(Unicode)
"ပြေးစမ်း Park Jimin လွတ်အောင်ပြေးစမ်း"
တောင်ကုန်းပေါ်က ခြုံကြားထဲခြေဦးတည့်ရာပြေးနေရင်း အနောက်ကအသံကြောင့် ကြောက်စိတ်ကပိုအစိုးရလာတော့ သူ့ခြေလှမ်းတွေပိုမြန်လာတယ်။
ပြေးရင်းပြေးနှင့်မှ ခြေချော်ပြီး အနည်းငယ်စောင်းနေတဲ့တောင်ကုန်းအောက် ပြုတ်ကျမည့်အချိန်
အနောက်မှတစ်ခုခုက သူ့ဂုတ်အားဆွဲထားသည်ကိုခံစားမိသည်။"မင်းသေချင်နေတာလား Park Jimin"
ဘယ်သူမှန်းသိတာမို့ အားကုန်ရုန်းကာ
"လွှတ်! Min Yoongi ကျွန်တော့်ကိုလွှတ်ပေး အခုလွှတ်!""မင်း ငါ့ကိုဘယ်လိုခေါ်လိုက်တာလဲ ဟမ်!"
မျက်ထောင့်နီနဲ့ကြည့်ပြီးပြောလာတဲ့လူကြောင့် သူကြက်သီးပင်ထလာသည်။
"Hy.....Hyung"
ကြောက်တဲ့စိတ်ကြောင့် စကားသံကတုန်တုန်ရီရီပင်ဖြစ်လာသည်။"မင်းခြေထောက်တွေကို တစ်ခုခုလုပ်မှရမယ်ထင်တယ်"
"တောင်း....တောင်းပန်ပါတယ်Hyung ကျွန်တော်ထွက်မပြေးတော့ပါဘူး တောင်းပန်ပါတယ်"
"မင်းပါးစပ်ကိုပိတ်ထားစမ်း! ငါ့ကိုအမိန့်လာပေးမနေနဲ့"
"ကျွန်တော်-"
"ပိတ်ထားလို့ငါပြောနေတယ်လေ"
အရှေ့ကလူကိုတအားကြောက်လာတာမို့ Jiminဘာမှဆက်မပြောတော့ပါ။
ဒီလိုနဲ့ပဲ Yoongi ဆွဲခေါ်ရာနောက်ကို သူပြန်ပါသွားပြန်တယ်။
သူလွတ်မြောက်ပါ့ဦးမလား။__________________________________________
ခြေထောက်က တုတ်ချောင်းနဲ့ အရိုက်ခံထားရတာကြောင့်ရော အောက်နားကဓားနဲ့အချက်များစွာရှထားတာကြောင့် နာလွန်းလို့ မျက်ရည်ပေါက်ပေါက်ပင်ကျလာသည်။
ဒါတောင်ခြေဖဝါးကို ဓားနဲ့ခွဲဖို့လုပ်သေးတော့ သူ့မှာအသားကုန်ငိုယိုပြီးတောင်းပန်လိုက်ရသေးသည်။
သို့ပေမဲ့ မရပါ Hyungလို့ကျွန်တော်ခေါ်,ခေါ်နေတဲ့ Min Yoongiဆိုတဲ့လူက သူ့စိတ်တိုင်းကျလုပ်သွားသေးသည်။အခုဆိုခြေထောက်တစ်ခုလုံးသွေးတွေပေကျံနေသည်။