2 weeks later.....
"မိုးသောက် အန်တီစိမ်းနဲ့တွဲလုပ်ရတာ အဆင်ပြေရဲ့လား"
"ဟုတ်..ဟုတ် ပြေပါတယ်တီစိမ်း"
"အေးပါကွယ် အန်တီနဲ့က အသက်တအားကွာနေတော့ မင်းနေရထိုင်ရခတ်နေမလား စိုးရိမ်တာပါ"
"အဆင်ပြေပါတယ် တီစိမ်းရဲ့ "
"အော် ဒီည party တစ်ခုတက်ရမယ်နော်"
"ဗျာ ကျွန်တော်ကောလား"
"အေးပေါ့ Partner နဲ့ တူတူတက်ရမှာလေ ဘာလို့လဲ သွားစရာရှိလို့လား"
"အာ မဟုတ် မဟုတ်ပါဘူး ရပါတယ် နည်းနည်းလန့်သွားတာဗျ "
"ဟုတ်ပါပီ အာ့ဆို ည၆နာရီမှဆုံမယ် စိမ်းပြန်ပီနော်"
"ဟုတ် တီစိမ်း"စိမ်း အိမ်ပြန်ရောက်တော့ ၃နာရီခွဲတော့မယ်
"အချိန်မရတော့ဘူး မြန်မြန်ပြင်ဆင်ရမယ်"ပြောပြောဆိုဆို အပေါ်ထပ်ပြေးတက်ပီး ရေချိုးခေါင်းလျှော်လိုက်တယ် အဖြူရောင်ဇာကိုရင်ခံလေးနဲ့ရိုးရိုးလေးကို၀တ်ပီး ဇာထမိန်ကိုဒူးထိဘဲအစခံထားတယ် ပတ္တမြားဘယက်(စာလုံးပေါင်းမှားရင်သည်းခံပါ)လေးကို ဖြူ၀င်းတဲ့လည်တိုင်မှာချိတ်ဆွဲထားလိုက်တယ်
အဖြူပေါ်မှာ ထင်းနေတဲ့ပတ္တမြား make up ကိုလဲ ပါးပါးလေးသာချယ်သပီး နှုတ်ခမ်းအတွင်းသားလေးတွေကိုသာ ရဲရဲလေးဆိုးထားတယ် ခေါင်းလျှော်ထားလို့ ဆံပင်မထုံးဘဲ ချထားလိုက်ပီး မှန်ရှေ့မှာ ယုံကြည်မှုအပြည့်နဲ့အပြုံးပန်းဆင်ထားတယ်အနောက်တိုင်း၀တ်စုံကို smart ကျကျ၀တ်ဆင်ထားတဲ့မိုးသောက် စိမ်းနဲ့စိတ်ချင်းဆက်နေသလား အဖြူရောင်ကိုမှ ကြက်သွေးရောင်ကော်လံနဲ့ ဆံပင်ကိုသေချာ spray နဲ့ဖြန်းထားပီး တည်ကြည်တဲ့ရုပ်ရည်
"အော် စိမ်းတို့ပါလား "
"ဟုတ်တယ် မမ မမဒီနေ့အရမ်းလှနေတယ်နော်"
"အမလေး မဟုတ်တာ စိမ်းကသာမင်းသမီး ကြည့်စမ်း အကုန်ငေးနေကြပီ "
"ဟာ မမကလဲ တော်ပါတော့ စိမ်းရှက်တောင်လာပီ"
"ဟားဟား မရှက်ပါနဲ့တော်ရယ်"
"အော် ဒါနဲ့ မမ ဒါ မမလတ်ရဲ့သား မိုးသောက်ယံတဲ့ မိုးသောက်ဒါ စိမ်းရဲ့ကျေးဇူးရှင် ဒေါမမမိုးတဲ့"
"အော် လတ်ရဲ့သားလေးလား စိမ်းဆီမှာပညာသင်နေတယ်ကြားတယ် ခုမှသေချာမြင်ဖူးတော့တယ် လူချောလေးဘဲ"
"ဟုတ်ကဲ့ အန်တီ ကျေးဇူးပါဗျ"
"အန်တီမခေါ်ပါနဲ့ မမလို့ခေါ်ပါ တို့အသက်မကြီးချင်သေးဘူး"
"အာ ဟုတ် "
"ကဲ စိမ်း လွတ်လွတ်လပ်လပ်နေနော် မမသွားနှုတ်ဆက်လိုက်အုန်းမယ်"
"ဟုတ်ပါပီရှင် စိတ်ချစိတ်ချ "
YOU ARE READING
Ma Ma Sane🍀
Romance#မောင်ကသိပ်ဆိုးတယ် မမမှာမိသားစုရှိပါတယ်ဆိုတာကို ရှေ့ဆက်တိုးနေတယ် #မမရယ် မောင့်မှာပိုင်ဆိုင်ခွင့်မရှိဘူးလား မမကိုမောင်မရရင် ဟိုလူကြီးလဲမကိုမပိုင်ဆိုင်ရဘူး မောင်ဖျက်ဆီးပြမယ် #18+ ပါ ကြမ်းမယ် ရိုင်းမယ် ပွင့်လင်းမယ်🔞🔞 အိမ်ထောင်ရေးကိုအသားပေးရေးထားလို့...