"ကိုကြီးးးးး"
လူပျိုပေါက်မို့ ခပ်ဩဩအသံက ပီပြင်နေပြီဖြစ်ပါသော်ငြား ဆွဲဆွဲငင်ငင်ခေါ်လိုက်သည့် လေယူလေသိမ်းကြောင့် ဂျုံဆောင်းကျောပြင်သည် မတ်ခနဲဖြစ်သွားရသည်။ တစ်ဆက်တည်းမှာပဲ အကြောင်းသိစွာဂျုံဆောင်းဘက်ကို လှည့်ကြည့်လာကြသည့် ကျောင်းသားကျောင်းသူတွေ။ ပတ်ဆောင်းဟွန်း၏ အသည်းအသန်ဖြစ်နေမှုများသည် campusတစ်ခွင်လုံး မသိတဲ့သူမရှိလောက်အောင် ဟိုးလေးတကျော်ကျော်။ အရှက်ပြေသွားဖြဲပြလိုက်ရသော်လည်း ဂျုံဆောင်းရင်ထဲတွင်တော့ ပန်းများပွင့်ဖူးမနေပါ။ စာကြည့်တိုက်တံခါးဝတွင် ဘောင်ကိုမှီကာရပ်နေသောအကောင်ပေါက်လေးဆီကို အကြည့်စူးစူးတို့ပို့လိုက်တော့လည်း မဖြုံပေ။ သွားထပ်ကလေးများပေါ်အောင်ပင် ပြုံးရယ်ပြနေသေးပြန်သည်။
"လာ သွားမယ်။ ကိုကြီးက ငုတ်တုတ်ကြီးမေ့နေတာလား။ သားကိုလည်း မျက်စောင်းတွေထိုးပြီးတော့"
ဘေးတွင်ထိုင်နေသော ဆောနူကိုမျက်စပစ်ပြလိုက်ပါသော်လည်း အားကိုးရသည့်ဂျူနီယာလေးမှာတော့ မသိချင်ယောင်ဆောင်ကာ လျစ်လျူရှုလျက်။ အစောကအထိ သူနားမလည်၍ရှင်းပြပေးပါဟုဆိုကာ ငိုကြီးချက်မနှင့်ရောက်လာသည့်သူမဟုတ်သည့်အတိုင်း။ ဂျုံဆောင်းအာပေါက်မတတ်ရှင်းပြခဲ့ရသော Anatomyစာအုပ်ကြီးကိုသာ ပေါက်ထွက်မတတ်ကြည့်နေပြန်သည်။ ထိုကလေးပေါက်စနှင့်ပေါင်းပြီး ဂျုံဆောင်းကိုအနိုင်ကျင့်နေသလားတောင် ထင်မှတ်ရသည်။
"ဟို... ဟိုဟာလေ... ဆောင်းဟွန်း အစ်ကိုမနက်ဖြန် tutorial ဖြေဖို့ရှိ..."
"ဖြေမနေနဲ့။ ဒယ်ဒီသင်တဲ့ဘာသာဖြေရမှာမလား။ သားနဲ့ ဒိတ်ရမှာမို့ ကိုကြီးစာမေးပွဲလာဖြေဖို့မအားလို့ ခွင့်ပေးပါဆိုပြီး သားပြောပေးပြီးသား။ စိတ်ချ"
ပတ်ဂျုံဆောင်းတို့ Pre-Clinical Year 2ကို ကျသည်ဟုသတင်းကြားရပါလျှင် သေချာပေါက် ပတ်ဆောင်းဟွန်းကြောင့်သာ ဖြစ်သည်။ ပြုံးပြုံးကြီးနှင့် ဂျုံဆောင်းလက်ကိုလည်း မလွတ်တမ်းကိုင်ထားပြီး နောက်လက်တစ်ဖက်က လက်မတထောင်ထောင်နှင့်ပြောနေသည့်ပုံစံမှာ ဂျုံဆောင်းသွေးတွေ ပြောင်းပြန်စီးပြီး ဦးနှောက်အထိတက်စောင့်စေဖို့ လုံလောက်သည်။ ကလေးသာသာ ခွေးသာသာအရွယ်လေးနှင့် ပြိုင်မပြောချင်တော့သည်ကြောင့် မျက်ဖြူသာလန်လိုက်ရတော့သည်။

YOU ARE READING
pov : when a babe falls into you a lil' too much | sungjeng
Fanfictionthe title says it all :3 park sunghoon + park jongseong (jay) a jayhoon one shot written in Burmese!