွေပိုမြန်လာတယ်။

ပြေးရင်းပြေးနှင့်မှ ခြေချော်ပြီး အနည်းငယ်စောင်းနေတဲ့တောင်ကုန်းအောက် ပြုတ်ကျမည့်အချိန်
အနောက်မှတစ်ခုခုက သူ့ဂုတ်အားဆွဲထားသည်ကိုခံစားမိသည်။

"မင်းသေချင်နေတာလား Park Jimin"

ဘယ်သူမှန်းသိတာမို့ အားကုန်ရုန်းကာ
"လွှတ်! Min Yoongi ကျွန်တော့်ကိုလွှတ်ပေး အခုလွှတ်!"

"မင်း ငါ့ကိုဘယ်လိုခေါ်လိုက်တာလဲ ဟမ်!"

မျက်ထောင့်နီနဲ့ကြည့်ပြီးပြောလာတဲ့လူကြောင့် သူကြက်သီးပင်ထလာသည်။

"Hy.....Hyung"
ကြောက်တဲ့စိတ်ကြောင့် စကားသံကတုန်တုန်ရီရီပင်ဖြစ်လာသည်။

"မင်းခြေထောက်တွေကို တစ်ခုခုလုပ်မှရမယ်ထင်တယ်"

"တောင်း....တောင်းပန်ပါတယ်Hyung ကျွန်တော်ထွက်မပြေးတော့ပါဘူး တောင်းပန်ပါတယ်"

"မင်းပါးစပ်ကိုပိတ်ထားစမ်း! ငါ့ကိုအမိန့်လာပေးမနေနဲ့"

"ကျွန်တော်-"

"ပိတ်ထားလို့ငါပြောနေတယ်လေ"

အရှေ့ကလူကိုတအားကြောက်လာတာမို့ Jiminဘာမှဆက်မပြောတော့ပါ။

ဒီလိုနဲ့ပဲ Yoongi ဆွဲခေါ်ရာနောက်ကို သူပြန်ပါသွားပြန်တယ်။
သူလွတ်မြောက်ပါ့ဦးမလား။

__________________________________________

ခြေထောက်က တုတ်ချောင်းနဲ့ အရိုက်ခံထားရတာကြောင့်ရော အောက်နားကဓားနဲ့အချက်များစွာရှထားတာကြောင့် နာလွန်းလို့ မျက်ရည်ပေါက်ပေါက်ပင်ကျလာသည်။
ဒါတောင်ခြေဖဝါးကို ဓားနဲ့ခွဲဖို့လုပ်သေးတော့ သူ့မှာအသားကုန်ငိုယိုပြီးတောင်းပန်လိုက်ရသေးသည်။
သို့ပေမဲ့ မရပါ Hyungလို့ကျွန်တော်ခေါ်,ခေါ်နေတဲ့ Min Yoongiဆိုတဲ့လူက သူ့စိတ်တိုင်းကျလုပ်သွားသေးသည်။အခုဆိုခြေထောက်တစ်ခုလုံးသွေးတွေပေကျံနေသည်။

You've reached the end of published parts.

⏰ Last updated: Jul 07, 2022 ⏰

Add this story to your Library to get notified about new parts!

Escape[M.Y.G × P.J.M]✔Where stories live. Discover now