1🤍 ချည်နှောင်ခြင်းကင်းမဲ့လေသော 🤍
Part 🤍1
ဒီနှစ်နွေဦးက အရင်နှစ်နွေဦးတွေထက်
ပို လှပသည်ဟု သူမြင်သည်။ အကြောင်း
ကား အဒေါ်ဖြစ်သူအရင်နှစ်မိုးတွင်း
တွေကစိုက်ထားသော ဘဏ္ဍာပင်ကြီး
သုံးပင်က အိမ်ရှေ့မှာ ဝဲဝဲဝိုက်ဝိုက်
နှင့်နေရာယူထားတာကြောင့်။ဘဏ္ဍာဆိုသည့်အပင်မျိုးသည်
အကိုင်းတွေထောင်မတက်ပဲ လှလှ
လေးနှင့်ဝဲ၍ထွက်ခြင်းကြောင့် လူချမ်း
သာတွေကအလှစ်ိုက်ကြတာများသည်။နောက်ပြီး တစ်ခြားအလှစိုက်အပင်
တွေထက် ပိုအသုံးတည့်သွားခြင်း
က ဘဏ္ဍာသီး၏အစေ့ကထုစား
လို့ရသည်။စိမ့်စိမ့်လေးပင်..။
လူဆယ်ယောက်မှာ ရှစ်ယောက်က
နွေဦးဘယ်လောက်လှလှ ပူလောင်
ခြင်းအစမို့မကြိုက်ကြပေမဲ့ သူက
တော့ နွေဦးကို အချစ်ဆုံး..။အေးချမ်းပြီး နှင်းမှုန်တွေနဲ့လှတဲ့
ဆောင်းမနက်ကို ရန်ထိပ်ချွန် စိတ်
မဝင်စားပါ။ မိုးရေစက်လက်
တဖွဲဖွဲရွာသွန်းနေတဲ့ မိုးရာသီ
ဖန်သားပြင်ကိုလည်း မကြိုက်။ရွှံ့ထူပြီး နေရထိုင်ရတာစိုစို
စွတ်စွတ်နှင့်..။ဒီလို မှန်ပြတင်းနားရပ်ပြီးနွေဦး
အလှကို စီးကရက်တစ်လိပ်အဖော်
ပြုပြီးငေးရသည့်အရသာက ဘယ်
လိုကောင်းမှန်းမသိ။ ဟိုဘက်ခြံက
အုန်းပင်ပေါ်ကလား? ဒါမှမဟုတ်
နှစ်လမ်းကျော်က ပိတောက်ပင်
အိုကြီးကလားတော့ သူသေချာ
မပြောနိုင်။ထိုအပင်နှစ်ပင်ဆီက တစ်ပင်ပင်
ဆီကတော့ဖြစ်လိမ့်မည်။ ဥသြ
အော်သံ ငြိမ့်ညောင်းညောင်းက
ဘယ်လိုနားထောင်ထောင်ရိုးအီမ
သွားပေ။နောက်ပြီး နွေဥသြ၏အဖော်
ပိတောက်ဝါဝါတွေကိုလည်း အခု
နောက်ပိုင်း သတိတရဖြစ်လာသည်။ဘယ်အချိန်ဖူးပြီးပွင့်လာမလဲဆို
သည့်မျှော်လင့်ချက်လေးနှင့်ထို
ပင်အိုကြီးကို ဒီပြတင်းကရီဝေဝေ
ငေးကြည့်နေရသည့်အရသာက
လျှာဖျားကလာတာမဟုတ်သည့်
အရသာမျိုးပင်။သူသိပ်ချစ်သော နွေဦး..။
"ဟူး.."
ပြာထူနေပြီဖြစ်သည့်စီးကရက်အား
နောက်ဆုံးအနေဖြင့် ဖွာရှိုက်လိုက်
သည်။ မှုတ်ထုတ်လိုက်သောစီးက
ရက်အငွေ့တွေက ရှေ့နီးနီးလေးမှ
မှန်နံရံအား တစ်လုံးတစ်ရင်းပြေး
ရိုက်သည်။